ကမ္ဘာ့နာမည်ကြီး နည်းပညာကုမ္ပဏီကြီးတွေ ဘယ်လိုစတင်ခဲ့သလဲ??

အခုခေတ်မှာ နာမည်ကြီးပါတယ် အောင်မြင်နေပါတယ်ဆိုတဲ့ ဘီလီယံနဲ့ချီပြီးတန်တဲ့ ကုမ္ပဏီကြီးတွေလည်း တစ်နေရာကစခဲ့ရတာပါပဲ။ နာမည်အကြီးဆုံးဆိုတဲ့ brand တွေတောင် ဘယ်သူမှမသိတဲ့အခြေအနေတစ်ခုကနေ နာမည်ကြီးလာခဲ့တာပါ။ တစ်ခါတစ်လေကျတော့ အဲ့လောက်တောင်အောင်မြင်နေတဲ့ကုမ္ပဏီကြီးတွေ ဘယ်ကစခဲ့လဲဆိုတာကြားမိရင် ယုံတောင်ယုံကြမယ်မထင်ပါဘူး။ ဒီတော့ အားလုံးအံ့အားသင့်စေမယ့် လုပ်ငန်းကြီးတွေရဲ့ စလုံးရေးစခဲ့တဲ့အရာတွေကို ဖော်ပြပေးသွားပါမယ်။ (နည်းပညာရော တခြားရောအစုံပါပါမယ်)

Sony

ဟိုးအရင်တုန်းက Sony ဆိုတာ လျှပ်စစ်ထမင်းအိုးတွေကို တီထွင်ထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီတစ်ခုပါ။

 

LG

LG ကတော့ အခုခေတ် ကိုရီးယားနိုင်ငံရဲ့နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး သူရဲ့အစကတော့ သွားတိုက်ဆေးမှုန့်တွေထုတ်လုပ်တာကနေ စခဲ့တာပါ။

Nokia

နှစ်ပေါင်းတော်တော်အကြာက Nokia ဆိုတာ စာရွက်တွေ ရာဘာဘွတ်ဖိနပ်တွေကိုရောင်းချပြီး ဝင်ငွေရှာခဲ့တဲ့ကုမ္ပဏီတစ်ခုပါ။

Toyota

သူကတော့ အပ်ချုပ်စက်တွေကိုထုတ်လုပ်တာကနေ စခဲ့တာပါ။ အခုထိလည်း ထုတ်လုပ်နေဆဲပါပဲ။

IKEA

IKEA ကိုတည်ထောင်သူ Ingvar Kamprad ကတော့ သူ့ရဲ့လုပ်ငန်းကို မီးခြစ်ဆံတွေ တခြားတိုလီမုတ်စ ဈေးပေါပေါပစ္စည်းလေးတွေကို ရောင်းချရင်းနဲ့ စတင်ခဲ့တာပါ။

Sharp

ခုခတ်နာမည်ကြီးတဲ့ Sharp ကုမ္ပဏီက မူလကတော့ အမြဲတမ်းချွန်ထက်နေတဲ့ ခဲတံတွေကိုတီထွင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုပါ။

Bombardier

ကမ္ဘာ့လေယာဉ်ထုတ်လုပ်မှုမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ ဒီကုမ္ပဏီကတော့ တစ်ချိန်တစ်ခါက နှင်းတွေပေါ်မှာသွားတဲ့ snowmobile တွေကိုထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီငယ်လေးတစ်ခုပါ။ ကုမ္ပဏီစလည်ပတ်ချိန်တုန်းက သူ့ရဲ့ လေယာဉ်တွေလေယာဉ်အင်ဂျင်တွေက BMW ရဲ့ အဓိကထုတ်ကုန်တွေကိုသုံးထားတယ်ဆိုတာ လူတစ်ချို့တော့သိကြပါတယ်။

Nintendo Corporation

Nintendo ကိုပထမဆုံးစတည်ထောင်တုန်းကတော့ လက်နဲ့ကိုယ်တိုင်လုပ်ထားတဲ့ Hanafuda decks (ပန်းကဒ်ပြား) တွေထုတ်လုပ်ဖို့ရည်ရွယ်ခဲ့တာပါ။

Virgin Group

သူ့ရဲ့တည်ထောင်သူကတော့ Richard Branson ဖြစ်ပြီး Student လို့ခေါ်တဲ့ လူငယ်သဘာဝမဂ္ဂဇင်းမှာ အယ်ဒီတာချုပ်အနေနဲ့စလုပ်ခဲ့တာပါ။

Samsung

Samsung ကတော့ ပထမဆုံးစတင်တည်ထောင်ချိန်က ကုန်စုံပစ္စည်းစုံကိုရောင်းချတဲ့ကုမ္ပဏီတစ်ခုအနေနဲ့ စခဲ့တာပါ။

Unilever

သူကတော့ အဓိကအနေနဲ့ ဆပ်ပြာတွေ အသီးအရွက်ဆီတွေကိုထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုအနေနဲ့ စခဲ့ပါတယ်။

Lipton

ခုခေတ်မှာအောင်မြင်နေတဲ့ Lipton(tea products) ဆိုတာက အရင်တုန်းက သာမန်ကုန်စုံဆိုင်လေးကနေစတင်ခဲ့တာပါ။

Philips & Co.

၁၉၃၀ တုန်းက Philips & Co ဆိုတာက လျှပ်စစ်မီးသီတွေ ရေဒီယို receiver တွေကိုထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး အခုလည်းထုတ်လုပ်နေဆဲပါပဲ။

Bonduelle

လွန်ခဲ့တဲ့ နှစ်၁၀၀လောက်ကတော့ Bonduelle ဆိုတာ အရက်ထုတ်လုပ်ရာကနေစခဲ့တဲ့ လုပ်ငန်းတစ်ခုပါ။ အခုတော့ အစားအသောက်ဘက်ပြောင်းသွားပါပြီ။

BOSS

နာမည်ကြီး Boss အဝတ်အစား brand က နာဇီပါတီအတွက် ယူနီဖောင်းတွေချုပ်လုပ်ပေးရာကနေ စခဲ့တဲ့အဝတ်အထည်ကုမ္ပဏီတစ်ခုပါ။

IBM

IBM ဆိုတာ အခုခေတ်မှာသူ့ရဲ့ကွန်ပျူတာတွေကြောင့်နာမည်ကြီးလာခဲ့တာပါ။ ဟိုးအရင်ကတော့ tabulator တွေ၊ ချိစ်လှီးတဲ့ Cheese slicer တွေနဲ့ ချိန်ခွင်တွေကို ထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီတစ်ခုပါ။

%d bloggers like this: