87 Shares 51 Views

အဝတ္အစားနဲ႔လိုက္ဖက္တဲ့အေရာင္ကုိ စိတ္ၾကိဳက္ေျပာင္းႏုိင္တဲ့ လက္ကုိင္အိတ္အမိုက္စားေတြ

May 17, 2018
87 51

[Zawgyi]

ဒီတစ္ပတ္မိတ္ဆက္ေပးခ်င္တာကေတာ့ အိတ္ေတြခဏခဏဝယ္ရတဲ့ကိုယ္တို႔မိန္းကေလးေတြအတြက္ အဆင္ေျပေစမယ့္ အိတ္ေလးတစ္လံုးပါ။ ပုရိသတို႔လည္း ကိုယ့္ေကာင္မေလးကို ဒီလိုအိတ္လန္းလန္းေလးဝယ္ေပးဖို႔ ဆႏၵရိွၾကရင္ေပါ့..

VanDerWaals ဆုိတဲ့ လက္ကိုင္အိတ္ကုမၸဏီကေန ဖက္ရွင္၊ နည္းပညာ၊ function စတဲ့ သံုးခုကိုေပါင္းစပ္ထားတဲ့အိတ္ေလးတစ္လံုးမိတ္ဆက္ခဲ့ပါတယ္။ https://van-der-waals.com/products မွာဝင္ၾကည့္ႏုိင္ပါတယ္။

VanDerWaals လက္ကုိင္အိတ္ေတြကို အေကာင္းဆံုး သားေရ၊ ပစၥည္းေတြနဲ႔ဖန္တီးထားျပီး လက္ကိုင္အိတ္တစ္လံုးစီတုိင္းက မိန္းကေလးေတြအေနနဲ႔ ကိုယ့္ခံစားခ်က္ကိုပါ ေဖာ္ျပေပးႏုိင္မွာဆုိေတာ့ စိတ္ဝင္စားဖို႔ေတာ့ေကာင္းပါတယ္။ (ဒီအၾကံေလးက ဒီအိတ္ကုိဖန္တီးလိုက္တဲ့ပိုင္ရွင္ရဲ႕သမီးေလးဆီကေန ရလာတဲ့အၾကံပါတဲ့)

App တစ္ခုနဲ႔ပဲ ခ်ိတ္ဆက္ထိန္းခ်ဳပ္သြားျပီး ကိုယ္ၾကိဳက္တဲ့အေရာင္ကို ဖုန္းရဲ႕ app ထဲကေနေရြးေပးလုိက္တာနဲ႔ အိတ္ရဲ႕အေရာင္ေျပာင္းသြားပါလိမ့္မယ္။ ကိုယ့္အဝတ္အစား၊ဖိနပ္၊ ပတ္ဝန္းက်င္နဲ႔လုိက္ဖက္မယ့္အေရာင္မ်ိဳး ကိုယ္တုိင္ေရြးေျပာင္းႏုိင္သလို ဝမ္းနည္းတာ ေပ်ာ္ရႊင္တာ စတဲ့ ျဖစ္ေနတဲ့ခံစားခ်က္ေတြကိုေရြးေပးလိုက္ရင္လည္း အဲ့အတုိင္းအေရာင္ေျပာင္းေပးသြားမွာပါ။

ကိုယ္ဝတ္ထားတဲ့အဝတ္အစား ဖိနပ္ကိုဓာတ္ပံုရုိက္ျပီးေတာ့လည္း အဲ့ဒီအေရာင္အတိုင္း အတိအက်အေရာင္ေျပာင္းလု႔ိလည္းရႏုိင္မွာပါ။ ေနာက္တစ္ခုက ကိုယ္ၾကိဳက္တဲ့သီခ်င္းတစ္ပုဒ္ကိုေရြးျပီး သီခ်င္းတီးလံုးအတိုင္း အေရာင္စံုကိုေျပာင္းေပးႏုိင္ပါေသးတယ္။ ဖုန္းဝင္လာရင္လည္း သိရေအာင္ အေရာင္ေရြးထားလို႔ရတာေၾကာင့္ ဖုန္းလာတာမသိတာဘာညာမ်ိဳးေတြမျဖစ္ေတာ့ဘူးေပါ့။ (ေအာက္မွာ ဗီဒီယုိေလးျပေပးထားပါတယ္)

လက္ကိုင္အိတ္ကို ဒီလိုအေရာင္စံုေျပာင္းလို႔ရတာအျပင္ ေနာက္တစ္ခုက စမတ္ဖုန္းေတြ တက္ဘလက္ေတြကို အားသြင္းေပးႏုိင္တာက အားသာခ်က္ပါ။ အိတ္မွာပါတဲ့ အားသြင္းၾကိဳးကို ဖုန္းမွာတပ္လိုက္ရံုနဲ႔အားသြင္းေပးႏုိင္မွာျဖစ္ျပီး အိတ္ရဲ႕ဘက္ထရီကေတာ့ အိမ္ေရာက္မွအားျပန္သြင္းလည္းရပါတယ္။ ဒီအိတ္ရဲ႕ internal battery က iPhone 6 တစ္လံုးကို ၃ၾကိမ္ေလာက္ထိေတာင္ အားသြင္းေပးႏုိင္ပါတယ္တဲ့။

ဒီအမိုက္စား လက္ကုိင္အိတ္ေတြကေတာ့ pattern အမ်ိဳးမ်ိဳးနဲ႔ထြက္ျပီး စတုိင္လ္ကေတာ့၃မ်ိဳးလာပါတယ။္ အိတ္ၾကီးၾကီးကေတာ့ Caroline လက္ကိုင္အိတ္ျဖစ္ျပီး သူ႔ထက္နည္းနည္းေသးတဲ့ လက္ကုိင္အိတ္ (cross body bag) ကိုေတာ့ Elena လုိ႔ေခၚပါတယ္။ အေသးဆံုးကေတာ့ Flora ေဘးလြယ္အိတ္ေလးပါ။

ေစ်းႏႈန္းေတြကေတာ့ Caroline လက္ကုိင္အိတ္ၾကီးကို $699, Elena လက္ကုိင္အိတ္အလတ္စားေလးကို $499 နဲ႔ အေသးဆံုး ေဘးလြယ္အိတ္ Flora Shoulder Bag ေလးကေတာ့ $299 ပဲရိွပါတယ္။ ေလဒီတို႔အတြက္ အိတ္ကလည္း ေကာင္းေကာင္း အေရာင္လည္းမထပ္ဘဲ ၾကိဳက္တဲ့အဝတ္အစားနဲ႔လြယ္လို႔ရမယ့္အိတ္ကေလးကိုညႊန္းပါဆိုရင္ေတာ့ ကိုယ္ကေတာ့ ဒါေလးကိုညႊန္းခ်င္ပါတယ္။

[Unicode]

ဒီတစ်ပတ်မိတ်ဆက်ပေးချင်တာကတော့ အိတ်တွေခဏခဏဝယ်ရတဲ့ကိုယ်တို့မိန်းကလေးတွေအတွက် အဆင်ပြေစေမယ့် အိတ်လေးတစ်လုံးပါ။ ပုရိသတို့လည်း ကိုယ့်ကောင်မလေးကို ဒီလိုအိတ်လန်းလန်းလေးဝယ်ပေးဖို့ ဆန္ဒရှိကြရင်ပေါ့..

VanDerWaals ဆိုတဲ့ လက်ကိုင်အိတ်ကုမ္ပဏီကနေ ဖက်ရှင်၊ နည်းပညာ၊ function စတဲ့ သုံးခုကိုပေါင်းစပ်ထားတဲ့အိတ်လေးတစ်လုံးမိတ်ဆက်ခဲ့ပါတယ်။ https://van-der-waals.com/products မှာဝင်ကြည့်နိုင်ပါတယ်။

VanDerWaals လက်ကိုင်အိတ်တွေကို အကောင်းဆုံး သားရေ၊ ပစ္စည်းတွေနဲ့ဖန်တီးထားပြီး လက်ကိုင်အိတ်တစ်လုံးစီတိုင်းက မိန်းကလေးတွေအနေနဲ့ ကိုယ့်ခံစားချက်ကိုပါ ဖော်ပြပေးနိုင်မှာဆိုတော့ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ (ဒီအကြံလေးက ဒီအိတ်ကိုဖန်တီးလိုက်တဲ့ပိုင်ရှင်ရဲ့သမီးလေးဆီကနေ ရလာတဲ့အကြံပါတဲ့)

App တစ်ခုနဲ့ပဲ ချိတ်ဆက်ထိန်းချုပ်သွားပြီး ကိုယ်ကြိုက်တဲ့အရောင်ကို ဖုန်းရဲ့ app ထဲကနေရွေးပေးလိုက်တာနဲ့ အိတ်ရဲ့အရောင်ပြောင်းသွားပါလိမ့်မယ်။ ကိုယ့်အဝတ်အစား၊ဖိနပ်၊ ပတ်ဝန်းကျင်နဲ့လိုက်ဖက်မယ့်အရောင်မျိုး ကိုယ်တိုင်ရွေးပြောင်းနိုင်သလို ဝမ်းနည်းတာ ပျော်ရွှင်တာ စတဲ့ ဖြစ်နေတဲ့ခံစားချက်တွေကိုရွေးပေးလိုက်ရင်လည်း အဲ့အတိုင်းအရောင်ပြောင်းပေးသွားမှာပါ။

ကိုယ်ဝတ်ထားတဲ့အဝတ်အစား ဖိနပ်ကိုဓာတ်ပုံရိုက်ပြီးတော့လည်း အဲ့ဒီအရောင်အတိုင်း အတိအကျအရောင်ပြောင်းလု့ိလည်းရနိုင်မှာပါ။ နောက်တစ်ခုက ကိုယ်ကြိုက်တဲ့သီချင်းတစ်ပုဒ်ကိုရွေးပြီး သီချင်းတီးလုံးအတိုင်း အရောင်စုံကိုပြောင်းပေးနိုင်ပါသေးတယ်။ ဖုန်းဝင်လာရင်လည်း သိရအောင် အရောင်ရွေးထားလို့ရတာကြောင့် ဖုန်းလာတာမသိတာဘာညာမျိုးတွေမဖြစ်တော့ဘူးပေါ့။ (အောက်မှာ ဗီဒီယိုလေးပြပေးထားပါတယ်)

လက်ကိုင်အိတ်ကို ဒီလိုအရောင်စုံပြောင်းလို့ရတာအပြင် နောက်တစ်ခုက စမတ်ဖုန်းတွေ တက်ဘလက်တွေကို အားသွင်းပေးနိုင်တာက အားသာချက်ပါ။ အိတ်မှာပါတဲ့ အားသွင်းကြိုးကို ဖုန်းမှာတပ်လိုက်ရုံနဲ့အားသွင်းပေးနိုင်မှာဖြစ်ပြီး အိတ်ရဲ့ဘက်ထရီကတော့ အိမ်ရောက်မှအားပြန်သွင်းလည်းရပါတယ်။ ဒီအိတ်ရဲ့ internal battery က iPhone 6 တစ်လုံးကို ၃ကြိမ်လောက်ထိတောင် အားသွင်းပေးနိုင်ပါတယ်တဲ့။

ဒီအမိုက်စား လက်ကိုင်အိတ်တွေကတော့ pattern အမျိုးမျိုးနဲ့ထွက်ပြီး စတိုင်လ်ကတော့၃မျိုးလာပါတယ။် အိတ်ကြီးကြီးကတော့ Caroline လက်ကိုင်အိတ်ဖြစ်ပြီး သူ့ထက်နည်းနည်းသေးတဲ့ လက်ကိုင်အိတ် (cross body bag) ကိုတော့ Elena လို့ခေါ်ပါတယ်။ အသေးဆုံးကတော့ Flora ဘေးလွယ်အိတ်လေးပါ။

ဈေးနှုန်းတွေကတော့ Caroline လက်ကိုင်အိတ်ကြီးကို $699, Elena လက်ကိုင်အိတ်အလတ်စားလေးကို $499 နဲ့ အသေးဆုံး ဘေးလွယ်အိတ် Flora Shoulder Bag လေးကတော့ $299 ပဲရှိပါတယ်။ လေဒီတို့အတွက် အိတ်ကလည်း ကောင်းကောင်း အရောင်လည်းမထပ်ဘဲ ကြိုက်တဲ့အဝတ်အစားနဲ့လွယ်လို့ရမယ့်အိတ်ကလေးကိုညွှန်းပါဆိုရင်တော့ ကိုယ်ကတော့ ဒါလေးကိုညွှန်းချင်ပါတယ်။

You may be interested

Huawei က Watch GT စမတ္နာရီကို ေၾကညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ္နာရီကို ေၾကညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည္ရ စမတ္နာရီကို ေၾကညာလိုက္ပါတယ္။ နာရီဟာ ဘက္ထရီ သက္တမ္း အလြန္ေကာင္းၿပီး ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာေပးႏုိင္ပါတယ္။ သူ႔မွာ Cortex-M4 Chipset ထည့္သြင္းထားပါတယ္။ ႏွလံုးခုန္ႏႈန္း တိုင္းတာျခင္းနဲ႔ GPS မ်ားကို မသံုးရင္ ဘက္ထရီ…

Lenovo က တန္ဖိုးနည္း A5 ကို မိတ္ဆက္
Android, HUBS, Lenovo
0 shares0 views

Lenovo က တန္ဖိုးနည္း A5 ကို မိတ္ဆက္

Ko Thuya - Oct 17, 2018

လီႏိုဗိုက အိႏၵိယမွာ တန္ဖုိးနည္း စမတ္ဖုန္းမ်ားကို ေၾကညာလိုက္ပါတယ္။ အဲဒီအထဲမွာ A5 လည္း ပါ၀င္ၿပီး ေခတ္စားေနတဲ့ Notch ေတာ့ မပါပါဘူး။ A5 ရဲ႕ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ႔ 3GB/32GB Model…

Huawei Mate 20 X နဲ႔ Porsche Design Mate 20 RS တို႔ကို ေၾကညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ႔ Porsche Design Mate 20 RS တို႔ကို ေၾကညာ

Ko Thuya - Oct 17, 2018

ဟြာေ၀းက အရြယ္ႀကီး Mate 20 X နဲ႔ တန္ဖိုးႀကီး Porsche Design Mate 20 RS တို႔ကို ေၾကညာလုိက္ပါတယ္။ Mate 20 X မွာ ၇.၂ လက္မ မ်က္ႏွာျပင္၊ 5000mAh Battery…

Leave a Comment

Most from this category