2627 Shares 579 Views

LG G7 ThinQ မွာသံုးထားတဲ့ MLCD+ Display နည္းပညာဆုိတာ???

May 16, 2018
2627 579

[Zawgyi]

ဒီေန႔ေခတ္ စမတ္ဖုန္းေတြနဲ႔ပတ္သတ္လို႔ အလြန္အင္မတန္မွစိတ္ဝင္စားၾကတဲ့လူေတြၾကား မျပီးဆံုးႏုိင္တဲ့ အျငင္းပြားမႈကေတာ့ OLED နဲ႔ LCD display ေတြအေၾကာင္းပါ။ ဒါေပမယ့္ ဒီအျငင္းပြားမႈကို LG G7 ThinQ ရဲ႕ MLCD+ display နည္းပညာက အဆံုးသတ္ေပးလုိက္သလိုပါပဲ။ LG အေနနဲ႔ G7 ThinQ မွာ သူ႔ရဲ႕ POLED display ေတြအစား ကိုယ္တိုင္စမ္းသပ္ထုတ္လုပ္ထားတဲ့ MLCD+ display ေတြကိုပဲ သံုးလိုက္တာျဖစ္ပါတယ္။

ကုမၸဏီရဲ႕ MLCD+ နည္းပညာအေၾကာင္း ေလ့လာတုန္းက ဒီနည္းပညာဟာ ခုမွေပၚလာတာမဟုတ္ဘဲ တီဗီအရြယ္ေလာက္ panel ၾကီးေတြ၊ အရင္ကမိုဘိုင္းလ္ဖုန္းေတြမွာသံုးဖူးတာကို ေတြ႔ရပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းေတြမွာဒီနည္းပညာသံုးလိုက္တာကေတာ့ ဒါပထမဆံုးပါ။

သူကေတာ့ LCD display ေတြရဲ႕နည္းပညာကိုပဲ အေျခခံျပီးမွ ထပ္ကြန္႔လုိက္တဲ့နည္းပညာတစ္ခုလို႔ေျပာရမွာပါ။ ပံုမွန္ LCD panel ေတြမွာပါတဲ့ Red, Green, Blue pixel အေရာင္ေတြအျပင္ MLCD+ ေတြမွာေနာက္ထပ္ပါလာတဲ့တစ္ေရာင္က အျဖဴေရာင္ white pixel ေတြပါ။ သူကေတာ့ display ကိုပံုမွန္ထက္ပိုျပီး ေတာက္ပႏုိင္ဖို႔ ထည့္သြင္းထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ LG G7 မွာအလင္းေတာက္ပမႈက 1,000 nits ထိေတာင္ရိွျပီး အေတာက္ပဆံုးေသာ စမတ္ဖုန္း display ေတြထဲက တစ္ခုျဖစ္ေစခဲ့တာပါ။

ဒီ white pixel ေတြက liquid crystal light-polarizing အလႊာကိုပဲျဖတ္ျပီး display panel ရဲ႕ေနာက္ခံအလင္းကို ထုတ္ေပးပါတယ္။ ဘာ color filter မွလည္း မပါဝင္ပါဘူး။ LCD ေတြမွာပါတဲ့ color filter ေတြကေတာ့ တစ္ခ်ိဳ႔အလင္း output ေတြကိုပိတ္ထားရတဲ့အတြက္ အားလည္းကုန္ အလင္းလည္းမွိန္တာကို ေတြ႔ရမွာပါ။

LCD panel ေတြမွာ အျဖဴေရာင္တစ္ေရာင္ထြက္လာဖို႔ဆိုရင္ အျဖဴေရာင္အလင္းက Red, Green, Blue ဆိုတဲ့ color filter ၃ခုကိုျဖတ္ျပီးလာရပါတယ္။ filter ၃ခုထဲက တစ္ခုစီက ခုနဝင္လာတဲ့အျဖဴအလင္းရဲ႕ ၃ပံု၂ပံုစီကိုပိတ္ ျပီးတာနဲ႔အကုန္လံုးျပန္ေပါင္း ေနာက္ဆံုးမွအျဖဴေရာင္ထြက္လာပါတယ္။ White pixel ေတြထပ္ထည့္လိုက္ေတာ့ display ရဲ႕ backlight panel ၾကီးကိုပိတ္လိုက္ရင္ေတာင္ သာမန္ LCD display ေတြထက္ ပိုလင္းျပီး အားကုန္လည္းပိုသက္သာပါတယ္။

Resolution ေရာက်သြားလား??

MLCD+ panel ေတြက LCD ေတြလို RGB pixel ေတြတင္မဟုတ္ေတာ့ဘဲ အျဖဴေရာင္ pixel ေတြပါပါလာတဲ့အတြက္ RGBW ဆိုျပီး pixel ၄ခုျဖစ္သြားပါတယ္။ Pixel ခြဲအေရအတြက္မ်ားရင္ pixel ပမာဏမ်ားလာတာမွန္ေပမယ့္ pixel ေသးေသးေလးေတြက အလင္းပိုမွိန္တယ္ဆိုတဲ့တစ္ခ်က္ကို ျပန္ၾကည့္ရပါတယ္။ ဒီေတာ့ရုပ္ထြက္ resolution ကိုက်မသြားဘဲ contrast ျမင့္ေအာင္ contrast modulation သံုးရပါတယ္။ LG G7 ThinQ ရဲ႕ 3,120 x 1,440 MLCD+ panel မွာ contrast modulation ကို ၉၅%ေက်ာ္ေတာင္ထားထားတဲ့အတြက္ resolution အတြက္မပူရေတာ့ပါဘူး။ RGBW pixel ေတြလည္း 4K ရုပ္ထြက္ေတြျပေပးႏုိင္ျပီး pixel ရဲ႕သိပ္သညး္ဆလည္းျမင့္တဲ့အတြက္ ဒီေန႔ေခတ္စမတ္ဖုန္းေတြအတြက္ ကုိက္ညီတဲ့ display လုိ႔ေျပာလို႔ရႏုိင္ပါတယ္။

LG ရဲ႕ display သစ္က အလင္းပိုေတာက္ပလို႔ နာမည္ၾကီးတာတင္မဟုတ္ဘဲ ဘက္ထရီကုန္လည္းသက္သာတာက ေနာက္အားသာခ်က္တစ္ခုပါ။ resolution ျမင့္တဲ့ display ေတြအတြက္ 3000 mAh ဆိုတာ လံုေလာက္တဲ့ဘက္ထရီပမာဏမဟုတ္ေပမယ့္ MLCD+ display ေတြအတြက္ကေတာ့ အားကုန္မွာစိတ္ပူစရာမလိုတဲ့ ပမာဏပါ။ အရင္က OLED ေတြက အားကုန္သက္သာတဲ့အားသာခ်က္ရိွခဲ့ေပမယ့္ သူ႔ထက္လည္းပိုေတာက္ပ အားကုန္လည္းပုိသက္သာတဲ့ MLCD+ display ေတြေပၚလာတာက စမတ္ဖုန္းေလာကမွာ ျပိဳင္ဖက္ေကာင္းတစ္ခုေပၚလာတာျဖစ္လို႔ ဝမ္းသာစရာလို႔ေျပာရမွာပါ။

သူတို႔ေတြရဲ႕ အားကုန္တဲ့ပမာဏကိုယွဥ္ၾကည့္တဲ့အခါမွာလည္း MLCD+ ေတြက LCD ေတြ အားကုန္တာရဲ႕ တစ္ဝက္ေလာက္ပဲရိွပါတယ္။ ဒီအားသာခ်က္ေၾကာင့္ LG G7 ThinQ ရဲ႕ဘက္ထရီသက္တမ္းက စိတ္ပူစရာမလိုတဲ့အေျခအေနလို႔ ေျပာလို႔ရပါတယ္။

တျခားေသာ display နည္းပညာေတြမွာထက္ white pixel တစ္ခုတိုးလာတာက ဘက္ထရီသက္တမ္းပိုခံေစတာ တျခား display ေတြထက္ ပိုေတာက္ပတာ စတဲ့အားသာခ်က္ေတြေပးစြမ္းႏုိင္ပါတယ္။ ဒီ trend ကိုလိုက္ျပီး ေနာက္ထပ္ဘယ္စမတ္ဖုန္းေတြကေတာ့ LG ရဲ႕ MLCD+ နည္းပညာကုိသံုးျပီး ထြက္လာႏုိင္မလဲဆိုတာ စိတ္ဝင္စားဖို႔ေတာ့ ေကာင္းေနပါျပီ။

[Unicode]

 

ဒီနေ့ခေတ် စမတ်ဖုန်းတွေနဲ့ပတ်သတ်လို့ အလွန်အင်မတန်မှစိတ်ဝင်စားကြတဲ့လူတွေကြား မပြီးဆုံးနိုင်တဲ့ အငြင်းပွားမှုကတော့ OLED နဲ့ LCD display တွေအကြောင်းပါ။ ဒါပေမယ့် ဒီအငြင်းပွားမှုကို LG G7 ThinQ ရဲ့ MLCD+ display နည်းပညာက အဆုံးသတ်ပေးလိုက်သလိုပါပဲ။ LG အနေနဲ့ G7 ThinQ မှာ သူ့ရဲ့ POLED display တွေအစား ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်ထားတဲ့ MLCD+ display တွေကိုပဲ သုံးလိုက်တာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ MLCD+ နည်းပညာအကြောင်း လေ့လာတုန်းက ဒီနည်းပညာဟာ ခုမှပေါ်လာတာမဟုတ်ဘဲ တီဗီအရွယ်လောက် panel ကြီးတွေ၊ အရင်ကမိုဘိုင်းလ်ဖုန်းတွေမှာသုံးဖူးတာကို တွေ့ရပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတွေမှာဒီနည်းပညာသုံးလိုက်တာကတော့ ဒါပထမဆုံးပါ။

သူကတော့ LCD display တွေရဲ့နည်းပညာကိုပဲ အခြေခံပြီးမှ ထပ်ကွန့်လိုက်တဲ့နည်းပညာတစ်ခုလို့ပြောရမှာပါ။ ပုံမှန် LCD panel တွေမှာပါတဲ့ Red, Green, Blue pixel အရောင်တွေအပြင် MLCD+ တွေမှာနောက်ထပ်ပါလာတဲ့တစ်ရောင်က အဖြူရောင် white pixel တွေပါ။ သူကတော့ display ကိုပုံမှန်ထက်ပိုပြီး တောက်ပနိုင်ဖို့ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါကြောင့် LG G7 မှာအလင်းတောက်ပမှုက 1,000 nits ထိတောင်ရှိပြီး အတောက်ပဆုံးသော စမတ်ဖုန်း display တွေထဲက တစ်ခုဖြစ်စေခဲ့တာပါ။

ဒီ white pixel တွေက liquid crystal light-polarizing အလွှာကိုပဲဖြတ်ပြီး display panel ရဲ့နောက်ခံအလင်းကို ထုတ်ပေးပါတယ်။ ဘာ color filter မှလည်း မပါဝင်ပါဘူး။ LCD တွေမှာပါတဲ့ color filter တွေကတော့ တစ်ချို့အလင်း output တွေကိုပိတ်ထားရတဲ့အတွက် အားလည်းကုန် အလင်းလည်းမှိန်တာကို တွေ့ရမှာပါ။

LCD panel တွေမှာ အဖြူရောင်တစ်ရောင်ထွက်လာဖို့ဆိုရင် အဖြူရောင်အလင်းက Red, Green, Blue ဆိုတဲ့ color filter ၃ခုကိုဖြတ်ပြီးလာရပါတယ်။ filter ၃ခုထဲက တစ်ခုစီက ခုနဝင်လာတဲ့အဖြူအလင်းရဲ့ ၃ပုံ၂ပုံစီကိုပိတ် ပြီးတာနဲ့အကုန်လုံးပြန်ပေါင်း နောက်ဆုံးမှအဖြူရောင်ထွက်လာပါတယ်။ White pixel တွေထပ်ထည့်လိုက်တော့ display ရဲ့ backlight panel ကြီးကိုပိတ်လိုက်ရင်တောင် သာမန် LCD display တွေထက် ပိုလင်းပြီး အားကုန်လည်းပိုသက်သာပါတယ်။

Resolution ရောကျသွားလား??

MLCD+ panel တွေက LCD တွေလို RGB pixel တွေတင်မဟုတ်တော့ဘဲ အဖြူရောင် pixel တွေပါပါလာတဲ့အတွက် RGBW ဆိုပြီး pixel ၄ခုဖြစ်သွားပါတယ်။ Pixel ခွဲအရေအတွက်များရင် pixel ပမာဏများလာတာမှန်ပေမယ့် pixel သေးသေးလေးတွေက အလင်းပိုမှိန်တယ်ဆိုတဲ့တစ်ချက်ကို ပြန်ကြည့်ရပါတယ်။ ဒီတော့ရုပ်ထွက် resolution ကိုကျမသွားဘဲ contrast မြင့်အောင် contrast modulation သုံးရပါတယ်။ LG G7 ThinQ ရဲ့ 3,120 x 1,440 MLCD+ panel မှာ contrast modulation ကို ၉၅%ကျော်တောင်ထားထားတဲ့အတွက် resolution အတွက်မပူရတော့ပါဘူး။ RGBW pixel တွေလည်း 4K ရုပ်ထွက်တွေပြပေးနိုင်ပြီး pixel ရဲ့သိပ်သည်းဆလည်းမြင့်တဲ့အတွက် ဒီနေ့ခေတ်စမတ်ဖုန်းတွေအတွက် ကိုက်ညီတဲ့ display လို့ပြောလို့ရနိုင်ပါတယ်။

LG ရဲ့ display သစ်က အလင်းပိုတောက်ပလို့ နာမည်ကြီးတာတင်မဟုတ်ဘဲ ဘက်ထရီကုန်လည်းသက်သာတာက နောက်အားသာချက်တစ်ခုပါ။ resolution မြင့်တဲ့ display တွေအတွက် 3000 mAh ဆိုတာ လုံလောက်တဲ့ဘက်ထရီပမာဏမဟုတ်ပေမယ့် MLCD+ display တွေအတွက်ကတော့ အားကုန်မှာစိတ်ပူစရာမလိုတဲ့ ပမာဏပါ။ အရင်က OLED တွေက အားကုန်သက်သာတဲ့အားသာချက်ရှိခဲ့ပေမယ့် သူ့ထက်လည်းပိုတောက်ပ အားကုန်လည်းပိုသက်သာတဲ့ MLCD+ display တွေပေါ်လာတာက စမတ်ဖုန်းလောကမှာ ပြိုင်ဖက်ကောင်းတစ်ခုပေါ်လာတာဖြစ်လို့ ဝမ်းသာစရာလို့ပြောရမှာပါ။

သူတို့တွေရဲ့ အားကုန်တဲ့ပမာဏကိုယှဉ်ကြည့်တဲ့အခါမှာလည်း MLCD+ တွေက LCD တွေ အားကုန်တာရဲ့ တစ်ဝက်လောက်ပဲရှိပါတယ်။ ဒီအားသာချက်ကြောင့် LG G7 ThinQ ရဲ့ဘက်ထရီသက်တမ်းက စိတ်ပူစရာမလိုတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။

တခြားသော display နည်းပညာတွေမှာထက် white pixel တစ်ခုတိုးလာတာက ဘက်ထရီသက်တမ်းပိုခံစေတာ တခြား display တွေထက် ပိုတောက်ပတာ စတဲ့အားသာချက်တွေပေးစွမ်းနိုင်ပါတယ်။ ဒီ trend ကိုလိုက်ပြီး နောက်ထပ်ဘယ်စမတ်ဖုန်းတွေကတော့ LG ရဲ့ MLCD+ နည်းပညာကိုသုံးပြီး ထွက်လာနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါပြီ။

You may be interested

Xiaomi Mi Max 3 ကို ဇူလိုင္လမွာ မိတ္ဆက္ႏိုင္ဖြယ္ရွိ
Android, Mobiles & Tablets, NEWS
0 shares0 views

Xiaomi Mi Max 3 ကို ဇူလိုင္လမွာ မိတ္ဆက္ႏိုင္ဖြယ္ရွိ

Tha Ra - May 23, 2018

[Zawgyi] Xiaomi အေနနဲ႔ သူတို႔ရဲ႕ ထုတ္ကုန္အသစ္ေတြကို ေမလကုန္ေလာက္မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ Xiaomi ရဲ႕ CEO ျဖစ္သူ Lei Jun ကလည္း ဒီလကုန္မွာ သူတို႔ရဲ႕ ထုတ္ကုန္အသစ္ေတြ မိတ္ဆက္မယ့္ အေၾကာင္းကို Weibo ကေန…

ေမာင္းသူမဲ့ ကားမ်ားရဲ႕ ယာဥ္တိုက္မႈမ်ားေၾကာင့္ စားသံုးသူမ်ား ယံုၾကည္မႈ က်ဆင္းဟု စစ္တမ္းက ေဖာ္ျပ
Automobiles, NEWS
0 shares4 views

ေမာင္းသူမဲ့ ကားမ်ားရဲ႕ ယာဥ္တိုက္မႈမ်ားေၾကာင့္ စားသံုးသူမ်ား ယံုၾကည္မႈ က်ဆင္းဟု စစ္တမ္းက ေဖာ္ျပ

Ko Thuya - May 23, 2018

ေမာင္းသူမဲ့ ကားမ်ားရဲ႕ ယာဥ္တိုက္မႈမ်ား ျဖစ္ပြားခဲ့ၿပီး လူႏွစ္ဦး ေသဆံုးခဲ့ၿပီးေနာက္မွာ အဲဒီကားမ်ားကို စားသံုးသူမ်ားက ယံုၾကည္မႈ က်ဆင္းလာေနတယ္လို႔ စစ္တမ္းတစ္ခုက ေဖာ္ျပထားပါတယ္။ အေမရိကန္ လူမ်ိဳးမ်ားရဲ႕ ၇၃ ရာခုိင္ႏႈန္းက အဲဒီကားမ်ားကို စီးဖုိ႔ ေၾကာက္ေနၾကတယ္လို႔ ေျဖဆိုၾကပါတယ္။ ၂၀၁၇ ခုႏွစ္မွာ AAA…

Xiaomi က Mi 8 ကို ေမလ ၃၁ ရက္ေန႔မွာ ေၾကညာမယ္လို႔ အတည္ျပဳလိုက္ၿပီ
Android, HUBS, Mobiles & Tablets
499 shares102 views

Xiaomi က Mi 8 ကို ေမလ ၃၁ ရက္ေန႔မွာ ေၾကညာမယ္လို႔ အတည္ျပဳလိုက္ၿပီ

Ko Thuya - May 23, 2018

ေရွာင္မီက ယခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်မယ့္ စမတ္ဖုန္းရဲ႕ အမည္ကို Mi 7 လို႔ မေပးဘဲ ကုမၸဏီ တည္ေထာင္တာ ၈ ႏွစ္ျပည့္ အထိမ္းအမွတ္ အျဖစ္ Mi 8 လို႔ အမည္ေပးထားမယ္ဆိုတဲ့ သတင္းမ်ား ယခင္က ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့…

Leave a Comment

Most from this category