97 Shares 36 Views

လူသားေတြကို အက်ိဳးျပဳေနတဲ့ စက္ရုပ္မ်ား

May 16, 2018
97 36

စက္ရုပ္ေတြဟာ လူသားေတြရဲ႕ အလုပ္ေတြကို လုယူေတာ့မယ္ပဲ ေျပာေျပာ၊ လူသားေတြရဲ႕ ကိုယ္ေရးလက္ေထာက္ေတြ ျဖစ္လာမယ္လို႔ပဲ ေျပာေျပာ၊ ကမာၻႀကီးကို ဖ်က္ဆီးလိိမ့္မယ္ပဲ ေျပာေျပာ ကြ်န္ေတာ္တို႔ လူသားေတြဟာ စက္ရုပ္ေတြနဲ႔ ရင္းႏွီးကြ်မ္း၀င္ခဲ့တာ ဆယ္စုႏွစ္မ်ားစြာ ၾကာခဲ့ပါၿပီ။ လက္ရွိမွာေတာ့ စက္ရုပ္မ်ားဟာ လူသားမ်ားကို မ်ားစြာ အက်ိဳးျပဳေနပါတယ္။

Inkha

Matthew Walker က ၂၀၀၂ ခုႏွစ္မွာ တည္ေဆာက္ခဲ့တဲ့ Inkha စက္ရုပ္ဟာ King’s College London ကိုလာတဲ့ ဧည့္သည္မ်ားအတြက္ ဧည့္ႀကိဳ အျဖစ္ တာ၀န္ထမ္းေဆာင္ေပးေနပါတယ္။ သူက ထိေတြ႕မ်က္ႏွာျပင္ကေန ဧည့္သည္မ်ားရဲ႕ ေမးခြန္းမ်ားကို ေျဖဆိုႏိုင္ပါတယ္။ သူ႔ရဲ႕ ကင္မရာကေန လူေတြကို ျမင္ႏုိင္ၿပီး ဖက္ရွင္နဲ႔ပတ္သက္တဲ့ အၾကံေပးမႈမ်ားကိုေတာင္ ျပဳလုပ္ႏုိင္ပါတယ္။ တကယ့္ ဧည့္ႀကိဳမ်ားလိုပဲ ဧည့္သည္ပါးတဲ့ အခ်ိန္မွာ ပ်င္းရိေနတတ္ပါေသးတယ္။

YuMi

YuMi က လူသားေတြရဲ႕ အလုပ္ေတြကို လုယူႏုိင္တဲ့ စက္ရုပ္ အလုပ္သမားပါ။ သူ႔ရဲ႕ လက္မ်ားကို လူသားေတြရဲ႕လက္လို စြမ္းေဆာင္ရည္ျမင့္မားေအာင္ ပံုစံထုတ္ထားပါတယ္။ သူ႔ရဲ႕ လက္မ်ားက အလြန္တိက်တဲ့အတြက္ ကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ားမွာ အသံုး၀င္ပါတယ္။ အထူးသျဖင့္ ေသးငယ္တဲ့ ကိရိယာမ်ားနဲ႔ ထိေတြ႕လုပ္ကိုင္တဲ့အခ်ိန္မွာ သူက အလြန္ တိက်ပါတယ္။ သူဟာ လူသားေတြနဲ႔ အလုပ္အတူတူ လုပ္ဖို႔လည္း စိတ္ခ်ရပါတယ္။

REEM

စပိန္ အေျခစိုက္ PAL Robotics က တီထြင္ထားတဲ့ REEM က ပရိုမိုးရွင္းပြဲမ်ားနဲ႔ အျခားပြဲမ်ားမွာ ၀န္ေဆာင္မႈေပးတဲ့ စက္ရုပ္ပါ။ သူက ဧည့္သည္မ်ားကို ႏႈတ္ခြန္းဆက္သျခင္း၊ လမ္းညႊန္ေပးျခင္းမ်ားကို ျပဳလုပ္ေပးႏုိင္ပါတယ္။ သူ႔ရဲ႕ ရင္ဘတ္မွ ထိေတြ႕မ်က္နွာျပင္ကေန ဧည့္သည္မ်ားရဲ႕ ေမးခြန္းမ်ားကို ေျဖဆိုႏုိင္ပါတယ္။

Kaspar

Kaspar ကေတာ့ ကေလးအေဖာ္ စက္ရုပ္ျဖစ္ၿပီး ၿဗိတိန္ရွိ University of Hertfordshire က တီထြင္ထားတာ ျဖစ္ပါတယ္။ သူဟာ ကေလးတစ္ေယာက္နဲ႔တူတဲ့ စက္ရုပ္ျဖစ္ၿပီး ကေလး အ၀တ္အစားမ်ားကိုလည္း ၀တ္ဆင္ေပးထားပါတယ္။ လူေတြနဲ႔ ေပါင္းသင္းဆက္ဆံဖို႔ ခက္ခဲတဲ့ Autism ေ၀ဒနာရွင္ ကေလးငယ္မ်ားအတြက္ အေထာက္အကူျပဳဖို႔ သူ႔ကို ပံုစံထုတ္ထားပါတယ္။ သူက ကေလးငယ္မ်ား လူေတြနဲ႔ ေပါင္းသင္းဆက္ဆံတတ္ေအာင္ သင္ၾကားေပးပါတယ္။

ASIMO

Honda Motor Company က ၂၀၀၀ ခုႏွစ္ကတည္းက တီထြင္ထားတာ ျဖစ္ၿပီး တစ္ျဖည္းျဖည္း စြမ္းရည္ျမင့္မားလာတဲ့ စက္ရုပ္ ျဖစ္ပါတယ္။ လူသားေတြရဲ႕ လႈပ္ရွားသြားလာပံုနဲ႔ ဆင္တူေအာင္ ပံုစံထုတ္ထားပါတယ္။ ASIMO ဟာ ကမာၻအ၀န္းမွ လူသားေတြကို အံ့အားသင့္ေစခဲ့တဲ့ စက္ရုပ္လည္း ျဖစ္ပါတယ္။ သူဟာ သိပၸံ ရုပ္ရွင္ကားေတြထဲကလို အနာဂတ္မွာ လူေတြရဲ႕ အေဖာ္စက္ရုပ္ျဖစ္လာႏိုင္ပါတယ္။

Harry

Harry ကေတာ့ အလုပ္တစ္ခုပဲ လုပ္တတ္ပါတယ္။ သူ႔ရဲ႕ အလုပ္က ေလမႈတ္ကိရိယာတစ္ခု ျဖစ္တဲ့ Trumpet မႈတ္ၿပီး ေဖ်ာ္ေျဖတာပါ။ Toyota Motor Company က ၂၀၀၅ ခုႏွစ္မွာ တီထြင္ထားတာ ျဖစ္ပါတယ္။ ပေရာ္ဖက္ရွင္နယ္ တစ္ေယာက္လို သာယာၿငိမ့္ေညာင္းတဲ့ ေတးဂီတသံမ်ားျဖင့္ ေဖ်ာ္ေျဖႏိုင္ေအာင္ သူ႔ရဲ႕ ႏႈတ္ခမ္းမ်ားကို ေကြးညႊတ္ေပ်ာ့ေျပာင္းေအာင္ ဖန္တီးထားပါတယ္။

iCub

ကြ်န္ေတာ္တို႔က ဥာဏ္ရည္တု နည္းပညာျဖင့္ စက္ရုပ္ေတြကို လူသားေတြ အေၾကာင္း သင္ေပးႏုိင္သလို စက္ရုပ္ေတြကလည္း လူသားေတြ အေၾကာင္း စူးစမ္းေလ့လာရင္း ကြ်န္ေတာ္တို႔ မသိေသးတဲ့ အေၾကာင္းအရာေတြကို တစ္ဖန္ ျပန္လည္ သင္ေပးႏုိင္မွာပါ။ အဲဒီ အိုင္ဒီယာျဖင့္ iCub ကိို တီထြင္ထားတာ ျဖစ္ပါတယ္။ သူ႔ကို ကေလး အျပဳအမူ အတိုင္း လိုက္လုပ္ႏုိင္တဲ့ ကေလးငယ္ စက္ရုပ္ အျဖစ္ ဖန္တီးထားတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ လက္၊ အဆစ္မ်ားနဲ႔ အေရျပားမွာ Sensor မ်ား တပ္ဆင္ထားပါတယ္။ အဲဒီ Sensors မ်ားကို အသံုးျပဳ၍ သူဟာ ကေလးငယ္တစ္ေယာက္လို လူေတြကို ဆက္ဆံႏုိင္ပါတယ္။ သူက သုေတသနပညာရွင္မ်ားကိုေတာင္ လူသားေတြအေၾကာင္း ျပန္လည္ သင္ၾကားေပးႏုိင္ပါတယ္။

ROSA

ROSA ဟာ Open Source Robot ျဖစ္ၿပီး လူသားေတြရဲ႕ လႈပ္ရွားမႈ ပံုသ႑ာန္အတိုင္း သြားလာႏုိင္ေအာင္ ဖန္တီးထားပါတယ္။ တစ္နည္းအားျဖင့္ သူဟာ ASIMO နဲ႔ ဆင္တူပါတယ္။ လူသားေတြရဲ႕ ၾကြက္သားမ်ား၊ အရိုးပံုသ႑ာန္မ်ား အတိုင္း သူ႕ကို တည္ေဆာက္ထားပါတယ္။ လူေတြရဲ႕ လႈပ္ရွားမႈနဲ႔ တူညီေအာင္ ပလတ္စတစ္ အရိုးျငမ္းမ်ားကို အသံုးျပဳထားပါတယ္။ ျပင္သစ္မွ Rob Knight က ၂၀၁၀ ခုႏွစ္မွာ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

Kodomoroid

Kodomoroid ဟာ မိန္းမပ်ိဳေလးနဲ႔ တူတဲ့ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႕ကို လူေတြနဲ႔ ဆက္သြယ္ေဆာင္ရြက္ဖို႔ ပံုစံထုတ္ထားပါတယ္။ သူက သတင္းမ်ားကို အမူအယာမ်ားျဖင့္ ဖတ္ျပႏိုင္သလို ေျခ၊ လက္နဲ႔ ကိုယ္ခႏၱာ လႈပ္ရွားမႈမ်ားကလည္း လူနဲ႔ အလြန္ ဆင္တူပါတယ္။ အိုဆာကာ တကၠသိုလ္နဲ႔ ATR Laboratories တို႔က ၂၀၁၄ ခုႏွစ္မွာ တီထြင္ထားတာ ျဖစ္ပါတယ္။

ref : tech radar

unicode

လူသားတွေကို အကျိုးပြုနေတဲ့ စက်ရုပ်များ

စက်ရုပ်တွေဟာ လူသားတွေရဲ့ အလုပ်တွေကို လုယူတော့မယ်ပဲ ပြောပြော၊ လူသားတွေရဲ့ ကိုယ်ရေးလက်ထောက်တွေ ဖြစ်လာမယ်လို့ပဲ ပြောပြော၊ ကမ္ဘာကြီးကို ဖျက်ဆီးလိမ့်မယ်ပဲ ပြောပြော ကျွန်တော်တို့ လူသားတွေဟာ စက်ရုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ လက်ရှိမှာတော့ စက်ရုပ်များဟာ လူသားများကို များစွာ အကျိုးပြုနေပါတယ်။

Inkha

Matthew Walker က ၂၀၀၂ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Inkha စက်ရုပ်ဟာ King’s College London ကိုလာတဲ့ ဧည့်သည်များအတွက် ဧည့်ကြို အဖြစ် တာဝန်ထမ်းဆောင်ပေးနေပါတယ်။ သူက ထိတွေ့မျက်နှာပြင်ကနေ ဧည့်သည်များရဲ့ မေးခွန်းများကို ဖြေဆိုနိုင်ပါတယ်။ သူ့ရဲ့ ကင်မရာကနေ လူတွေကို မြင်နိုင်ပြီး ဖက်ရှင်နဲ့ပတ်သက်တဲ့ အကြံပေးမှုများကိုတောင် ပြုလုပ်နိုင်ပါတယ်။ တကယ့် ဧည့်ကြိုများလိုပဲ ဧည့်သည်ပါးတဲ့ အချိန်မှာ ပျင်းရိနေတတ်ပါသေးတယ်။

YuMi

YuMi က လူသားတွေရဲ့ အလုပ်တွေကို လုယူနိုင်တဲ့ စက်ရုပ် အလုပ်သမားပါ။ သူ့ရဲ့ လက်များကို လူသားတွေရဲ့လက်လို စွမ်းဆောင်ရည်မြင့်မားအောင် ပုံစံထုတ်ထားပါတယ်။ သူ့ရဲ့ လက်များက အလွန်တိကျတဲ့အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှာ အသုံးဝင်ပါတယ်။ အထူးသဖြင့် သေးငယ်တဲ့ ကိရိယာများနဲ့ ထိတွေ့လုပ်ကိုင်တဲ့အချိန်မှာ သူက အလွန် တိကျပါတယ်။ သူဟာ လူသားတွေနဲ့ အလုပ်အတူတူ လုပ်ဖို့လည်း စိတ်ချရပါတယ်။

REEM

စပိန် အခြေစိုက် PAL Robotics က တီထွင်ထားတဲ့ REEM က ပရိုမိုးရှင်းပွဲများနဲ့ အခြားပွဲများမှာ ဝန်ဆောင်မှုပေးတဲ့ စက်ရုပ်ပါ။ သူက ဧည့်သည်များကို နှုတ်ခွန်းဆက်သခြင်း၊ လမ်းညွှန်ပေးခြင်းများကို ပြုလုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ ရင်ဘတ်မှ ထိတွေ့မျက်နှာပြင်ကနေ ဧည့်သည်များရဲ့ မေးခွန်းများကို ဖြေဆိုနိုင်ပါတယ်။

Kaspar

Kaspar ကတော့ ကလေးအဖော် စက်ရုပ်ဖြစ်ပြီး ဗြိတိန်ရှိ University of Hertfordshire က တီထွင်ထားတာ ဖြစ်ပါတယ်။ သူဟာ ကလေးတစ်ယောက်နဲ့တူတဲ့ စက်ရုပ်ဖြစ်ပြီး ကလေး အဝတ်အစားများကိုလည်း ဝတ်ဆင်ပေးထားပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲတဲ့ Autism ဝေဒနာရှင် ကလေးငယ်များအတွက် အထောက်အကူပြုဖို့ သူ့ကို ပုံစံထုတ်ထားပါတယ်။ သူက ကလေးငယ်များ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင် သင်ကြားပေးပါတယ်။

ASIMO

Honda Motor Company က ၂၀၀၀ ခုနှစ်ကတည်းက တီထွင်ထားတာ ဖြစ်ပြီး တစ်ဖြည်းဖြည်း စွမ်းရည်မြင့်မားလာတဲ့ စက်ရုပ် ဖြစ်ပါတယ်။ လူသားတွေရဲ့ လှုပ်ရှားသွားလာပုံနဲ့ ဆင်တူအောင် ပုံစံထုတ်ထားပါတယ်။ ASIMO ဟာ ကမ္ဘာအဝန်းမှ လူသားတွေကို အံ့အားသင့်စေခဲ့တဲ့ စက်ရုပ်လည်း ဖြစ်ပါတယ်။ သူဟာ သိပ္ပံ ရုပ်ရှင်ကားတွေထဲကလို အနာဂတ်မှာ လူတွေရဲ့ အဖော်စက်ရုပ်ဖြစ်လာနိုင်ပါတယ်။

Harry

Harry ကတော့ အလုပ်တစ်ခုပဲ လုပ်တတ်ပါတယ်။ သူ့ရဲ့ အလုပ်က လေမှုတ်ကိရိယာတစ်ခု ဖြစ်တဲ့ Trumpet မှုတ်ပြီး ဖျော်ဖြေတာပါ။ Toyota Motor Company က ၂၀၀၅ ခုနှစ်မှာ တီထွင်ထားတာ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် တစ်ယောက်လို သာယာငြိမ့်ညောင်းတဲ့ တေးဂီတသံများဖြင့် ဖျော်ဖြေနိုင်အောင် သူ့ရဲ့ နှုတ်ခမ်းများကို ကွေးညွှတ်ပျော့ပြောင်းအောင် ဖန်တီးထားပါတယ်။

iCub

ကျွန်တော်တို့က ဉာဏ်ရည်တု နည်းပညာဖြင့် စက်ရုပ်တွေကို လူသားတွေ အကြောင်း သင်ပေးနိုင်သလို စက်ရုပ်တွေကလည်း လူသားတွေ အကြောင်း စူးစမ်းလေ့လာရင်း ကျွန်တော်တို့ မသိသေးတဲ့ အကြောင်းအရာတွေကို တစ်ဖန် ပြန်လည် သင်ပေးနိုင်မှာပါ။ အဲဒီ အိုင်ဒီယာဖြင့် iCub ကို တီထွင်ထားတာ ဖြစ်ပါတယ်။ သူ့ကို ကလေး အပြုအမူ အတိုင်း လိုက်လုပ်နိုင်တဲ့ ကလေးငယ် စက်ရုပ် အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်၊ အဆစ်များနဲ့ အရေပြားမှာ Sensor များ တပ်ဆင်ထားပါတယ်။ အဲဒီ Sensors များကို အသုံးပြု၍ သူဟာ ကလေးငယ်တစ်ယောက်လို လူတွေကို ဆက်ဆံနိုင်ပါတယ်။ သူက သုတေသနပညာရှင်များကိုတောင် လူသားတွေအကြောင်း ပြန်လည် သင်ကြားပေးနိုင်ပါတယ်။

ROSA

ROSA ဟာ Open Source Robot ဖြစ်ပြီး လူသားတွေရဲ့ လှုပ်ရှားမှု ပုံသဏ္ဍာန်အတိုင်း သွားလာနိုင်အောင် ဖန်တီးထားပါတယ်။ တစ်နည်းအားဖြင့် သူဟာ ASIMO နဲ့ ဆင်တူပါတယ်။ လူသားတွေရဲ့ ကြွက်သားများ၊ အရိုးပုံသဏ္ဍာန်များ အတိုင်း သူ့ကို တည်ဆောက်ထားပါတယ်။ လူတွေရဲ့ လှုပ်ရှားမှုနဲ့ တူညီအောင် ပလတ်စတစ် အရိုးငြမ်းများကို အသုံးပြုထားပါတယ်။ ပြင်သစ်မှ Rob Knight က ၂၀၁၀ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Kodomoroid

Kodomoroid ဟာ မိန်းမပျိုလေးနဲ့ တူတဲ့ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ကို လူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ပုံစံထုတ်ထားပါတယ်။ သူက သတင်းများကို အမူအယာများဖြင့် ဖတ်ပြနိုင်သလို ခြေ၊ လက်နဲ့ ကိုယ်ခန္တာ လှုပ်ရှားမှုများကလည်း လူနဲ့ အလွန် ဆင်တူပါတယ်။ အိုဆာကာ တက္ကသိုလ်နဲ့ ATR Laboratories တို့က ၂၀၁၄ ခုနှစ်မှာ တီထွင်ထားတာ ဖြစ်ပါတယ်။

ref : tech radar

You may be interested

Xiaomi Mi Max 3 ကို ဇူလိုင္လမွာ မိတ္ဆက္ႏိုင္ဖြယ္ရွိ
Android, Mobiles & Tablets, NEWS
0 shares0 views

Xiaomi Mi Max 3 ကို ဇူလိုင္လမွာ မိတ္ဆက္ႏိုင္ဖြယ္ရွိ

Tha Ra - May 23, 2018

[Zawgyi] Xiaomi အေနနဲ႔ သူတို႔ရဲ႕ ထုတ္ကုန္အသစ္ေတြကို ေမလကုန္ေလာက္မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ Xiaomi ရဲ႕ CEO ျဖစ္သူ Lei Jun ကလည္း ဒီလကုန္မွာ သူတို႔ရဲ႕ ထုတ္ကုန္အသစ္ေတြ မိတ္ဆက္မယ့္ အေၾကာင္းကို Weibo ကေန…

ေမာင္းသူမဲ့ ကားမ်ားရဲ႕ ယာဥ္တိုက္မႈမ်ားေၾကာင့္ စားသံုးသူမ်ား ယံုၾကည္မႈ က်ဆင္းဟု စစ္တမ္းက ေဖာ္ျပ
Automobiles, NEWS
0 shares4 views

ေမာင္းသူမဲ့ ကားမ်ားရဲ႕ ယာဥ္တိုက္မႈမ်ားေၾကာင့္ စားသံုးသူမ်ား ယံုၾကည္မႈ က်ဆင္းဟု စစ္တမ္းက ေဖာ္ျပ

Ko Thuya - May 23, 2018

ေမာင္းသူမဲ့ ကားမ်ားရဲ႕ ယာဥ္တိုက္မႈမ်ား ျဖစ္ပြားခဲ့ၿပီး လူႏွစ္ဦး ေသဆံုးခဲ့ၿပီးေနာက္မွာ အဲဒီကားမ်ားကို စားသံုးသူမ်ားက ယံုၾကည္မႈ က်ဆင္းလာေနတယ္လို႔ စစ္တမ္းတစ္ခုက ေဖာ္ျပထားပါတယ္။ အေမရိကန္ လူမ်ိဳးမ်ားရဲ႕ ၇၃ ရာခုိင္ႏႈန္းက အဲဒီကားမ်ားကို စီးဖုိ႔ ေၾကာက္ေနၾကတယ္လို႔ ေျဖဆိုၾကပါတယ္။ ၂၀၁၇ ခုႏွစ္မွာ AAA…

Xiaomi က Mi 8 ကို ေမလ ၃၁ ရက္ေန႔မွာ ေၾကညာမယ္လို႔ အတည္ျပဳလိုက္ၿပီ
Android, HUBS, Mobiles & Tablets
499 shares102 views

Xiaomi က Mi 8 ကို ေမလ ၃၁ ရက္ေန႔မွာ ေၾကညာမယ္လို႔ အတည္ျပဳလိုက္ၿပီ

Ko Thuya - May 23, 2018

ေရွာင္မီက ယခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်မယ့္ စမတ္ဖုန္းရဲ႕ အမည္ကို Mi 7 လို႔ မေပးဘဲ ကုမၸဏီ တည္ေထာင္တာ ၈ ႏွစ္ျပည့္ အထိမ္းအမွတ္ အျဖစ္ Mi 8 လို႔ အမည္ေပးထားမယ္ဆိုတဲ့ သတင္းမ်ား ယခင္က ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့…

Leave a Comment

Most from this category