Face ID ၊ ဘောင်မဲ့ဒီဇိုင်းနဲ့ပေါက်ကြားလာပြန်တဲ့ iPhone SE 2

ခုချိန်အားလုံးစိတ်ဝင်တစားရှိနေကြတဲ့ဖုန်းလေးတစ်လုံးအကြောင်းသတင်းတွေက တော်တော်အသည်းယားဖို့ကောင်းနေပါပြီ။ သူကတော့ iPhone SE ရဲ့ နောက်မျိုးဆက် iPhone SE 2 လေးပါ။

ဟိုတစ်မျိုး ဒီတစ်မျိုးသတင်းတွေထွက်လာတဲ့ထဲမှာ တစ်ခုကတော့ ဖန်ကိုယ်ထည်ဖြစ်သွားမယ်ဆိုတာပါ။ အရင်လို သတ္တုကိုယ်ထည်နဲ့မဟုတ်တော့ဘဲ ကြိုးမဲ့အားသွင်းစနစ်ကိုထောက်ပံ့ပေးနိုင်တဲ့ဖန်ကိုယ်ထည်ပါ။ ဒါ့အပြင် iPhone X မှာသာရနိုင်ခဲ့တဲ့ Face ID တွေ ဘောင်ပျောက်ဒီဇိုင်းတွေကိုပါ ဒီတန်ဖိုးသင့်မော်ဒယ်လ်မှာတွေ့ရမယ်ဆိုတာက ပိုတောင်စိတ်ဝင်စားဖို့ကောင်းသွားပါပြီ။ ခုတစ်ခေါက်ထွက်ခဲ့တဲ့သတင်းက ကုမ္ပဏီရဲ့နောက်ထွက်မယ့်ဖုန်းအတွက် မှန်ကာဗာတွေကိုထုတ်လုပ်နေတဲ့ကုမ္ပဏီကနေပါ။

မှန်ကာဗာတောင်ထွက်နေပြီဆိုတော့ ထွက်မယ်မထွက်မယ်မသေချာသေးတဲ့ iPhone SE 2 က ထွက်ဖို့အလားအလာတော်တော်များနေပြီထင်ပါတယ်။ ပုံကိုကြည့်ရတာတော့ iPhone X ဒီဇိုင်းနဲ့ တော်တော်လေးကိုတူနေတာပါ။

အရင် iPhone SE နဲ့ကတော့ ဒီဇိုင်းပိုင်းအပြင် အတွင်းပိုင်းပစ္စည်းတွေလည်းမြှင့်ထားတယ်လို့တော့ ဆိုပါတယ်။ ကြားရတာတော့ iPhone 7 မှာသုံးခဲ့တဲ့အစိတ်အပိုင်းတွေနဲ့ တူတူပဲသုံးပေးသွားမယ်ဆိုတာပါ။ A10 Fusion chipset တွေဆိုတာ ခုချိန်ထိကို သွက်လက်နေဆဲ chipset တွေဖြစ်လို့ performance ပိုင်းကလည်း အဲ့လောက်စိတ်ပူစရာမလိုဘူးထင်ပါတယ်။ ကျန်တဲ့ feature တွေဖြစ်တဲ့ dual-camera တို့ 3D Touch တို့ နားကြပ်ပေါက်တို့ကတော့ပါမပါ မသေချာသေးတဲ့ feature လေးတွေလို့ ပြောလို့ရပါတယ်။

ခုချိန်ထိ Apple ဘက်က iPhone SE 2 တွေနဲ့ပတ်သတ်လို့ တစ်ခွန်းမှမဟသေးတဲ့အပြင် ခန့်မှန်းသတင်းတွေကလည်း ဟိုတစ်မျိုးဒီတစ်မျိုးဆိုတော့ ကျွန်တော်ကတော့ မြန်မြန်ထွက်လာပါစေလို့ပဲ ဆုတောင်းပါတယ်။ iPhone X လို ဒီဇိုင်းမျိုး feature မျိုးဆိုရင် စိတ်ဝင်စားတဲ့သူ ဘယ်နှစ်ယောက်လောက်များရှိမလဲ???

Ref : phonearena

unicode

Face ID ဘောင်မဲ့ဒီဇိုင်းနဲ့ပေါက်ကြားလာပြန်တဲ့ iPhone SE 2

%d bloggers like this: