0 Shares 71 Views

၂၀၁၅ ခုနှစ်၏ စမတ်ဖုန်းရောင်းအားမှာ ၃၂ ရာခိုင်နှုန်းသို့ခုန်တက်သွားကြောင်း Huawei ပြောကြား

တရုတ်နည်းပညာကုမ္ပဏီ Huawei က သူတို့ရဲ့ စမတ်ဖုန်းတွေရဲ့ရောင်းအားဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက ၃၂ရာခိုင်နှုန်းအထိခုန်တက်သွားခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ Huawei အနေနဲ့ တစ်ကမ္ဘာလုံး စမတ်ဖုန်းရောင်းချမှုဝင်ငွေ ဒေါ်လာ ၆၀ဘီလျံ ထဲက ဒေါ်လာ ၅.၇ဘီလျံ ရရှိထားခဲ့တာဖြစ်ပါတယ်။ Huawei ရဲ့အခုလိုအမြတ်ဝင်ငွေရရှိမှုဟာ ပထမဆုံး ကမ္ဘာ့နည်းပညာဈေးကွက်ကို ချိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး ခုနှစ်နှစ်အတွင်း အကောင်းဆုံးအမြတ်ဝင်ငွေရရှိခဲ့တာလည်းဖြစ်ပါတယ်။

၁၉၈၇ ခုနှစ်အတွင်းက Switching Gear တွေထုတ်လုပ်တဲ့ လုပ်ငန်းအဖြစ်စတင်တည်ထောင်ခဲ့တဲ့ Huawei ဟာ ၂၀၀၉ ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းက Samsung နဲ့ Apple တို့ရဲ့နောက် တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။ Huawei ဟာ အစောပိုင်းတုန်းကလည်း ပြီးခဲ့တဲ့နှစ်တုန်းက စမတ်ဖုန်းအလုံးရေ ၁၀၈သန်းကျော်တင်ပို့ခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး စမတ်ဖုန်းအလုံးရေ သန်း၁၀၀ကျော်ထုတ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံး တရုတ်ကုမ္ပဏီအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

Huawei ဟာ Telecmmmuniucation လုပ်ငန်းတွေလည်းလုပ်ဆောင်နေပြီး ပြီးခဲ့တဲ့နှစ်က အမြတ်ငွေ ၂၁.၄ရာခိုင်နှုန်းအထိ ရရှိထားတာဖြစ်ပါတယ်။ Huawei ဟာ သူတို့ရရှိထားတဲ့ အမြတ်ဝင်ငွေအားလုံးရဲ့ ၁၅ရာခိုင်နှုန်းလောက်ကို သုတေသနလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၉ဘီလျံခန့်ရှိတာဖြစ်ပါတယ်။

Ref: Gadgets360, Reuters

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Leave a Comment

Most from this category