1844 Shares 361 Views
May 17, 2018
1844 361
Ref : gsmarena
unicode
Notch နဲ့ 4K Video ရိုက်ကူးနိုင်တဲ့ ကင်မရာပါတဲ့ OnePlus 6 ကို တရားဝင် ကြေညာပြီ
OnePlus 6 ကိုတော့ တရားဝင်ကြေညာလိုက်ပါပြီ။ သူ့မှာ ၆.၂၈ လက်မ Optic AMOLED Display တပ်ဆင်ထားပြီး OnePlus ထုတ်လုပ်ခဲ့ဖူးသမျှဖုန်းထဲမှာ မျက်နှာပြင် အကြီးဆုံး ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပြီး မျက်နှာပြင် အထက်မှာ Notch ပါပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 1080x2280p ဖြစ်ပြီး sRGB , DCI-P3 တို့ကို ထောက်ပံ့ပါတယ်။
အနောက်မှ ပင်မ ကင်မရာ ဖြစ်တဲ့ 16MP က 4K @ 60 fps Video များကို ရိုက်ကူးနိုင်ပါတယ်။ ဒါဟာ ၂၀၁၈ ထုတ် ဖုန်းများထဲမှာတောင် ရှားပါးပါတယ်။ HD Resolution ဖြင့် 480 fps Slow-Mo Video များကို ဖမ်းယူပေးပါတယ်။ OnePlus5 Series များမှာ ဖယ်ရှားထားခဲ့တဲ့ OIS လည်း ပြန်လည် ထည့်ပေးထားပါတယ်။ အနောက်မှာ အပို 20MP Camera ထည့်ပေးထားပါတယ်။ Smart Capture က သင် ရိုက်ကူးနေတဲ့ အရာအပေါ်မူတည်၍ ဓါတ်ပုံ အရည်အသွေးကို အလိုအလျှောက် မြှင့်တင်ပေးပါတယ်။ HDR စွမ်းရည်ဟာလည်း ပိုမို ကောင်းလာပါတယ်။
Selfie Camera က AI ကို အသုံးပြု၍ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများကို ဖမ်းယူပေးပါတယ်။ ဖုန်းကို ဝ.၄ စက္ကန့်အတွင်းမှာ Unlock လုပ်ပေးပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ဆန်ဆာကိုလည်း ထည့်ထားပါတယ်။ ကိုယ်ထည်ကို ဖန်နဲ့ သတ္တုဖြင့် ပေါင်းစပ်တည်ဆောက်ထားပါတယ်။ Mirror Black , Midnight Black , Silk White တို့ကို ရွေးချယ်နိုင်ပါတယ်။ ရေစိုခံစွမ်းရည် ပါလာပေမယ့် IP စံနှုန်းကို မသိရသေးပါဘူး။
Snapdragon 845 Chipset , 6GB or 8GB RAM များ ပါပါတယ်။ microSD Slot မပါပါဘူး။ ဘက်ထရီက 3300mAh ဖြစ်ပြီး Dash Charge ပါပါတယ်။ အနောက်ကို ဖန်ဖြင့်ဖုံးအုပ်ထားပေမယ့် ကြိုးမဲ့အားသွင်း နည်းပညာ မပါပါဘူး။ 6/64GB Model ကို ၅၂၉ ဒေါ်လာ၊ 8/128GB Model ကို ၅၇၉ ဒေါ်လာနဲ့ 8/256GB Model ကို ၆၂၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မေလ ၂၂ ရက်နေ့မှာ စတင် ရောင်းပေးမှာပါ။ Silk White ကတော့ အထူးထုတ် မော်ဒယ်ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့မှ ရောင်းမှာပါ။
Ref : gsmarena
You may be interested
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Ko Thuya - May 26, 2018
World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…
Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views
Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Nwe Oo - May 26, 2018
[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…
သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares41 views
သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
Ko Thuya - May 26, 2018
သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…
Leave a Comment
Most from this category