0 Shares 124 Views

အသံအရည်အသွေးမြင့် Vivo X6S နဲ့ X6S Plus စမတ်ဖုန်းအသစ်နှစ်မျိုး ထွက်ရှိ

Apr 02, 2016
0 124

ဖုန်းနဲ့ အသံအရည်အသွေးကောင်းကောင်းသီချင်းတွေကို နားဆင်ချင်တဲ့လူတွေအတွက် Vivo ရဲ့ ဂီတအသားပေးစမတ်ဖုန်းသစ်နှစ်မျိုး ထွက်ရှိလာပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ပြသခဲ့တဲ့ Vivo X6S နဲ့ Vivo X6S Plus စမတ်ဖုန်းအသစ်နှစ်မျိုးဟာ လွန်ခဲ့တဲ့ဒီဇင်ဘာလတုန်းက ထွက်ရှိထားတဲ့ Vivo X6 နဲ့ X6 Plus တို့ရဲ့ နောက်မော်ဒယ်အခွဲဖြစ်ပြီး၊ ဒီဇိုင်းပိုင်းကော၊ အသေးစိတ်အချက်အလက်တွေပါ ရှေ့ကဖုန်းတွေနဲ့ တထေရာတည်းနီးပါးပါပဲ။

Vivo X6S ဖုန်းမှာ ဒီဂျစ်တယ်အသံစနစ်ကနေ analog signal အဖြစ်ကူးပြောင်းပေးတဲ့ 32-bit DAC ပရိုဆက်ဆာပါရှိပြီး၊ Vivo X6S Plus ဖုန်းမှာတော့ ES9028 DAC အပြင် Yamaha ရဲ့ YSS-205X ဒီဂျစ်တယ် အသံလှိုင်းချိန်ညှိခွဲခြားပေးတဲ့ပရိုဆက်ဆာပါ ပါရှိပါတယ်။ အသံအရည်အသွေးကတော့ ဖုန်းတစ်လုံးအနေနဲ့ တော်တော်ကောင်းတယ်လို့ ဆိုရမှာပါ။

Vivo X6S ဖုန်းက ၅.၂ လက်မအရွယ် full-HD Super Amoled မျက်နှာပြင်၊ 13-megapixel ကျောကင်မရာနဲ့ ဖြစ်ပြီး၊ RAM 4GB ၊ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု 64 GB တို့ ပါရှိပါတယ်။

X6S Plus ကတော့ မျက်နှာပြင်အနည်းငယ်ပိုကြီးကာ၊ ၅.၇ လက်မ full-HD Super Amoled မျက်နှာပြင်၊ 16-megapixel ကျောကင်မရာနဲ့ ဖြစ်ပါတယ်။ RAM နဲ့ inbuilt storage ကတော့ X6S နဲ့ တူတူပါပဲ။ microSD ကတ်ကိုတော့ နှစ်ခုလုံးမှာ ထပ်စိုက်နိုင်မှာမဟုတ်ပါဘူး။

ဒီဖုန်းနှစ်လုံးရဲ့ တခြားတူညီတဲ့အချက်တွေကတော့၊ ကျောဘက်လက်ဗွေရာဆန်ဆာပါတာ၊ SIM နှစ်ကတ်သုံးနိုင်တာ၊ Snapdragon 652 ပရိုဆက်ဆာအသုံးပြုထားတာ၊ USB OTG သုံးနိုင်တာတို့ ဖြစ်ပြီး၊ X6S ဖုန်းက X6S Plus ထက် နည်းနည်းပိုပါးတာကို တွေ့ရပါတယ်။

အသံအရည်အသွေးဦးစားပေးထုတ်လုပ်ထားတဲ့ Vivo X6S နဲ့ X6S Plus ဖုန်းတွေရဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ဝင်မယ့်နေ့ကိုတော့ မသိရသေးပါဘူး။

Ref: Gadgets 360

 

You may be interested

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်

Ko Thuya - Apr 25, 2018

HMD Global က ယခုလ ၂၇ ရက်နေ့မှာ တရုတ်တွင် ပွဲတစ်ခု ကျင်းပ၍ စမတ်ဖုန်း အသစ်ကို မိတ်ဆက်မှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ၂၀၁၄ ခုနှစ်ထွက် Nokia X သို့မဟုတ် စွမ်းဆောင်ရည်မြင့် Nokia…

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ
Audio & Video, FEATURES, Mobile & Tablets
206 shares177 views

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ

Ko Thuya - Apr 24, 2018

သင့်ရဲ့ Android Device ကို ကားစတီရီယို စနစ်နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။ သင့် ကားစတီရီယိုမှာ ပါတဲ့ စွမ်းဆောင်ချက် အပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ပါ။ ကားရဲ့ အသံစနစ်နဲ့ သင့် Android ကို…

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်
Games, NEWS
321 shares62 views

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်

Nwe Oo Thant - Apr 24, 2018

[Zawgyi] Fortnite ဂိမ်းဆိုတာကတော့ နာမည်ကြီး free ဂိမ်းတစ်ခုဖြစ်ပြီး ကလေးတွေကျောင်းပြေးဂိမ်းဆော့လွန်းလို့ ဆရာတွေမိဘတွေ ကျောင်းတွေကို တော်တော်စိတ်ရှုပ်စေခဲ့တဲ့ ဂိမ်းတစ်ခုပါ။ ဒါပေမယ့် အခု ကလေးတွေကျောင်းမှာဖင်မြဲနိုင်မယ့် Fortnite ရဲ့အားသာချက်လေးတစ်ခုရှိလာပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က Ashland အိုဟိုင်းယိုးမှာရှိတဲ့ Ashland တက္ကသိုလ်က ဒီ Fortnite…

Leave a Comment

Most from this category