2583 Shares 627 Views
May 16, 2018
2583 627
Ref : gsmarena
unicode
Xiaomi က Mi 7 အတွက် Face ID ကို ဖန်တီးနေသလား ?
ပေါက်ကြားထွက်ပေါ်လာတဲ့ Mi 7 ရဲ့ ဓါတ်ပုံများအရ မျက်နှာပြင် အထက်မှ Notch မှ ကင်မရာများဟာ Apple Face ID ရဲ့ ကင်မရာများနဲ့ ဆင်တူနေပါတယ်။ ဓါတ်ပုံများမှာ ကင်မရာ အတွင်းပိုင်းကို အသေးစိတ်မြင်နေရပါတယ်။ Apple Face ID ဟာ သင့် မျက်နှာဖြင့် ဖုန်းကို Unlock လုပ်ဖို့အတွက် အနီအောက်ရောင်ခြည် ကင်မရာနဲ့ Dot Projector ကို အသုံးပြုထားပါတယ်။ အောက်ကပုံကတော့ Mi 7 ရဲ့ ကင်မရာများ ဖြစ်ပါတယ်။
အောက်ကပုံကတော့ Apple Face ID ရဲ့ ကင်မရာများ ဖြစ်ပါတယ်။
Geekbench မှာ ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအချက်အလက်များအရ စွမ်းဆောင်ရည်မြင့် Xiaomi Mi 7 မှာ ၅.၆၅ လက်မ Full HD+ Display တပ်ဆင်ထားပြီး အခုခေတ်စားနေတဲ့ မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ 16MP+16MP Dual Camera များ ပါလာနိုင်ပါတယ်။ 64GB နဲ့ 128GB Storage Model များ ထုတ်လုပ်ပေးထားနိုင်ပြီး ကြိုးမဲ့အားသွင်းစနစ် ပါလာနိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
Xiaomi Mi 7 မှာ 6GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ယခင်ပေါက်ကြားခဲ့ဖူးတဲ့ သတင်းများအရ သူ့အတွက် 8GB RAM မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ Mi 6 တုန်းကလည်း 4GB နဲ့ 6GB RAM မော်ဒယ်နှစ်မျိုးကို ထုတ်လုပ်ရောင်းချပေးခဲ့ဖူးပါတယ်။ Geekbench ရဲ့ စမ်းသပ်ချက်အရ Mi 7 ရဲ့ Single နဲ့ Multi-Cores ရမှတ်များဟာ အခြား Snapdragon 845 Phone များနဲ့ မတိမ်းမယိမ်း ရှိနေပါတယ်။ သူ့ရဲ့ တန်ဖိုုးဟာ ၄၇၅ ဒေါ်လာ ဝန်းကျင် ရှိနိုင်ပါတယ်။
Ref : gsmarena
You may be interested
Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ
Android, Mobiles & Tablets, NEWS
0 shares0 views
Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ
Tha Ra - May 23, 2018
[Zawgyi] Xiaomi အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေကို မေလကုန်လောက်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကလည်း ဒီလကုန်မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်မယ့် အကြောင်းကို Weibo ကနေ…
မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Automobiles, NEWS
0 shares4 views
မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Ko Thuya - May 23, 2018
မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ အဲဒီကားများကို စားသုံးသူများက ယုံကြည်မှု ကျဆင်းလာနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အမေရိကန် လူမျိုးများရဲ့ ၇၃ ရာခိုင်နှုန်းက အဲဒီကားများကို စီးဖို့ ကြောက်နေကြတယ်လို့ ဖြေဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ AAA…
Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Android, HUBS, Mobiles & Tablets
499 shares102 views
Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Ko Thuya - May 23, 2018
ရှောင်မီက ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ အမည်ကို Mi 7 လို့ မပေးဘဲ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 8 လို့ အမည်ပေးထားမယ်ဆိုတဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့…
Leave a Comment
Most from this category