0 Shares 197 Views

၁၉၉ ဒေါ်လာတန်၊ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ တန်ဖိုးနည်း Laptop တစ်လုံးကို Dell စတင်ချပြ

Jan 08, 2016
0 197

img0790

ဈေးပေါတဲ့ လက်ပ်တော့တစ်လုံးကို ရှာရတာလွယ်ပါတယ်။ ဒါပေမယ့် ဈေးလည်းသက်သာ၊ စွမ်းဆောင်ရည်လည်းကောင်းတဲ့ လက်ပ်တော့တစ်လုံးရဖို့ ကတော့ တော်တော်ခဲယဉ်းတယ်ဆိုတာ သိကြမှာပါ။

အခုအခါမှာတော့၊ အမေရိကန်ကွန်ပြူတာနည်းပညာကုမ္ပဏီ Dell ဟာ ၂၀၁၆ ခုနှစ် Consumer Electronics Show မှာ အရောင်အသွေးလည်းစုံ၊ ဈေးလည်းသက်သာတဲ့ ၁၉၉ ဒေါ်လာတန်၊ တန်ဖိုးနည်းလက်ပ်တော့ တစ်မျိုးကို စတင်မိတ်ဆက်ပြသလိုက်ပါတယ်။

Dell Inspiron 11 3000 လို့ အမည်ပေးထားတဲ့ လက်ပ်တော့ဟာ ဒီဇိုင်းပိုင်းအရကော၊ စွမ်းဆောင်ရည်ပါ မဆိုးဘူးလို့ ပြောရမယ့်လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။

၁၉၉ ဒေါ်လာဆိုတဲ့ဈေးနှုန်းနဲ့ လိုက်အောင် Intel ရဲ့ မျိုးဆက်ဟောင်း Celeron ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ memory က 2GB ပါရှိပါတယ်။ 32 GB solid-state drive (SSD) ပါဝင်ပြီး Wi-Fi လည်း ပါဝင်ပါတယ်။

ဘက်ထရီသက်တမ်းကလည်း ၁၀ နာရီအထိ ခံနိုင်တာမို့ တန်ဖိုးနည်းလက်ပ်တော့တွေထဲမှာ အကောင်းဆုံး လက်ပ်တော့တစ်လုံးလို့ ဆိုရမှာပါ။ ကီးဘုတ်နဲ့ trackpad တို့ ကလည်း သုံးရတာ အဆင်ပြေချောမွေ့ မှု ရှိပါတယ်။ ဒီ့အပြင် anti-glare screen လို့ ခေါ်တဲ့ လက်ပ်တော့ဖန်သားပြင်ပေါ် နေရောင်ခြည်တို့ စူးရှတောက်ပတဲ့အလင်းတွေ ကျတဲ့အခါ အလင်းစူးတာမျိုးတွေမဖြစ်အောင် ပြုလုပ်ထားတဲ့ ဖန်သားပြင်လည်း ပါရှိပါတယ်။

တကယ်လို့ ဒီထက်ပိုပိုက်ဆံသုံးချင်တယ်ဆိုရင် memory 4GB ၊ 128 GB solid-state drive နဲ့  quad-core CPU တို့ ပါဝင်တဲ့ မော်ဒယ်ကိုလည်း ၀ယ်ယူအသုံးပြုနိုင်ပါတယ်။

Ref: cnet

 

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

Leave a Comment

Most from this category