592 Shares 122 Views
May 16, 2018
592 122
[Zawgyi]
Ref: gadgets.ndtv
[Unicode]
Vivo X21i ကို တရုတ်နိုင်ငံမှာ မိတ်ဆက်
Vivo အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Vivo X21i ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Vivo X21i ဆိုတာ လွန်ခဲ့တဲ့ ၂ပတ်ခန့်က စင်္ကာပူနိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Vivo X21 ကို ပြန်လည် ကင်ပွန်းတပ်ထားတဲ့ နာမည် ဖြစ်ပါတယ်။
Vivo X21i နဲ့ Vivo X21 တို့မှာ အဓိက ကွားခြားသွားတာကတော့ Processor ဖြစ်ပါတယ်။ Vivo X21i က MediaTek Helio P60 SoC ကို အသုံးပြုထားပြီး Vivo X21 ကတော့ Snapdragon 660 SoC တွေကို အသုံးပြုထားပါတယ်။ စမတ်ဖုန်း တစ်လုံးရဲ့ အရေး အကြီးဆုံး အစိတ်အပိုင်းဟာ ဘာလဲ မေးရင် CPU လို့ ဖြေမိမှာပါ။ Vivo ကို သွားမေးမယ် ဆိုရင်တော “ကင်မရာ”လို့ ဖြေကြားပါလိမ့်မယ်။
Vivo X21i Specifications
Operating System အပိုင်းမှာ Android 8.1 Oreo ကို ပြန်လည် ဆန်းသစ်ထားတဲ့ Funtouch OS 4.0 နဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။ ၆.၂၈ လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ Super AMOLED Display ကို အသုံးပြုထားပြီး Resolution က 1080 x 2280 pixels ရှိပါမယ်။ Pixel density ကတော့ 402 ppi ရှိပါတယ်။ Display မှာ Notch ပါဝင်ပြီး Screen-to-body Ratio က ၉၀.၃% ဖြစ်ပါတယ်။
Processsor အပိုင်းမှာ MediaTek Helio P60 (MT6771) SoC ကို အသုံးပြုထားပြီး AI-focused APU (AI Processing Unit) ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ Helio P60 ဟာ ၁မိနစ် အတွင်းမှာ ဓာတ်ပုံပေါင်း ၂၀၀၀ ကို Recognize လုပ်နိုင်တဲ့ APU ပါဝင်တဲ့ MediaTek ရဲ့ အသစ်စက်စက် Processor ဖြစ်ပါတယ်။ RAM 6GB/Storage 64GB နဲ့ RAM 4GB/ Storage 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Storage မလောက်ဘူးဆိုရင်လည်း microSD 256GB ထိ ထပ်စိုက်နိုင်မှာပါ။
နောက်ကျောဘက် ကင်မရာ အတွက် 12-Megapixel, f/1.8 Aperture lens နဲ့ 5-Megapixel, f/2.4 Aperture lens တို့ကို ဒေါင်လိုက် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ရှေ့ဘက် မျက်နှာပြင်မှာတော့ AI Beauty Mode ပါဝင်တဲ့
24-Megapixel ကင်မရာကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ပါဝင်ပြီး Facial Recognition လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3245mAh ပါဝင်ပြီး အလေးချိန်ကတော့ 159 grams ရှိပါမယ်။
Vivo X21i ကို တရုတ်နိုင်ငံမှာ မေလ ၁၉ ရက်နေ့ ကနေ စပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ တရုတ်ငွေ ၂၆၉၈ ယွမ် (မြန်မာငွေ ၅၇၀,၀၀၀ ဝန်းကျင်) ဖြစ်ပါတယ် ခင်ဗျာ။
Ref: gadgets.ndtv
You may be interested
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Ko Thuya - May 26, 2018
World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…
Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views
Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Nwe Oo - May 26, 2018
[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…
သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares43 views
သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
Ko Thuya - May 26, 2018
သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…
Leave a Comment
Most from this category