477 Shares 147 Views

OnePlus 6 နဲ႔ ရိုက္ထားတဲ့ ဓါတ္ပံုမ်ားကို ျပသလိုက္တဲ့ CEO

May 16, 2018
477 147

OnePlus ရဲ႕ စီအီးအို Pete Lau က မၾကာခင္မွာ မိတ္ဆက္မယ့္ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္အခ်ိဳ႕ကို အႀကိဳသေဘာ ျပသေနပါတယ္။ အခုလည္း ၀ီဘိုမွာ OnePlus 6 နဲ႔ ရိုက္ထားတဲ့ ဓါတ္ပံုမ်ားကို မွ်ေ၀လိုက္ပါတယ္။ အဲဒီ ဓါတ္ပံုမ်ားကို ေအာက္မွာ ေလ့လာႏုိင္ပါတယ္။

အဲဒီဖုန္းကို လာမယ့္ ၁၇ ရက္ေန႔မွာ လန္ဒန္တြင္ တရား၀င္ ေၾကညာေတာ့မွာပါ။ OnePlus 6 မွာ 6.2” Display, Snapdragon 845 Processor, 8GB RAM , 256GB Storage မ်ားထည့္သြင္းထားမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာႏွစ္လံုးပါၿပီး 12MP+20MP ျဖစ္ႏုိင္ပါတယ္။ ကုမၸဏီရဲ႕အားသြင္းအျမန္နည္းပညာျဖစ္တဲ့ Dash Charge အားသြင္းစနစ္လည္းပါဦးမွာပါ။

OnePlus ရဲ႕ စီအီးအို ျဖစ္သူ Pete Lau က သူ႔ရဲ႕ အေနာက္ဘက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားမယ္လို႔ အတည္ျပဳထားပါတယ္။ သူက အဲဒီဖုန္းရဲ႕ ဒီဇိုင္း ေရြးခ်ယ္မႈမ်ားကို ဖိုရမ္တစ္ခုမွာ ေျပာၾကားခဲ့တာပါ။ သူက OnePlus 6 ရဲ႕ ဖန္ဒီဇိုင္းဟာ ထိေတြ႕ကိုင္တြယ္ရာမွာ Premium Feel ကို ခံစားရေအာင္ ဒီဇိုင္းထုတ္ထားတယ္လို႔ ေျပာပါတယ္။ ႀကိဳးမဲ့ အားသြင္းစနစ္လည္း ပါလာႏုိင္ပါတယ္။

OnePlus ရဲ႕ တရား၀င္ တြစ္တာ အေကာင့္ကေန အဲဒီဖုန္းမွာ ေရစုိခံ စြမ္းရည္ပါလာမယ္လို႔ အရိပ္အျမြက္ သတင္းေပးခဲ့ဖူးပါတယ္။ OnePlus က “ မိုးရြာတဲ့အခါမွာ ဖုန္း သံုးေနတာ ရပ္လိုက္ရတာကို မုန္းတယ္ မဟုတ္လား။ ကြ်န္ေတာ္တို႔လည္း ဒီလိုပါပဲ။ “ လို႔ ေရးသားထားၿပီး ၃ စကၠန္႔ၾကာ ဗီဒီယိုမွာ မိုးေရစက္မ်ားကို ျပသထားပါတယ္။

ယေန႔ေခတ္ စြမ္းေဆာင္ရည္ျမင့္ ဖုန္းတိုင္းနီးပါးမွာ IP67 နဲ႔ သူ႔အထက္ ေရစိုခံ စြမ္းရည္မ်ား ထည့္သြင္းထားၾကပါတယ္။ OnePlus ရဲ႕ ဖုန္းမ်ားကေတာ့ အဲဒီအပိုင္းမွာ ေနာက္က်ေနပါတယ္။ OnePlus 6 မွာေတာ့ ေရစိုခံ စြမ္းရည္ပါလာမွာ ေသခ်ာသေလာက္ရွိေနပါတယ္။ 64GB Model ကို ေဒၚလာ ၅၅၀ ၀န္းက်င္နဲ႔ 128GB Model ကို ေဒၚလာ ၆၀၀ ၀န္းက်င္ျဖင့္ ေရာင္းခ်ႏုိင္ပါတယ္။

Ref : gsmarena

unicode

OnePlus 6 နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံများကို ပြသလိုက်တဲ့ CEO

OnePlus ရဲ့ စီအီးအို Pete Lau က မကြာခင်မှာ မိတ်ဆက်မယ့် စမတ်ဖုန်းရဲ့ သတင်းအချက်အလက်အချို့ကို အကြိုသဘော ပြသနေပါတယ်။ အခုလည်း ဝီဘိုမှာ OnePlus 6 နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံများကို မျှဝေလိုက်ပါတယ်။ အဲဒီ ဓါတ်ပုံများကို အောက်မှာ လေ့လာနိုင်ပါတယ်။

အဲဒီဖုန်းကို လာမယ့် ၁၇ ရက်နေ့မှာ လန်ဒန်တွင် တရားဝင် ကြေညာတော့မှာပါ။ OnePlus 6 မှာ 6.2” Display, Snapdragon 845 Processor, 8GB RAM , 256GB Storage များထည့်သွင်းထားမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ အနောက်ဘက်မှာ ကင်မရာနှစ်လုံးပါပြီး 12MP+20MP ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီရဲ့အားသွင်းအမြန်နည်းပညာဖြစ်တဲ့ Dash Charge အားသွင်းစနစ်လည်းပါဦးမှာပါ။

OnePlus ရဲ့ စီအီးအို ဖြစ်သူ Pete Lau က သူ့ရဲ့ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားမယ်လို့ အတည်ပြုထားပါတယ်။ သူက အဲဒီဖုန်းရဲ့ ဒီဇိုင်း ရွေးချယ်မှုများကို ဖိုရမ်တစ်ခုမှာ ပြောကြားခဲ့တာပါ။ သူက OnePlus 6 ရဲ့ ဖန်ဒီဇိုင်းဟာ ထိတွေ့ကိုင်တွယ်ရာမှာ Premium Feel ကို ခံစားရအောင် ဒီဇိုင်းထုတ်ထားတယ်လို့ ပြောပါတယ်။ ကြိုးမဲ့ အားသွင်းစနစ်လည်း ပါလာနိုင်ပါတယ်။

OnePlus ရဲ့ တရားဝင် တွစ်တာ အကောင့်ကနေ အဲဒီဖုန်းမှာ ရေစိုခံ စွမ်းရည်ပါလာမယ်လို့ အရိပ်အမြွက် သတင်းပေးခဲ့ဖူးပါတယ်။ OnePlus က “ မိုးရွာတဲ့အခါမှာ ဖုန်း သုံးနေတာ ရပ်လိုက်ရတာကို မုန်းတယ် မဟုတ်လား။ ကျွန်တော်တို့လည်း ဒီလိုပါပဲ။ “ လို့ ရေးသားထားပြီး ၃ စက္ကန့်ကြာ ဗီဒီယိုမှာ မိုးရေစက်များကို ပြသထားပါတယ်။

ယနေ့ခေတ် စွမ်းဆောင်ရည်မြင့် ဖုန်းတိုင်းနီးပါးမှာ IP67 နဲ့ သူ့အထက် ရေစိုခံ စွမ်းရည်များ ထည့်သွင်းထားကြပါတယ်။ OnePlus ရဲ့ ဖုန်းများကတော့ အဲဒီအပိုင်းမှာ နောက်ကျနေပါတယ်။ OnePlus 6 မှာတော့ ရေစိုခံ စွမ်းရည်ပါလာမှာ သေချာသလောက်ရှိနေပါတယ်။ 64GB Model ကို ဒေါ်လာ ၅၅၀ ဝန်းကျင်နဲ့ 128GB Model ကို ဒေါ်လာ ၆၀၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။

Ref : gsmarena

You may be interested

Huawei က Watch GT စမတ္နာရီကို ေၾကညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ္နာရီကို ေၾကညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည္ရ စမတ္နာရီကို ေၾကညာလိုက္ပါတယ္။ နာရီဟာ ဘက္ထရီ သက္တမ္း အလြန္ေကာင္းၿပီး ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာေပးႏုိင္ပါတယ္။ သူ႔မွာ Cortex-M4 Chipset ထည့္သြင္းထားပါတယ္။ ႏွလံုးခုန္ႏႈန္း တိုင္းတာျခင္းနဲ႔ GPS မ်ားကို မသံုးရင္ ဘက္ထရီ…

Lenovo က တန္ဖိုးနည္း A5 ကို မိတ္ဆက္
Android, HUBS, Lenovo
0 shares0 views

Lenovo က တန္ဖိုးနည္း A5 ကို မိတ္ဆက္

Ko Thuya - Oct 17, 2018

လီႏိုဗိုက အိႏၵိယမွာ တန္ဖုိးနည္း စမတ္ဖုန္းမ်ားကို ေၾကညာလိုက္ပါတယ္။ အဲဒီအထဲမွာ A5 လည္း ပါ၀င္ၿပီး ေခတ္စားေနတဲ့ Notch ေတာ့ မပါပါဘူး။ A5 ရဲ႕ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ႔ 3GB/32GB Model…

Huawei Mate 20 X နဲ႔ Porsche Design Mate 20 RS တို႔ကို ေၾကညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ႔ Porsche Design Mate 20 RS တို႔ကို ေၾကညာ

Ko Thuya - Oct 17, 2018

ဟြာေ၀းက အရြယ္ႀကီး Mate 20 X နဲ႔ တန္ဖိုးႀကီး Porsche Design Mate 20 RS တို႔ကို ေၾကညာလုိက္ပါတယ္။ Mate 20 X မွာ ၇.၂ လက္မ မ်က္ႏွာျပင္၊ 5000mAh Battery…

Leave a Comment

Most from this category