0 Shares 231 Views

Twitter Acc တစ်ခုဘယ်လိုပြုလုပ်ပြီး ဘယ်လိုအသုံးပြုကြမလဲ

Apr 01, 2016
0 231

မြန်မာနိုင်ငံမှာ Facebook သုံးတာက တော်တော်ခေတ်စားတာတွေ့ရပေမယ့် Twitter တို့ Instagram တို့တော့ သိပ်မသုံးကြတာကိုတွေ့ရပါတယ်။ တကယ်တမ်းကျတော့ Twitter ဟာလည်း သတင်းစုံစုံ လင်လင်နဲ့ သင့်ကိုပိုမို သိရှိခံစားစေနိုင်တဲ့ Social Website တစ်ခုပါပဲ။ ဒါကြောင့် သင့်အနေနဲ့ Twitter ကိုအဖိုးတန်အောင် အသုံးချလို့ရပါတယ်။ Twitter အကောင့်လုပ်ရတာ၊ အသုံးပြုရတာဟာ တကယ်တမ်းကျတော့ ဘာမှမခက်ပါဘူး။

အဲ့ဒီအတွက် သင့်အနေနဲ့ Twitter အကောင့်တစ်ခု ဘယ်လို ပြုလုပ်ရမယ် ဘယ်လိုအသုံးပြုရမယ်ဆိုတာကို သင့်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အခုဖော်ပြမယ့်အချက်အလက်တွေဟာ Desktop ဗားရှင်းပေါ်အခြေခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ Mobile ဗားရှင်းကလည်း ဒီအချက်တွေနဲ့ ဘာမှသိပ်မကွဲပြားလို့ အလွယ်တကူဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။ Mobile ဖုန်း User တွေအနေနဲ့ Google Playstore ကနေ Twitter App ကိုဒေါင်းထားလိုက်ရင်တော့ ပိုပြီးအဆင်ပြေပြေအသုံးပြုနိုင်မှာပါ။ ကဲ သင့်အနေနဲ့ Twitter ကိုစတင်သုံးကြည့်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ ကျွန်တော်တို့ စတင်လုပ်ဆောင်ကြည့်ရအောင်။

Sign Up

အရင်ဆုံးသင့်အနေနဲ့ Browser ကနေ twitter.com လို့နှိပ်လိုက်ရင် သင့်အနေနဲ့ Log In နဲ့ Sign Up လုပ်တဲ့ Box လေးတစ်ခုကျလာမှာဖြစ်ပါတယ်။ အဲ့ဒီထဲက သင့်အနေနဲ့ အပေါ်က Log In ဘောက်စ်က အကောင့်ရှိရင် သင့်အနေနဲ့ ဝင်ရမှာဖြစ်ပြီး တကယ်လို့ အကောင့်မရှိသေးလို့ အသစ်ဖွင့်မယ့်သူဆိုရင်တော့ အောက်က Box ကိုရွေးချယ်ရမှာပါ။

ht creat twitter1

အောက်က Full Name ဆိုတဲ့အကွက်မှာ သင့်အကောင့်အတွက် User နာမည်ကိုရိုက်ရမှာပါ။ ဒီနာမည်က သင့်အကောင့်ရဲ့နာမည်မဟုတ်ပါဘူး။ အောက်ကနေ User Name အနေနဲ့ ဖော်ပြပေးမယ့်ာမည်ဖြစ်ပါတယ်။ အဲ့ဒီမှာ သင်လိုချင်တဲ့ နာမည်တစ်ခုရိုက်ထည့်ရမှာပါ။ ကျွန်တော်ကတော့ “Blue Lion” လို့ရိုက်ပြထားပါတယ်။ email box မှာလည်း သင့်ရဲ့ mail တစ်ခုခုကို ဖြည့်သွင်းရမှာဖြစ်ပြီး Password အကွက်မှာ သင်ထားလိုတဲ့ Password ကိုရိုက်ထည့်ရမှာပါ။ တစ်ခုသတိပြုရမှာက အကောင့်ပြုလုပ်တဲ့အခါ Twitter မှာ Password ကို နှစ်ခါရိုက်မထည့်ခိုင်းသလို Show Password Feature လည်း မရှိတာမို့ သင့်အနေနဲ့ အတတ်နိုင်ဆုံး သတိပြုပြီးရိုက်ထည့်စေလိုပါတယ်။ ပြီးရင် Sign up for twitter ကိုနှိပ်လိုက်ပါ။

Data Confirnmation

ဒုတိယအဆင့်အနေနဲ့ ကတော့ အရှေ့ကပြုလုပ်ခဲ့တဲ့ Data တွေကို ပြန်လည် “Confirmation” လုပ်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ခုနကလိုပဲ Box သုံးခုထဲမှာ သင်ရိုက်ခဲ့တဲ့ Data တွေတွေ့ရမှာဖြစ်ပြီး လိုတာကို ပြန်လည်ပြင်ဆင်ရမှာပါ။

ht creat twitter2

သင့်အနေနဲ့ User Name မှာ Space ခြားလို့မရပဲ ခြားချင်ရင်သင့်အနေနဲ့ “_” ဆိုပြီးခံရမှာဖြစ်လို့ အတတ်နိုင်ဆုံးတစ်ဆက်တည်းဖြစ်အောင်ရေးရမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ရွေးထားတဲ့ နာမည်ကအရှေ့မှာသုံးပြီးသားဖြစ်နေရင်လည်း ထပ်သုံးလို့မရပါဘူး။ ဒါကြောင့် ကျွန်တော့် “Blue Lion” ဆိုတဲ့နာမည်ကိုခွင့်မပြုလို့ ကျွန်တော် “BlueLionMgk” ဆိုပြီးပြောင်းလိုက်ပါတယ်။

email ကတော့မှားစရာမရှိပဲ။ Password တိုတောင်းနေလို့ရှိရင် ဘေးနားကဘားလေးမှာအနီရောင်ပြနေမှာဖြစ်ပြီး Password ကို ရှစ်လုံးထက်မနည်းရိုက်ထည့်ပေးရမှာပါ။ သုံးခုစလုံးအဆင်ပြေသွားပြီဆိုရင် ဘားသုံးခုလုံးရဲ့ ဘေးနားမှာ အမှန်ခြစ်လေးတွေပြနေမှာဖြစ်ပြီး အဲ့လိုဖြစ်သွားပြီဆိုရင်တော့ သင့်အနေနဲ့ Sign Up ကိုကလစ်လုပ်လိုက်လို့ ရပါပြီ။

Verification Code

နောက်တစ်ဆင့်မှာတော့ သင့်အနေနဲ့ Account အတွက် Verification Code ထည့်သွင်းပေးရမှာပါ။ သင့်ဖုန်းထဲကို ကုဒ်နံပါတ် SMS ပို့ဖို့အတွက် သင့်ဖုန်းနံပါတ် ဥပမာ “0925——-” ဆိုရင် အဲ့ဒီအထဲက ‘0’ ကိုဖြုတ်ပြီး ‘925——-‘ ကိုရိုက်ထည့်ရမှာပါ။ Mobile ဗားရှင်းမှာ နိုင်ငံမရွေးထားဘူးဆိုရင်တော့ Country Code မှာ “+95 Myanmar (Burma)” ကိုရှာထည့်ပေးရမှာပါ။ ပြီးသွားရင် Send Code ကိုနှိပ်လိုက်ပါ။ အဲ့ဒီအခါ သင့်ဖုန်းထဲကို ဂဏန်းခြောက်လုံးပါ ကုဒ်တစ်ခုပို့ပေးမှာဖြစ်ပြီး သင့်နေနဲ့ နောက်ရောက်လာတဲ့အကွက်မှာ ရိုက်ထည့်ပြီး Verify လုပ်ရမှာဖြစ်ပါတယ်။

ht creat twitter3

Your Name

ဒီတစ်ခါကတော့ သင့်အကောင့်မှာပေါ်နေမယ့် သင့်နာမည်ကို ရွေးချယ်ရမှာပါ။ ဒီမှာတော့ ဘယ်လိုနာမည်မျိုးမဆို လွတ်လပ်စွာရွေးချယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အရင်ရွေးချယ်ထားခဲ့တဲ့အတိုင်း”Blue Lion” လို့ပဲ ရွေးလိုက်ပါတယ်။ နောက်ပိုင်းမှာလည်း ပြန်လည်ပြောင်းလဲနိုင်ပါတယ်။ ကဲ အဲ့ဒါလေးကို လုပ်ပြီးသွားရင်တော့ ပြီးသွားပါပြီ။ သင့်အနေနဲ့ Twitter ထဲကိုရောက်ရှိသွားကြောင်း စာတန်းတွေနဲ့ ကြိုဆိုနေပါလိမ့်မယ်။ ဒါဆိုရင် Account ပြုလုပ်တဲ့အပိုင်းပြီးသွားပါပြီ။

Home

ht creat twitter4

သင့် Home ကတော့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ သင့်အနေနဲ့ သင့် Follow လုပ်ထားတဲ့သူတွေ သင့်ကို Follow လုပ်ထားတဲ့ သူတွေကတင်သမျှတွေကို ဒီ Home မှာ တွေ့ရမှာပါ။ သင်ကိုယ်တိုင်လဲ Home ကနေတစ်ဆင့် Tweet တွေတင်နိုင်ပါတယ်။ဘယ်ဘက်အခြမ်းမှာတော့ သင့်ရဲ့ Profile အကျဉ်းချုပ်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီအောက်မှာတော့ ယနေ့အတွင်းခေတ်စားနေတဲ့ Trend လို့ခေါ်တဲ့ အကြောင့်အရာတွေကို ဖော်ပြထားပါတယ်။ ညာဘက်မှာတော့ သင့် Follow လုပ်နိုင်တဲ့ Page တွေ Person တွေကို Recommend ပေးထားပါတယ်။

Profile and Settings

ht creat twitter5

ကဲအရင်ဆုံး Profile ကိုပြင်ဖို့အတွက် ဘယ်ဘက်အပေါ်ထောင့်က Profile Box ကိုကလစ်လုပ်လိုကရင် Timeline ထဲရောက်သွားမှာဖြစ်ပါတယ်။ Mobile Version ကတော့ ညာဘက်အပေါ်ထောင့်က အပျောက်သုံးပျောက်ကို နှိပ်လိုက်ရင် Menu တစ်ခုကျလာမှာဖြစ်ပြီး အဲ့ဒီအထဲက အပေါ်ဆုံးက သင့်နာမည်ကိုနှိပ်လိုက်ရင် သင့် Timeline ထဲရောက်သွားမှာဖြစ်ပါတယ်။

ht creat twitter6

အဲ့ဒီအထဲက Edit Profile ကိုနှိပ်လိုက်ရင် သင့်အနေနဲ့ အပေါ်မှာပြထားသလိုမြင်ရမှာဖြစ်ပါတယ်။ “Add a Profile Photo” ကိုနှိပ်ပြီး Profile Photo တင်နိုင်သလို၊ “Add a header photo” နှိပ်ပြီးတော့လည်း Wallpaper သဘောမျိုးတင်နိုင်ပါတယ်။ အောက်မှာလည်းသင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်စွက်ထားနိုင်ပါတယ်။ ပြီးသွားရင်တော့ Save Changes ကိုနှိပ်ပြီး Save လုပ်လိုက်ပါ။

Follow & Follower

ဒါကတော့သင့်အနေနဲ့ သင့်ရဲ့ Tweet တွေမှာပေါ်အောင် Follow လုပ်ထားမယ့်အဆင့်ဖြစ်ပါတယ်။ ဥပမာဆိုရင် “Kendall Jenner” လို့ သင့် Twitter Search မှာရိုက်ရှာလိုက်ပြီး Kendall Jenner ရဲ့ Page ထဲသွား Follow လုပ်ရတာပါ။ Facebook လိုပါပဲ မခက်ခဲပါဘူး။ တကယ်လို့ သင့်သူငယ်ချင်းကို Follow လုပ်ချင်တယ်ဆိုရင်လည်း User Name ကိုအသုံးပြုပြီး အလွယ်တကူ Search လုပ်နိုင်ပါတယ်။ ကျွန်တော့်ကို ရှာမယ်ဆိုရင် BlueLionMgk လို့ရှာလိုက်ရင် ကျလာမှာပါ။

ht creat twitter7

Tweet & Retweet

သင့်အနေနဲ့ ပုံနဲ့တွဲပြီးတော့ Tweet တွေတင်လို့ရပါတယ်။ ဒါပေမယ့် တစ်ခုသတိပြုရမှာက Twitter မှာ Tweet တင်လို့ရှိရင် စာလုံးရေ ၁၅၀ ထက်ပိုပြီးခွင့်ပြုထားခြင်းမရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ Tweet တွေကိုလိုတိုရှင်း သဘောမျိုးပဲ တင်ရမှာဖြစ်ပါတယ်။ အဲ့လိုပဲသင့် Crazy တွေရဲ့Tweet တွေကို Comment ပေးတာ၊ ပြန်Retweet လုပ်တာနဲ့ Heart ပေးတာတွေလုပ်နိုင်ပါတယ်။

ht creat twitter8

ကဲဒီလောက်ဆိုရင် သင်လည်း Twitter ကိုအဆင်ပြေပြေနဲ့ ကောင်းကောင်းမွန်မွန်သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သိပ်လည်းမခက်ခဲပါဘူး။ Facebook ထက်တောင်ပိုမိုလွယ်ကူပါသေးတယ်။ ဒါကြောင့် အခုပဲ အပေါ်ကအဆင့်လေးတွေလွယ်လွယ်ကူကူပြုလုပ်ပြီး Twitter ကိုစတင်အသုံးပြုကြည့်ကြရအောင်။

 

You may be interested

Xiaomi Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
166 shares31 views

Xiaomi Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Nov 20, 2017

ရှောင်မီက Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ Mi.com ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Mi A1 ကို အိန္ဒိယမှာစက်တင်ဘာလတွင် မိတ်ဆက်ခဲ့ပြီး အနက်နဲ့ ရွှေရောင်များ ရောင်းချပေးခဲ့ပါတယ်။…

၁ မိနစ်အတွင်း အားအပြည့်ဖြည့်နိုင်မယ့် အီလက်ထရစ်ကားကို တီထွင်မည်
Automobiles, NEWS
372 shares31 views

၁ မိနစ်အတွင်း အားအပြည့်ဖြည့်နိုင်မယ့် အီလက်ထရစ်ကားကို တီထွင်မည်

Ko Thuya - Nov 20, 2017

ယခင် Tesla ရဲ့ အတိုင်ပင်ခံနဲ့ နာမည်ကျော် ဒီဇိုင်နာ ဖြစ်သူ Henrik Fisker က Fisker အမည်ရ ဇိမ်ခံ အီလက်ထရစ်ကား ကုမ္ပဏီကို တည်ထောင်ထားပါတယ်။ အခုတော့ သူက ကမ္ဘာ့ ထိပ်တန်း အီလက်ထရစ်ကား ထုတ်လုပ်သူ Tesla…

ပိုကောင်းတဲ့ iris scanner, မျက်နှာအတည်ပြုစနစ်တွေနဲ့ထွက်ရှိလာမယ့် Samsung Galaxy S9
NEWS, Uncategorized
187 shares298 views

ပိုကောင်းတဲ့ iris scanner, မျက်နှာအတည်ပြုစနစ်တွေနဲ့ထွက်ရှိလာမယ့် Samsung Galaxy S9

Nwe Oo - Nov 20, 2017

Samsung ရဲ့နောက်ထွက်မယ့် flagship ဖုန်းတွေကတော့ ပိုပြီးအဆင့်မြှင့်တင်ထားတဲ့ အတည်ပြုစနစ်တွေနဲ့ ထွက်ရှိလာနိုင်ပါတယ်။ ETNews ကသတင်းအရဆိုရင်တော့ ပိုကောင်းလာတဲ့ ဆော့ဖ်ဝဲလ်တွေနဲ့အတူ Galaxy S9 ရဲ့ မျက်ဝန်းဖတ်စနစ်နဲ့ မျက်နှာအတည်ပြုနည်းပညာကို ပိုမိုမြန်ဆန်လာအောင်ဖန်တီးနေကြောင်း သိရပါတယ်။ ကိုရီးယားသတင်းတစ်ခုကတော့ Galaxy S စီးရီးရဲ့နောက်လာမယ့် စမတ်ဖုန်းဟာ…

Leave a Comment

Most from this category