Laptop တစ်လုံးကို ဘယ်လို သန့်ရှင်းရေး လုပ်မလဲ ?

လက်တော့ တစ်လုံးကို သန့်ရှင်းရေး လုပ်ခြင်းဟာ သူ့ရဲ့ သက်တမ်းကို ကြာရှည်စေပါတယ်။ ကွန်ပြူတာ ကီးဘုတ်တွေဟာ ရောဂါပိုးမွှားတွေ ပြည့်နှက်နေတယ်လို့ Wall Street Journal က ရေးသားထားပါတယ်။ တကယ်တော့ The Center for Disease Control က ကွန်ပြူတာ ကီးဘုတ်များ၊ မောက်စ်များနဲ့ ထိတွေ့မှုများတဲ့ အရာများကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့ အကြံပေးထားပါတယ်။ ကီးဘုတ်နဲ့ မောက်စ်ကို သန့်ရှင်းရေး လုပ်တဲ့အပြင် လက်တော့ စကရင်ကိုလည်း သန့်ရှင်းရေးလုပ်သင့်ပါတယ်။ စကရင်ကို ရှင်းလင်းခြင်းဟာ သင့်အလုပ်များကိုလည်း လျှင်မြန်စွာ ပြီးမြောက်စေမှာဖြစ်ပါတယ်။

ကီးဘုတ်ကို သန့်ရှင်းရေး လုပ်နည်း

၁။ လက်တော့ကို ပါဝါ ပိတ်ပြီး ဘက်ထရီကို ဖြုတ်ပါ။

၂။ လက်တော့ကို ဖွင့်ပါ။

၃။ လက်တော့ကို မှောက်လျှက်ထားပြီး လေမှုတ်ကိရိယာဖြင့် ကီးဘုတ်အတွင်းပိုင်းကို မှုတ်ပါ။ ဒါဆိုရင် ခလုတ်များကြားမှ ဖုန်များကို ရှင်းလင်းပေးမှာပါ။

၄။ ပြီးရင် ဖုန်သုတ်တံ အသေးလေးဖြင့် ကီးဘုတ်မှ ဖုန်များကို ရှင်းလင်းပေးပါ။

၅။ နားကြပ်တံကို အရက်ပျံဆွတ်ပြီး ဖုန်တွေ ပိုပြောင်သွားအောင် ပွတ်တိုက်ပေးပါ။ ဖြစ်နိုင်ရင် ခလုတ်များကြားကိုလည်း ပွတ်ပေးပါ။ နားကြပ်တံကို အရက်ပျံ အရမ်းစိုစွတ်အောင် မဆွတ်ဖို့ လိုပါတယ်။

၆။ ပြီးရင်တော့ လက်တော့ကို ပြန်လည် တပ်ဆင်လို့ ရပါပြီ။

LCD Screen ကို သန့်ရှင်းရေး လုပ်နည်း

၁။ စကရင်မှ ဖုန်များကို ရှင်းလင်းသွားအောင် လေမှုတ်ကိရိယာဖြင့် မှုတ်ပါ။

၂။ ရှာလကာရည်နဲ့ ပေါင်းခံထားတဲ့ ရေကို ဆတူရောစပ်ပါ။

၃။ ရောစပ်ထားတဲ့ အရည်ကို အဝတ်စတစ်ခုမှာ ဆွတ်ပြီး စကရင်ကို ညင်သာစွာ ပွတ်ပေးပါ။

ကွန်ပြူတာတွေအတွက် အထူး ထုတ်လုပ်ထားတဲ့ စကရင်သန့်ရှင်းတဲ့ အဝတ်များဖြင့်လည်း သန့်ရှင်းနိုင်ပါတယ်။ အဲဒီ အဝတ်များကို ကွန်ပြူတာ အရောင်းဆိုင်များမှာ ဝယ်ယူနိုင်ပါတယ်။ LCD Screen ကို မသန့်ရှင်းခင်မှာ သင့်လက်တော့ရဲ့ Manual ကို အရင် ဖတ်သင့်ပါတယ်။

သင့်ရဲ့ မောက်စ်ကိုလည်း သန့်ရှင်းဖို့ မမေ့ပါနဲ့။ မောက်စ်ဟာ သန့်ရှင်းဖို့ အလွယ်ဆုံးပါ။ အဝတ်စတစ်ခုကို ရှာလကာရည်ဖြင့် ဆွတ်ပြီး မောက်စ်ကို သန့်ရှင်းပေးပါ။ အောက်ခြေကိုပါ သန့်ရှင်းဖို့ မမေ့ပါနဲ့။

ref : electronics.howstuffworks

unicode

Laptop တစ်လုံးကို ဘယ်လို သန့်ရှင်းရေး လုပ်မလဲ ?

%d bloggers like this: