ယခုနှစ် ကွာတား ၁ မှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်ခဲ့တဲ့ iPhone X

Apple ဟာ သူထုတ်လုပ်ရောင်းချဖူးသမျှ အိုင်ဖုန်းများထဲမှာ ဈေးအကြီးဆုံး အဖြစ် iPhone X ကို ရောင်းချပေးခဲ့ပါတယ်။ iPhone X ဟာ တန်ဖိုးကြီးမားပေမယ့်လည်း ယခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ ယခု စစ်တမ်းကို ဈေးကွက် သုတေသန အဖွဲ့အစည်း Strategy Analytics က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ iPhone X ရဲ့ ညီတော်များ ဖြစ်တဲ့ တန်ဖိုးကြီး iPhone 8 နဲ့ iPhone 8 Plus တို့ဟာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း စာရင်းမှာ နံပါတ် ၂ နဲ့ နံပါတ် ၃ နေရာကို အသီးသီး သိမ်းပိုက်ထားပါတယ်။

Strategy Analytics ရဲ့ စစ်တမ်းအရ Apple ဟာ ကွာတား ၁ မှာ iPhone X အလုံးရေ ၁၆ သန်းတောင် ရောင်းချနိုင်ခဲ့ပြီး iPhone 8 နဲ့ iPhone 8 Plus တို့ကတော့ ၁၂.၅ သန်းနဲ့ ၈.၃ သန်း အသီးသီး ရောင်းချနိုင်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Apple ရဲ့ ယခင်နှစ်ထုတ် iPhone 7 ဟာ နံပါတ် ၄ နေရာကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ယခုနှစ် ကွာတား ၁ မှာ သူ့ရဲ့ ရောင်းအားဟာ ၅.၆ သန်း ရှိပါတယ်။

နံပါတ် ၅ နေရာကို Xiaomi Redmi 5A နဲ့ နံပါတ် ၆ နေရာကို Samsung Galaxy S9+ တို့က ပိုင်ဆိုင်ထားပါတယ်။ Xiaomi Redmi 5A ဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး အိန္ဒိယမှာ အလွန် ရောင်းအားကောင်းခဲ့ပါတယ်။ Galaxy S9+ ကတော့ ယခုနှစ် ကွာတား ၁ ကုန်ခါနီးမှ ရောင်းချတာ ဖြစ်တဲ့အတွက် ရောင်းအား နည်းနေခြင်း ဖြစ်ပါတယ်။

Ref : gsmarena

unicode

ယခုနှစ် ကွာတား ၁ မှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်ခဲ့တဲ့ iPhone X

%d bloggers like this: