108 Shares 97 Views

သင့္ရဲ႕ iPad ကို Laptop လို ဘယ္လို အသံုးျပဳမလဲ ?

May 15, 2018
108 97

iPad ကို လက္ေတာ့လို အသံုးျပဳႏိုင္မလားဆိုတဲ့ ျငင္းခုန္ေဆြးေႏြးပြဲဟာ ၂၀၁၀ ခုႏွစ္ ကတည္းက ေပၚထြက္လာခဲ့တာ ျဖစ္ပါတယ္။ လက္ေတာ့လိုပါ အသံုးျပဳႏုိင္ရင္ အလုပ္ကိစၥမ်ား ျပဳလုပ္ရာမွာ ပိုမိုတြင္က်ယ္မွာ ျဖစ္ပါတယ္။ အခုေတာ့ လက္ေတာ့လိုေရာ ၊ တက္ဘလက္လိုပါ အသံုးျပဳႏိုင္တဲ့ iPad Pro ထြက္ေပၚလာပါၿပီ။ ဒါေပမယ့္ iPad အေဟာင္းပိုင္ရွင္မ်ားအတြက္လည္း လက္ေတာ့လို အသံုးျပဳႏိုင္တဲ့ နည္းလမ္းမ်ား ရွိေနပါတယ္။

ကီးဘုတ္နဲ႔ ခ်ိတ္ဆက္ပါ။

iPad အေဟာင္းမ်ားကို လက္ေတာ့လို အသံုးျပဳႏုိင္ဖို႔အတြက္ iPad Keyboard မ်ားစြာ ရွိပါတယ္။ သီးျခား ကီးဘုတ္မ်ား သာမက Dock ပါတဲ့ ကီးဘုတ္မ်ားလည္း ေရြးခ်ယ္ႏုိင္ပါတယ္။ Dock မ်ားကို iPad အတြက္ Stand လို အသံုးျပဳႏုိင္ပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ တက္ဘလက္ကို ငံုထားတဲ့ ကီးဘုတ္ျဖစ္ၿပီး ဒါကေတာ့ လက္ေတာ့နဲ႔ အတူဆံုးျဖစ္ပါတယ္။

ကီးဘုတ္မ်ားဟာ iPad နဲ႔ Bluetooth ျဖင့္ ခ်ိတ္ဆက္ထားၾကတာ ျဖစ္ၿပီး ဘက္ထရီ ပါရွိၾကပါတယ္။ အေရးႀကီးတာက iPad Mini နဲ႔ iPad Air အပါအ၀င္ iPad အေဟာင္းမ်ားဟာ အရြယ္အစား ကြဲျပားတဲ့အတြက္ သင့့္ရဲ႕ iPad အရြယ္အစားနဲ႔ သင့္ေတာ္တဲ့ ကီးဘုတ္ကို ေရြးခ်ယ္သင့္ပါတယ္။

ကီးဘုတ္မ်ားထဲက ေကာင္းတာကို ေရြးခ်ယ္ေပးရရင္ ၉.၇ လက္မ iPad Pro အတြက္ Logitech Create for iPad Pro နဲ႔ iPad Air 2 အတြက္ Belkin Qode Case တို႔ ျဖစ္ပါတယ္။ Apple ကလည္း သူ႔ကိုယ္ပိုင္ ကီးဘုတ္မ်ားကို ဖန္တီးေပးထားေပမယ့္ ေစ်းႀကီးပါတယ္။

Apps

အလုပ္ကိစၥမ်ားအတြက္ iPad ကို လက္ေတာ့လို အသံုးျပဳခ်င္ရင္ အလုပ္ကိစၥအတြက္ လိုအပ္တဲ့ Apps မ်ား ရွိဖို႔လိုပါတယ္။ Apple App Store မွာ အလုပ္ကိစၥမ်ားအတြက္ Google Docs နဲ႔ Microsoft Office Apps မ်ား ရွိၿပီး အားလံုးကို အခမဲ့ အသံုးျပဳႏုိင္ပါတယ္။ Word , Excel Documents မ်ားကို ဖန္တီးႏိုင္မွာ ျဖစ္ၿပီး Productivity Apps မ်ားစြာလည္း ရွိပါတယ္။ Photoshop နဲ႔ Adobe Softwares မ်ားလည္း iOS အတြက္ ရွိေပမယ့္ Windows, macOS Version မ်ားေလာက္ စြမ္းရည္ျမင့္မားျခင္း မရွိပါဘူး။ iOS ရဲ႕ SketchBook နဲ႔ Photoshop Sketch တို႔ကေတာ့ စြမ္းရည္ျမင့္မားၾကပါတယ္။ အထူးသျဖင့္ iPad Pro ရဲ႕ ဒစ္ဂ်စ္တယ္ ေဘာပင္နဲ႔ တြဲဖက္ အသံုးျပဳရင္ ပိုမိုအစြမ္းထက္ပါတယ္။

Game Controller မ်ားတပ္ဆင္ပါ။

Apple က iOS 7 မွာကတည္းက Game Controller မ်ားနဲ႔ တြဲဖက္ အသံုးျပဳႏုိင္တဲ့ စြမ္းေဆာင္ခ်က္ကို ထည့္သြင္းေပးခဲ့ပါတယ္။ အဲဒီအတြက္ ပီစီနဲ႔ ဂိမ္းစက္မ်ားမွာလို စြမ္းရည္ျမင့္ Controller ျဖင့္ ကစားႏုိင္မွာပါ။ iOS အတြက္ စြမ္းရည္ျမင့္ ဂိမ္းေပါင္းမ်ားစြာလည္း ရွိေနပါတယ္။ iPad မ်ားအတြက္ Game Controller မ်ားဟာ ျပည့္စံုေကာင္းမြန္မႈ မရွိေသးေပမယ့္ iPad Games မ်ားကို ပီစီနဲ႔ ဂိမ္းစက္မ်ားမွာလို ကစားႏုိင္မွာပါ။ Controller မ်ားဟာ ေဒၚလာ ၅၀ နဲ႔ ၁၀၀ အၾကား ရွိၿပီး iPhone နဲ႔ iPad ၂ မ်ိဳးစလံုးမွာ အလုပ္လုပ္ပါတယ္။

လက္ေတာ့နီးပါး အစြမ္းထက္လာတဲ့ iPad

လြန္ခဲ့တဲ့ ႏွစ္မ်ားအတြင္းမွာေတာ့ iPad မ်ားဟာ လက္ေတာ့မ်ားလို အစြမ္းမထက္ၾကေသးပါဘူး။ ဒီေန႔ေခတ္မွာေတာ့ Keyboard , Game Controller တို႔လို iPad အတြက္ Accessories ေကာင္းမ်ားစြာ ထြက္ေပၚေနပါၿပီ။ iOS အတြက္ Apps နဲ႔ ဂိမ္းမ်ားဟာလည္း စြမ္းရည္ အလြန္ျမင့္မားလာၾကပါၿပီ။ အဲဒီအတြက္ iPad မ်ားဟာ လက္ေတာ့နီးပါး အစြမ္းထက္လာၿပီလို႔ သံုးသပ္မိပါတယ္။

ref : cnet

unicode

သင့်ရဲ့ iPad ကို Laptop လို ဘယ်လို အသုံးပြုမလဲ ?

iPad ကို လက်တော့လို အသုံးပြုနိုင်မလားဆိုတဲ့ ငြင်းခုန်ဆွေးနွေးပွဲဟာ ၂၀၁၀ ခုနှစ် ကတည်းက ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ လက်တော့လိုပါ အသုံးပြုနိုင်ရင် အလုပ်ကိစ္စများ ပြုလုပ်ရာမှာ ပိုမိုတွင်ကျယ်မှာ ဖြစ်ပါတယ်။ အခုတော့ လက်တော့လိုရော ၊ တက်ဘလက်လိုပါ အသုံးပြုနိုင်တဲ့ iPad Pro ထွက်ပေါ်လာပါပြီ။ ဒါပေမယ့် iPad အဟောင်းပိုင်ရှင်များအတွက်လည်း လက်တော့လို အသုံးပြုနိုင်တဲ့ နည်းလမ်းများ ရှိနေပါတယ်။

ကီးဘုတ်နဲ့ ချိတ်ဆက်ပါ။

iPad အဟောင်းများကို လက်တော့လို အသုံးပြုနိုင်ဖို့အတွက် iPad Keyboard များစွာ ရှိပါတယ်။ သီးခြား ကီးဘုတ်များ သာမက Dock ပါတဲ့ ကီးဘုတ်များလည်း ရွေးချယ်နိုင်ပါတယ်။ Dock များကို iPad အတွက် Stand လို အသုံးပြုနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ တက်ဘလက်ကို ငုံထားတဲ့ ကီးဘုတ်ဖြစ်ပြီး ဒါကတော့ လက်တော့နဲ့ အတူဆုံးဖြစ်ပါတယ်။

ကီးဘုတ်များဟာ iPad နဲ့ Bluetooth ဖြင့် ချိတ်ဆက်ထားကြတာ ဖြစ်ပြီး ဘက်ထရီ ပါရှိကြပါတယ်။ အရေးကြီးတာက iPad Mini နဲ့ iPad Air အပါအဝင် iPad အဟောင်းများဟာ အရွယ်အစား ကွဲပြားတဲ့အတွက် သင့့်ရဲ့ iPad အရွယ်အစားနဲ့ သင့်တော်တဲ့ ကီးဘုတ်ကို ရွေးချယ်သင့်ပါတယ်။

ကီးဘုတ်များထဲက ကောင်းတာကို ရွေးချယ်ပေးရရင် ၉.၇ လက်မ iPad Pro အတွက် Logitech Create for iPad Pro နဲ့ iPad Air 2 အတွက် Belkin Qode Case တို့ ဖြစ်ပါတယ်။ Apple ကလည်း သူ့ကိုယ်ပိုင် ကီးဘုတ်များကို ဖန်တီးပေးထားပေမယ့် ဈေးကြီးပါတယ်။

Apps

အလုပ်ကိစ္စများအတွက် iPad ကို လက်တော့လို အသုံးပြုချင်ရင် အလုပ်ကိစ္စအတွက် လိုအပ်တဲ့ Apps များ ရှိဖို့လိုပါတယ်။ Apple App Store မှာ အလုပ်ကိစ္စများအတွက် Google Docs နဲ့ Microsoft Office Apps များ ရှိပြီး အားလုံးကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ Word , Excel Documents များကို ဖန်တီးနိုင်မှာ ဖြစ်ပြီး Productivity Apps များစွာလည်း ရှိပါတယ်။ Photoshop နဲ့ Adobe Softwares များလည်း iOS အတွက် ရှိပေမယ့် Windows, macOS Version များလောက် စွမ်းရည်မြင့်မားခြင်း မရှိပါဘူး။ iOS ရဲ့ SketchBook နဲ့ Photoshop Sketch တို့ကတော့ စွမ်းရည်မြင့်မားကြပါတယ်။ အထူးသဖြင့် iPad Pro ရဲ့ ဒစ်ဂျစ်တယ် ဘောပင်နဲ့ တွဲဖက် အသုံးပြုရင် ပိုမိုအစွမ်းထက်ပါတယ်။

Game Controller များတပ်ဆင်ပါ။

Apple က iOS 7 မှာကတည်းက Game Controller များနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီအတွက် ပီစီနဲ့ ဂိမ်းစက်များမှာလို စွမ်းရည်မြင့် Controller ဖြင့် ကစားနိုင်မှာပါ။ iOS အတွက် စွမ်းရည်မြင့် ဂိမ်းပေါင်းများစွာလည်း ရှိနေပါတယ်။ iPad များအတွက် Game Controller များဟာ ပြည့်စုံကောင်းမွန်မှု မရှိသေးပေမယ့် iPad Games များကို ပီစီနဲ့ ဂိမ်းစက်များမှာလို ကစားနိုင်မှာပါ။ Controller များဟာ ဒေါ်လာ ၅၀ နဲ့ ၁၀၀ အကြား ရှိပြီး iPhone နဲ့ iPad ၂ မျိုးစလုံးမှာ အလုပ်လုပ်ပါတယ်။

လက်တော့နီးပါး အစွမ်းထက်လာတဲ့ iPad

လွန်ခဲ့တဲ့ နှစ်များအတွင်းမှာတော့ iPad များဟာ လက်တော့များလို အစွမ်းမထက်ကြသေးပါဘူး။ ဒီနေ့ခေတ်မှာတော့ Keyboard , Game Controller တို့လို iPad အတွက် Accessories ကောင်းများစွာ ထွက်ပေါ်နေပါပြီ။ iOS အတွက် Apps နဲ့ ဂိမ်းများဟာလည်း စွမ်းရည် အလွန်မြင့်မားလာကြပါပြီ။ အဲဒီအတွက် iPad များဟာ လက်တော့နီးပါး အစွမ်းထက်လာပြီလို့ သုံးသပ်မိပါတယ်။

ref : cnet

You may be interested

၂၀၂၀ ခုႏွစ္မွာ တည္ေဆာက္မယ့္ ကမာၻ႕ ပထမဆံုး ေရေပၚ ၿမိဳ႕ေတာ္
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုႏွစ္မွာ တည္ေဆာက္မယ့္ ကမာၻ႕ ပထမဆံုး ေရေပၚ ၿမိဳ႕ေတာ္

Ko Thuya - Jan 16, 2019

ကမာၻ႕ ပထမဆံုး ေရေပၚၿမိဳ႕ေတာ္ကို ပစိတ္ဖိတ္ သမုဒၵရာေပၚမွာ ၂၀၂၀ ခုနွစ္တြင္ တည္ေဆာက္မွာ ျဖစ္ပါတယ္။ ေရေပၚၿမိဳ႕ေတာ္မွာ ဟိုတယ္မ်ား၊ လူေနအိမ္မ်ား၊ စားေသာက္ဆိုင္မ်ား ပါရွိမွာ ျဖစ္ပါတယ္။ သူ႔ကို Seasteading Institute က တည္ေဆာက္မွာ ျဖစ္ပါတယ္။ စီမံကိန္းကို PayPal…

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန္ဖိုးနည္း စမတ္ဖုန္း ေစ်းကြက္မွာ မ်က္ႏွာပန္းလွေနတဲ့ Realme က ယခုလ အေစာပိုင္းမွာ အလံုးေရ ၄ သန္း ေရာင္းခ်ထားၿပီးၿပီလို႔ ေၾကညာခဲ့ပါတယ္။ အခုလည္း Realme 2 အလံုးေရ ၂ သန္း ေရာင္းခ်ႏုိင္ၿပီလို႔ တြစ္တာကေန ေၾကညာလိုက္ပါတယ္။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်

Ko Thuya - Jan 16, 2019

Vivo က အိႏၵိယမွာ တန္ဖိုးနည္း Y91 ကို ေရာင္းခ်ေပးလိုက္ပါတယ္။ ရူပီး ၁၀ ၉၉၉ သတ္မွတ္ထားၿပီး ၁၅၅ ေဒၚလာေလာက္ က်သင့္ႏိုင္ပါတယ္။ Amazon India, Paytm Mall , Vivo India တို႔ အပါအ၀င္…

Leave a Comment

Most from this category