929 Shares 164 Views
May 16, 2018
929 164
[Zawgyi]
Ref: indianexpress
[Unicode]
Samsung Galaxy A8 Star နဲ့ A8 Lite တို့ကို မကြာခင် မိတ်ဆက်နိုင်ဖွယ်ရှိ
Samsung Galaxy A8 Star နဲ့ A8 Lite တို့ရဲ့ အချက်အလက်တွေဟာ တရုတ်နိုင်ငံရဲ့ 3C (Compulsory Certification of China) Certification ဝက်ဆိုက် ကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကျွမ်းကျင် ပညာရှင်များကတော့ ၄င်း မော်ဒယ် ၂မျိူး စလုံးကို မကြာမီ မိတ်ဆက်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။ 5gmobilephone ရဲ့ အဆိုအရ Galaxy A8 Star နဲ့ A8 Lite တို့ကို မေလ ၂၁ရက် နေ့မှာ မိတ်ဆက်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။
Galaxy A8 Star ရဲ့ မော်ဒယ် နံပါတ်က SM-G8850 ဖြစ်ပြီး Galaxy A8 Lite ရဲ့ မော်ဒယ် နံပါတ်ကတော့ SM-G8750 ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ၄င်း မော်ဒယ် ၂မျိူး စလုံးရဲ့ အချက်အလက် တစ်ချိူ့ဟာ တရုတ်နိုင်ငံရဲ့ Certification ဝက်ဆိုက် တစ်ခုဖြစ်တဲ့ TENAA ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့ပါတယ်။ မော်ဒယ် ၂မျိူး စလုံးရဲ့ Specification တွေကို အတိအကျ မသိရသေးပေမယ့် အမြန်အားသွင်းစနစ် ပါဝင်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။
Galaxy A8 Star နဲ့ A8 Lite တို့ဟာ Mid-range စမတ်ဖုန်း အမျိူးအစားများ ဖြစ်ကြပြီး Qualcomm ရဲ့ Snapdragon 660 SoC ကို အသုံးပြုထားနိုင်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်နိုင်ပြီး Memory Storage အတွက် 64GB ထည့်သွင်းပေးထားနိုင်ပါတယ်။ Operating System အပိုင်းမှာတော့ Android 8.0 Oreo နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။
Galaxy A8 Star ရဲ့ Display အပိုင်းအတွက် Resolution 1080 x 2220 pixel ပါဝင်တဲ့ ၆.၂၈ လက်မ မျက်နှာပြင် အကျယ်ရှိ Super AMOLED Display ကို အသုံးပြုထားနိုင်ပါတယ်။ နောက်ကျောဘက်မှာ 16MP+24MP Dual Camera Setup ကို ဒေါင်လိုက် တပ်ဆင်ထားပြီး ရှေ့ဘက် မျက်နှာပြင်မှာတော့ 24MP Camera ကို တပ်ဆင်ထားနိုင်ဖွယ် ရှိပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3700mAh ပါဝင်နိုင်ပါတယ်။ တစ်ချိူ့ကလည်း Galaxy A8 Star ဟာ ၅.၈ လက်မ မျက်နှာပြင် အကျယ်ရှိပြီး 3000mAh ဘက်ထရီ ပါဝင်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
တစ်ဖက်မှာလည်း SM-G8750 ဟာ Galaxy S9 Mini ဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။ တချိူ့ကတော့ SM-G8850 ကသာ Galaxy S9 Mini ဖြစ်နိုင်သလို Galaxy S8 Lite လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြောဆို ငြင်းခုန် နေကြပါတယ်။ အဓိက တရားခံကတော့ Samsung ပါ။ စမတ်ဖုန်း နာမည်ကို Mini တွေရော၊ Lite တွေပါ ရှုပ်ယှက်ခတ်အောင် ပေးထားတော့ ကျွမ်းကျင် ပညာရှင်တွေပါ တိုင်ပတ်ကုန်ပါပြီ။ SM-G8850 ဟာ Galaxy A8 Star ဖြစ်လာ မလား၊ Galaxy S9 Mini ဖြစ်လာ မလား ဆိုတာကိုတော့ တရားဝင် မိတ်ဆက်တဲ့ နေ့ကိုဘဲ စောင့်မျှော် ရှု့စားရမှာ ဖြစ်ပါတယ်။
Ref: indianexpress
You may be interested
Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ
Android, Mobiles & Tablets, NEWS
0 shares0 views
Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ
Tha Ra - May 23, 2018
[Zawgyi] Xiaomi အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေကို မေလကုန်လောက်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကလည်း ဒီလကုန်မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်မယ့် အကြောင်းကို Weibo ကနေ…
မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Automobiles, NEWS
0 shares4 views
မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Ko Thuya - May 23, 2018
မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ အဲဒီကားများကို စားသုံးသူများက ယုံကြည်မှု ကျဆင်းလာနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အမေရိကန် လူမျိုးများရဲ့ ၇၃ ရာခိုင်နှုန်းက အဲဒီကားများကို စီးဖို့ ကြောက်နေကြတယ်လို့ ဖြေဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ AAA…
Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Android, HUBS, Mobiles & Tablets
499 shares102 views
Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Ko Thuya - May 23, 2018
ရှောင်မီက ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ အမည်ကို Mi 7 လို့ မပေးဘဲ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 8 လို့ အမည်ပေးထားမယ်ဆိုတဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့…
Leave a Comment
Most from this category