217 Shares 73 Views
မြေပုံသစ် feature သစ်တွေနဲ့ထွက်လာပြီဖြစ်တဲ့ PUBG Mobile update
May 16, 2018
217 73
[Zawgyi]
[Unicode]
PlayerUnknown’s BattleGrounds (PUBG Mobile) ကတော့ feature အသစ်တွေနဲ့ 0.5.0 update version ကိုမိတ်ဆက်လိုက်ပါပြီး
ပထမဆုံး feature တော့ Miramar ေြမပုံသစ်ပါ။ ကားသစ် ယာဉ်သစ်တွေနဲ့ လက်နက်အသစ်တွေလည်း ထပ်ထည့်ပေးထားပါတယ်။ လောလောဆယ် Arcade Mode မှာတော့ ဒီမြေပုံသစ်ကိုမရသေးပါဘူး။
နောက် feature တွေကတော့ progress နဲ့ mission ေတွပါ။ ကိုယ်ကစားတဲ့အပေါ်လိုက်ပြီး အဆင့်တွေတက်တဲ့အခါ ဆုတွေ (rewards) တွေပေးသွားမှာပါ။ level တက်အဆင့်တက်သွားတာနဲ့ မစ်ရှင်အသစ်(progress missions) တွေလာမှာဖြစ်ပြီး အပတ်စဉ်တိုင်းမှာလည်း မစ်ရှင်(activity mission) တွေလာဦးမှာပါ။
Progress mission တွေအောင်ရင်တော့ in-game BP (Battle Point) တွေများများရမှာဖြစ်ပြီး ကိုယ့် BP တွေကို တခြားတစ်ယောက်ကိုပေးလို့လည်း ရနိုင်ပါပြီ။ ဒီ update မှာနောက်ထပ် ထပ်ပါလာတာက local quick team feature လေးပါ။ ကိုယ့်နားမှာ တူတူ PUBG Mobile ဆော့နေတဲ့သူတွေရှိရင် ဂဏန်း၆လုံးကုဒ်ရိုက်ပြီး သူတို့နဲ့အဖွဲ့ဖွဲ့ဆော့လို့ရနိုင်ပါတယ်။ အရင်လို နာမည် username တွေရိုက်ရှာပြီး အလုပ်မရှုပ်အောင် လုပ်ပေးထားတာပါ။
နောက်ဆုံးအနေနဲ့ ဘာသာစကားအလိုက်သတ်မှတ်ထားတဲ့ chat-channel တွေ၊ Season 2 ကိုရောက်ရင် အဆင့်တစ်ဆင့်တက်တိုင်းရမယ့် rewards တွေ၊ အဝတ်အစားတွေ item တွေကြည့်ဖို့ ဝယ်ဖို့ ဆိုင်နဲ့  အထူးလျှော့ဈေးချထားတဲ့ item တွေကိုဝယ်နိုင်မယ့် Secret Stash စတာတွေ ဒီ update မှာမြင်ရတော့မှာပါ။
ဒီ update အသစ်မှာတော့  နိုင်ငံတွေ အလံတွေရွေးနိုင်တာမျိုးမပါသေးပါဘူး။ first-person perspective လည်းမပါသေးပေမယ့် နောက်ထပ် update တွေမှာတော့ ထည့်ပေးလာမယ့်ပုံပါပဲ။
ခုချိန် Play Store ရော iTunes မှာပါဒေါင်းလို့ရနိုင်ပြီဖြစ်ပြီး ကျွန်တော်ဒေါင်းတာတော့ Android မှာ 1GB ကျော်ပါတယ်။ Xbox One သမားတွေတောင် မရသေးဘဲ Android နဲ့ iOS တွေအတွက် အရင်ဆုံးထွက်ပေးလိုက်တာပါ။ အခုပဲ update ေဒါင်းပြီး ဆော့ကြရအောင်…
PUBG MOBILE ဒေါင်းရန် —-> Android
PUBG MOBILE ဒေါင်းရန် —-> iOS
Ref: PhoneArena, AndroidAuthority, Twitter
You may be interested
Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views
Huawei က Watch GT စမတ်နာရီကို ကြေညာ
Ko Thuya - Oct 17, 2018
Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…
Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views
Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Ko Thuya - Oct 17, 2018
လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…
Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views
Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Ko Thuya - Oct 17, 2018
ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…
Leave a Comment
Most from this category