413 Shares 97 Views

Google Assistant ပါတဲ့ OnePlus ရဲ႕ Bullets Wireless Headphone

May 17, 2018
413 97

OnePlus 6 မွာ 3.5mm နားၾကပ္ေပါက္ကို ဖယ္ရွားထားျခင္း မရွိေပမယ့္ ကုမၸဏီက သူ႔ရဲ႕ Bullets Heaphones အတြက္ Wireless Version ကို မိတ္ဆက္လိုက္ပါတယ္။ နားၾကပ္ ႏွစ္ခုကို ႀကိဳးျဖင့္ ခ်ိတ္ဆက္ထားၿပီး အသံုးမျပဳတဲ့ အခါမွာ နားၾကပ္ႏွစ္ခုကို သံလုိက္စြမ္းအင္ျဖင့္ ကပ္ထားႏုိင္ပါတယ္။ အဲဒီလိုလုပ္ရင္ စြမ္းအင္ သက္သာေစဖို႔ နားၾကပ္ကို ပိတ္ထား ေပးမွာျဖစ္ပါတယ္။

နားၾကပ္ဟာ အသံအရည္အေသြး ေကာင္းမြန္ေစဖို႔အတြက္ aptX ကို ေထာက္ပံ့ပါတယ္။ သင့္ နားစည္သို႔ အသံကို လမ္းညႊန္ေပးတဲ့ Energy Tubes ပါတဲ့ 9.2 mm Drivers ထည့္ေပးထားပါတယ္။ နားၾကပ္ကို သတၱဳ မဟုတ္တဲ့ ျဒပ္ထုမ်ားျဖင့္ တည္ေဆာက္ထားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ရွင္းလင္းၿပီး အရည္အေသြး ေကာင္းတဲ့ အသံကို ပံ့ပိုးေပးမယ္လို႔ ကုမၸဏီက ေျပာပါတယ္။

နားၾကပ္မွ အလယ္ခလုတ္ကို ဖိထားရင္ Google Assistant ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ကို ဆင့္ေခၚႏုိင္ပါတယ္။ နားၾကပ္မွာလည္း OnePlus Phones မ်ားမွာလို လွ်င္ျမန္စြာ အားသြင္းေပးတဲ့ Dash Charge နည္းပညာ ပါပါတယ္။ ၁၀ မိနစ္ အားသြင္းထားရင္ ၅ နာရီၾကာ သီခ်င္းမ်ား နားဆင္ႏုိင္ပါတယ္။ အားအျပည့္သြင္းထားရင္ ၈ နာရီ အသံုးခံပါတယ္။ အျခား ဘလူးတု နားၾကပ္မ်ားစြာမွာလို microUSB မသံုးထားဘဲ Bullets မွာ USB-C ကို အသံုးျပဳထားပါတယ္။ USB-C ကေန အားသြင္းရမွာ ျဖစ္ပါတယ္။

Bullets Wireless Headphone ဟာ ေရစိုခံပါတယ္။ ေရထဲႏွစ္လို႔ေတာ့ မရပါဘူး။ မိုးအနည္းငယ္ ရြာရင္ ၀တ္ဆင္ႏုိင္ပါတယ္။ ဇြန္လ ၅ ရက္ေန႔မွာ ၆၉ ေဒၚလာျဖင့္ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Ref : gsmarena

unicode

Google Assistant ပါတဲ့ OnePlus ရဲ့ Bullets Wireless Headphone

OnePlus 6 မှာ 3.5mm နားကြပ်ပေါက်ကို ဖယ်ရှားထားခြင်း မရှိပေမယ့် ကုမ္ပဏီက သူ့ရဲ့ Bullets Heaphones အတွက် Wireless Version ကို မိတ်ဆက်လိုက်ပါတယ်။ နားကြပ် နှစ်ခုကို ကြိုးဖြင့် ချိတ်ဆက်ထားပြီး အသုံးမပြုတဲ့ အခါမှာ နားကြပ်နှစ်ခုကို သံလိုက်စွမ်းအင်ဖြင့် ကပ်ထားနိုင်ပါတယ်။ အဲဒီလိုလုပ်ရင် စွမ်းအင် သက်သာစေဖို့ နားကြပ်ကို ပိတ်ထား ပေးမှာဖြစ်ပါတယ်။

နားကြပ်ဟာ အသံအရည်အသွေး ကောင်းမွန်စေဖို့အတွက် aptX ကို ထောက်ပံ့ပါတယ်။ သင့် နားစည်သို့ အသံကို လမ်းညွှန်ပေးတဲ့ Energy Tubes ပါတဲ့ 9.2 mm Drivers ထည့်ပေးထားပါတယ်။ နားကြပ်ကို သတ္တု မဟုတ်တဲ့ ဒြပ်ထုများဖြင့် တည်ဆောက်ထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ရှင်းလင်းပြီး အရည်အသွေး ကောင်းတဲ့ အသံကို ပံ့ပိုးပေးမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

နားကြပ်မှ အလယ်ခလုတ်ကို ဖိထားရင် Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်နိုင်ပါတယ်။ နားကြပ်မှာလည်း OnePlus Phones များမှာလို လျှင်မြန်စွာ အားသွင်းပေးတဲ့ Dash Charge နည်းပညာ ပါပါတယ်။ ၁၀ မိနစ် အားသွင်းထားရင် ၅ နာရီကြာ သီချင်းများ နားဆင်နိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၈ နာရီ အသုံးခံပါတယ်။ အခြား ဘလူးတု နားကြပ်များစွာမှာလို microUSB မသုံးထားဘဲ Bullets မှာ USB-C ကို အသုံးပြုထားပါတယ်။ USB-C ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။

Bullets Wireless Headphone ဟာ ရေစိုခံပါတယ်။ ရေထဲနှစ်လို့တော့ မရပါဘူး။ မိုးအနည်းငယ် ရွာရင် ဝတ်ဆင်နိုင်ပါတယ်။ ဇွန်လ ၅ ရက်နေ့မှာ ၆၉ ဒေါ်လာဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ

Ko Thuya - Aug 21, 2018

ေရွာင္မီက Pocophone F1 အမည္ရ စမတ္ဖုန္း အသစ္ကို ဖန္တီးေနတဲ့ သတင္းမ်ား မၾကာခဏ ထြက္ေပၚလာပါတယ္။ သူ႔ကို ယခုလ ၂၂ ရက္ေန႔မွာ အိႏၵိယမွာ ေၾကညာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အခုေတာ့ Geekbench မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာၿပီး…

နယ္သာလန္မွ Apple Store တစ္ခုမွာ iPad ေပါက္ကြဲမႈ ျဖစ္ပြား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ္သာလန္မွ Apple Store တစ္ခုမွာ iPad ေပါက္ကြဲမႈ ျဖစ္ပြား

Ko Thuya - Aug 21, 2018

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က နယ္သာလန္ ႏိုင္ငံ အမ္စတာဒမ္မွ Apple Store တစ္ခုမွာ အိုင္ပတ္ တစ္လံုး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္။ ဒါဟာ ဘက္ထရီ ျပႆနာ သို႔မဟုတ္ အပူလြန္ကဲမႈေၾကာင့္ ျဖစ္တယ္လို႔ နယ္သာလန္မွ မီဒီယာတစ္ခု ျဖစ္တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ႕ တရားဝင္ထြက္ရွိလာျပီျဖစ္တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares77 views

Waterdrop Notch ပါ Display နဲ႕ တရားဝင္ထြက္ရွိလာျပီျဖစ္တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ႕ ကိုယ္ပိုင္ Digital Assistant ျဖစ္တဲ့ Jovi က ေျပာထားတဲ့အတိုင္း Vivo X23 ဖုန္းဟာ ယေန႕၊ ၾသဂုတ္လ ၂၀ ရက္ေန႕မွာ တရားဝင္ထြက္ရွိလာျပီ ျဖစ္ပါတယ္။ Vivo ရဲ႕ တရုတ္ႏိုင္ငံဝဘ္ဆိုဒ္ကေန တရားဝင္ထြက္ရွိလာတာျဖစ္ျပီး၊…

Leave a Comment

Most from this category