ဇွန်လမှာ မောင်းသူမဲ့ ဘတ်စ်ကားများကို စတင် ပြေးဆွဲမယ့် နော်ဝေး

နော်ဝေးက လူသားများ မောင်းနှင်တာထက် ပိုမို ဘေးကင်းလုံခြုံပြီး ကုန်ကျစားရိတ်သက်သာတဲ့ မောင်းသူမဲ့ ဘတ်စ်ကားများကို ဇွန်လမှာ စတင် ပြေးဆွဲပေးတော့မှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ ဘတ်စ်ကားများကို အခြားနိုင်ငံများမှာလည်း စမ်းသပ်နေပေမယ့် နော်ဝေးဟာ မောင်းသူမဲ့ ဘတ်စ်ကားကို အစောဆုံး ပြေးဆွဲတဲ့ နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာပါတယ်။

နော်ဝေးရဲ့ လက်ရှိ ဥပဒေအရ မောင်းသူမဲ့ ကားများမှာ လူသား တစ်ဦး စောင့်ကြပ်လိုက်ပါရမှာ ဖြစ်ပါတယ်။ အစောပိုင်း ပြေးဆွဲမှု အောင်မြင်ရင် နောက်ပိုင်းမှာ လူသားများ စောင့်ကြပ်စရာ မလိုတော့တဲ့ ဥပဒေများကို ပြင်ဆင်ပြဌာန်းနိုင်ပါတယ်။ ဒါ့အပြင် နော်ဝေးမှာ မောင်းသူမဲ့ ကားများကို နေရာအနှံ့မှာ တွေ့မြင်လာရနိုင်ပါတယ်။

နော်ဝေးရဲ့ Stavanger နဲ့ Forus Office Complex အကြားမှာ ခရီးသည်များကို သယ်ယူပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ လမ်းကြောင်းဟာ လူသားများ မောင်းနှင်ရင် ၁၅ မိနစ်သာ ကြာမြင့်တဲ့ ခရီးတို ဖြစ်ပါတယ်။ ဒါပေမယ့် လူနေထူထပ်တဲ့ ဒေသဖြစ်တဲ့အတွက် မောင်းသူမဲ့ ဘတ်စ်ကားဟာ စွမ်းရည် မြင့်မားဖို့ လိုအပ်ပါတယ်။ အခြား လမ်းကြောင်းများမှာ ပြေးဆွဲမယ့် သတင်းကို မသိရသေးပါဘူး။

မောင်းသူမဲ့ ဘတ်စ်ကား ပြေးဆွဲမယ့် အစီအစဉ်ကို နော်ဝေးရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကလည်း ခွင့်ပြုထားပြီးပါပြီ။ နော်ဝေးရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဖြစ်သူ Ketil Solvik-Olsen က မောင်းသူမဲ့ ဘတ်စ်ကားများ အပြင် မောင်းသူမဲ့ နေအိမ်သုံး ကားများကိုလည်း နော်ဝေးရဲ့ နေရာအနှံ့အပြားမှာ သိပ်မကြာခင် တွေ့မြင်လာရနိုင်တယ်လို့ ပြောပါတယ်။

Ref : androidheadlines

unicode

ဇွန်လမှာ မောင်းသူမဲ့ ဘတ်စ်ကားများကို စတင် ပြေးဆွဲမယ့် နော်ဝေး

%d bloggers like this: