Web Browser အသုံးပြုတဲ့အခါမှာ Website တွေက ကိုယ့်ရဲ့ Location ကို အသုံးပြုချင်တဲ့ Notification တွေ တက်တက်လာရင် ဘယ်လိုပိတ်မလဲ

Web Browser အသုံးပြုတဲ့ အခါတွေမှာ Website တွေက ကျွန်တော်တို့ရဲ့ Location ကို အသုံးပြုချင်တဲ့
Notification တွေ ပို့ပေးတာကို အားလုံးဘဲ ကြုံဖူး ကြမှာပါ။ ကိုယ့်ရဲ့ Location ကို သိသွားလည်း ကိစ္စမရှိဘူး ဆိုတဲ့သူတွေအတွက် Allow တစ်ချက် နှိပ်ပြီး ဇာတ်သိမ်းလို့ ရပေမယ့် Location အသိ မခံချင်သူတွေ အတွက်ကတော့ Website ထဲ ဝင်တိုင်း Notification တက် တက်လာတာ စိတ်ညစ်စရာပါ။ တကယ်တော့ ဒီပြဿနာကို ကျွန်တော်တို့ အသုံးပြုနေတဲ့ Web Browser တွေရဲ့ Setting ထဲမှာ ဖြေရှင်းလို့ရပါတယ်။

Chrome (PC)

၁.ပထမဦးဆုံး Chrome ရဲ့ Settings ကိုသွားပါ။
၂.Settings ထဲကို ဝင်ပြီးပါက အောက်ဆုံးထိ Scroll-down လုပ်ပါ။
Advanced ကို click ပါ။
၃.Privacy and security ခေါင်းစဉ်အောက်က Content Settings ထဲကို ဝင်ပါ။
၄.Location ထဲကို ဝင်ပါ။ Ask before accessing (recommended) ကို Click တစ်ချက် နှိပ်လိုက်ပါက Blocked ဖြစ်သွားမည်။ အလားတူ Notification မှာလည်း Ask before sending (recommended) ကို Blocked လုပ်နိုင်ပါတယ်။
ရပါပြီ။နောက်ဆို Location Notification တွေ ပေါ်မှာ မဟုတ်တော့ပါဘူး။

Chrome (Android)

၂.Site settings ထဲကို ဝင်ပါ။ PC မှာတုန်းကလိုမျိူး Location နဲ့ Notification ကို Blocked လုပ်နိုင်ပါတယ်။

Firefox

၁.Address bar မှာ about:config ကို ရိုက်ထည့်ပါ။ Enter တစ်ချက် ခေါက်ပါ။
I accept the risk ကို နှိပ်ပါ။
၂.Search box မှာ dom.webnotification.enabled ကို ရိုက်ထည့်ပါ။
၃.Preference Name ရဲ့ အောက်မှာ dom.webnotification.enabled ဆိုတဲ့ စာကြောင်းပေါ်လာရင်
အဲ့ဒီ စာကြောင်းပေါ်ကို Double-click နှိပ်ပါ။ Value မှာ ယခင် true ကနေပြီး false လို့ ပြောင်းသွားပါလိမ့်မယ်။ false လို့ ပြောင်းသွားပြီဆိုရင်တော့ Notification ကို blocked တဲ့အဆင့် အောင်မြင်ပြီ ဖြစ်ပါတယ်။
(ဒီနည်းလမ်းအတိုင်း geo.enabled လို့ရိုက်ထည့်ပြီး ကိုယ့်ရဲ့ Location ကို Blocked လုပ်နိုင်ပါတယ်။)

Opera

၂.Websites ကို click လုပ်ပါ။ Location ရဲ့ အောက်က Do not allow any site to track my physical location ကို select လုပ်ပေးပါ။ အလားတူ Notifications ရဲ့ အောက်မှာလည်း Do not allow any site ကို ရွေးချယ်ပေးပါ။
ဤနည်းဖြင့် Location နဲ့ Notifications တွေကို Blocked လုပ်နိုင်ပါတယ်။

Safari (macOS)

၁.Safari ထဲမှ Dropdown menu ကိုနှိပ်ပြီး Preferences သို့ သွားပါ။
၂.Preferences ထဲက Websites ကို click ပါ။
၃.Location ကို click ပါ။ When visiting other websites မှာ Deny ကို ရွေးချယ်ပေးပါ။
Notifications ကို Blocked လုပ်ချင်တယ်ဆိုရင်တော့ Allow websites to ask for permission to send push notifications မှာ အမှန်ခြစ် ဖြုတ်ပေးပါ။

Ref: techspot

Web Browser အသုံးပြုတဲ့အခါမှာ Website တွေက ကိုယ့်ရဲ့ Location ကို အသုံးပြုချင်တဲ့
Notification တွေ တက်တက်လာရင် ဘယ်လိုပိတ်မလဲ

 

%d bloggers like this: