အသက် ၇၆နှစ်အရွယ်လူတစ်ယောက်ကို ကယ်တင်နိုင်ခဲ့ပြန်တဲ့ Apple Watch

တရုတ်မနက်ခင်းသတင်းတစ်ခုမှာဖော်ပြခဲ့တာကတော့ အသက် ၇၆နှစ်အရွယ်ရှိတဲ့ Gaston D’Aquino ဆိုသူကို Apple Watch က ကယ်တင်နိုင်ခဲ့တဲ့သတင်းပါ။ သူ့ရဲ့အဖြစ်ကိုဝေမျှရင်း တခြားသူတွေလည်း အသက်အန္တရာယ်ကလွတ်မြောက်စေချင်တဲ့ဆန္ဒကြောင့် Apple ဆီ ဒီအကြောင်းပြောပြခဲ့တာပါ။

ဖြစ်ပုံက ဘုရားကျောင်းမှာထိုင်နေရင်း သူ့ရဲ့ Apple Watch ကနေ နှလုံးခုန်နှုန်းမြင့်နေကြောင်း သတိပေးလာတာကိုတွေ့တဲ့အတွက် ဆေးရုံကိုချက်ချင်းသွားခဲ့ပါတယ်။ ဆေးရုံကိုသွားသာသွားခဲ့ပေမယ့် ဘာကြောင့်မှန်းမသိသလို ဘာမှလည်းထူးထူးခြားခြားခံစားရတာမရှိဘဲ အားလုံးကောင်းနေတယ်လို့တောင် ဆရာဝန်ကိုပြောခဲ့ပါသေးတယ်။

ဒါပေမယ့် ECG ဆွဲတဲ့အခါမှာရလာတဲ့အဖြေကတော့ နှလုံးကိုသွားတဲ့ အဓိကသွေးလွှတ်ကြော ၃ခုထဲက ၂ခုက လုံးဝပိတ်နေပြီး ကျန်တဲ့တစ်ခုကတော့ ၉၀%လောက်တောင်ပိတ်နေတာကို တွေ့ရပါတယ်။ ဒီလောက်အခြေအနေမှာ သေချာတာက နှလုံးသွေးကြောပိတ်ပြီး သေစေနိုင်တဲ့အနေအထားလို့ပြောလို့ရပါတယ်။

အရင်ကလည်း နှလုံးဆရာဝန်နဲ့ပြဖူးပြီး ညွှန်ကြားချက်အတိုင်း နေ့တိုင်းဆီးချိုစစ် ကိုလက်စထရောများမများ သွေးပေါင်ချိန်တက်မတက်စစ်နေခဲ့ပေမယ့် ဒီလိုကြီးကြီးမားမားပြဿနာဖြစ်တာကိုတော့ ဘာလက္ခဏာမှမပြခဲ့ကြောင်း ဆိုထားပါသေးတယ်။

အဖြေကိုသိသိချင်းပဲ D’Aquino က ပိတ်နေတဲ့သွေးလွှတ်ကြောမှာ သွေးကြောချဲ့တဲ့ stents ေလးတွေထည့်ပြီးသွေးလည်ပတ်မှုပုံမှန်ပြန်ဖြစ်စေဖို့ နှလုံးသွေးကြောပိတ်တာကိုခွဲစိတ်ကုသဖို့ ချက်ချင်းသဘောတူခဲ့ပါတယ်။ ခွဲစိတ်ပြီးတော့ တော်တော်ကြီးကောင်းလာတယ်လို့လည်းဆိုထားပါတယ်။

သူ့အနေနဲ့ သေဆုံးသွားနိုင်တဲ့အခြေအနေမျုးိမှာကံကောင်းစွာသိလိုက်ရလို့ ဘဝသစ်တစ်ခုရလိုက်သလိုဖြစ်နေမှာပါ။ ဒီအတွက် ကျေးဇူးတင်တဲ့အနေနဲ့ Apple စီအီးအို Tim Cook ဆီကို စာရေးပြီး မေးလ်ပို့ခဲ့ပါတယ်။ မေးလ်ထဲမှာတော့ နှလုံးရောဂါရှိတဲ့သူတွေအတွက် Apple Watch ကိုဝတ်ဆင်အသုံးပြုဖို့ Apple အနေနဲ့ ကောင်းကောင်းတိုက်တွန်းစေချင်ကြောင်း ပြီးခဲ့တဲ့တစ်ပတ်ကလည်း သူ့ဝမ်းကွဲအစ်ကိုတစ်ယောက် နှလုံးရောဂါနဲ့ဆုံးသွားကြောင်း သူ့အကိုမှာသာ Apple Watch ရှိခဲ့ရင် သူ့လိုအသက်ရှင်ဖို့အခွင့်အရေးရနိုင်ကြောင်းဆိုခဲ့ပါတယ်။ Tim Cook ကလည်း ကျန်းမာနေတာကြားရလို့ ဝမ်းသာမိကြောင်း အခုလိုအဖြစ်အပျက်လေးကိုမျှဝေပေးလို့ကျေးဇူးတင်ကြောင်းပြန်လည်စာပို့ခဲ့ပါတယ်။

နောက်ထွက်လာမယ့် WatchOS 4 မှာတော့ နှလုံးခုန်နှုန်းနဲ့ပတ်သတ်လို့ feature တွေက ပိုမြင့်လာမှာကတော့ သေချာပါတယ်။ ဘယ် Apple Watch စီးရီးမှာမဆို heart rate notification တွေပြဖို့ဖွင့်ထားနိုင်ပြီး Heart Rate app ကိုဖွင့်လိုက်တာနဲ့ noti တက်လာမှာပါ။

-Apple Watch နဲ့ချိတ်ထားတဲ့ iPhone  မှာ Apple Watch app ကိုဖွင့်လိုက်ပါ။

– My Watch tab ကိုဖွင့်ပြီး Heart Rate ကိုနှိပ်ပါ။

– Elevated Heart Rate ကိုနှိပ်ပြီးနောက် BPM ကိုရွေးပေးပါ၊

သင့်မိသားစုမှာ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်မှာ Apple Watch ရှိနေခဲ့ရင် အသက်ကိုကယ်တင်နိုင်တဲ့ဒီ feature လေးကို သုံးဖြစ်အောင်သတိပေးလိုက်ပါ။ D’Aquino လိုပဲ Apple Watch က အသက်ကယ်ခဲ့တဲ့လူတွေလည်း မနည်းတော့တာမို့ နှလုံးရောဂါရှိသူတွေအနေနဲ့ Apple Watch ကိုသုံးသင့်ကြောင်း အကြံပြုလိုက်ချင်ပါတယ်။

Ref: MacRumors, GsmArena

%d bloggers like this: