649 Shares 238 Views
May 16, 2018
649 238
Ref : gsmarena
unicode
AI စွမ်းရည် များစွာ ပါတဲ့ Oppo Realme1
Oppo က Xiaomi Redmi Series များကို ယှဉ်ပြိုင်ဖို့အတွက် တန်ဖိုးနည်း Sub Brand အသစ်တစ်ခုကို ထုတ်လုပ်ရောင်းချမယ်လို့ မကြာမီက ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ ဘရန်းရဲ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Oppo Realme1 ဖြစ်ပြီး Oppo F7 Diamond Black လို အနောက်ဘက်မှာ Diamond Black Design ကို အသုံုးပြုထားပါတယ်။
သူ့မှာ Notch မပါတဲ့ ၆ လက်မ မျက်နှှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 2160x1080p ဖြစ်ပြီး LCD အမျိုးအစား ဖြစ်ပါတယ်။ 3GB or 6GB RAM များ ရွေးချယ်နိုင်ပါတယ်။ Octa-Core Helio P60 Chipset ကို သုံးထားပါတယ်။ ဘက်ထရီက 3410mAh ဖြစ်ပါတယ်။
သူ့ရဲ့ ထူးခြားချက်က AI လုပ်ဆောင်ချက်များစွာ ပါတာပါ။ AI က Chipset ကို ထိန်းချုပ်ပြီး ဖုန်းရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးပါတယ်။ ကင်မရာရဲ့ AI လုပ်ဆောင်ချက်က Portrait Mode , AR Stickers, Beauty Mode , Scene Recognition များကို အကောင်းဆုံး ဖန်တီးပေးပါတယ်။ ဘက်ထရီ သက်တမ်းကို ကြာရှည်ခံအောင်လည်း AI က လုပ်ဆောင်ပေးပါတယ်။
အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ Face Unlock ကို ထောက်ပံံ့တဲ့ 8MP Camera ပါပါတယ်။ Fingerprint Sensor မပါပါဘူး။ 3GB/32GB Model ကို ယူရို ၁၁၂ နဲ့ သူ့ထက်စွမ်းရည်မြင့်တဲ့ မော်ဒယ်ကို ယူရို ၁၇၄ သတ်မှတ်ထားပါတယ်။ မေလ ၂၅ ရက်နေ့မှာ စတင် ရောင်းချမှာပါ။ Diamond Black , Solar Red အရောင်များ ရွေးချယ်နိုင်ပါတယ်။
Ref : gsmarena
You may be interested
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
Ko Thuya - Jan 16, 2019
ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Ko Thuya - Jan 16, 2019
တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Ko Thuya - Jan 16, 2019
Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…
Leave a Comment
Most from this category