0 Shares 102 Views

Nintendo ကပထမဆုံးထုတ်လုပ်သည့် မိုဘိုင်းလ်ဂိမ်း Miitomo ကို တစ်ကမ္ဘာလုံးတွင်ရရှိ

Apr 01, 2016
0 102

Miitomo လို့ခေါ်တဲ့ Nintendo ရဲ့ ပထမဆုံးမိုဘိုင်းလ်ဂိမ်းကို တစ်မ္ဘာလုံးမှာ ဆော့ကစားနိုင်အောင်ထုတ်ပြန်ပေးလိုက်ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လလယ်လောက်က ဂျပန်မှာစတင်ဖြန့်ချိခဲ့တဲ့ ဒီ App ကို iOS မှာရော Android မှာပါရရှိနိုင်နေပြီ ဖြစ်ပါတယ်။

App ကိုပထမဆုံးစတင်ဖွင့်လိုက်ရင် ကစားတဲ့သူတွေဟာ သူတို့ပိုင်ဆိုင်မယ့် Mii ကိုယ်ပွားကို Selfie ရိုက်ပြီး အရင်ဆုံး ရယူရမှာပါ။ ပြီးရင်တော့ သင့်အနေနဲ့ ဆော့လို့ရပြီဖြစ်ပါတယ်။ Miitomo ဟာ သာမန်သမားရိုးကျဂိမ်းတွေနဲ့ တော့တူမှာမဟုတ်ပါဘူး။ ပိုပြီး Social ဆန်လာတယ်လို့ပြောလို့ရပါတယ်။ ကစားသူတွေဟာ သူတို့ရဲ့အချိန်တွေကို ခက်ခဲတဲ့မေးခွန်းတွေဖြေဆိုတာတွေကို ပြုလုပ်ရမှာဖြစ်ပြီး ပစ္စည်းအသစ်တွေရယူရင် ဒင်္ဂါးတွေကို စုဆောင်းရမှာဖြစ်ပါတယ်။

ဒင်္ဂါးတွေဟာ မေးခွန်းတွေဖြေပြီးတိုင်းမှာ သင့်အကောင့်ထဲကို ဝင်ရောက်လာမှာဖြစ်ပါတယ်။ ပြီးရင် ကစားသူတွေအနေနဲ့ သူငယ်ချင်းတွေရဲ့ တုန့်ပြန်မှုတွေကို ကြည့်ရှုရင်း ပိုက်ဆံတွေပိုမိုရရှိစေမှာပါ။ သင့်အနေနဲ့ Facebook နဲ့ Twitter လူမှုကွန်ယက်နဲ့ ချိတ်ဆက်ထားရင် သင့်သူငယ်ချင်းတွေရဲ့အိမ်တွေကို သွားရောက်လည်ပတ်နိုင်မှာဖြစ်ပြီး သူတို့ကိုလည်းလာရောက်လည်ပတ်စေနိုင်မှာပါ။

ဒီလိုမျိုး Social ကျကျကစားတာဟာ စိတ်နည်းနည်းရှုပ်စေနိုင်တယ်လို့ထင်ရပေမယ့် တကယ်ကိုဖျော်ဖြေမှုပေးစွမ်းနိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ ကာတွန်းရုပ်လေးတွေနဲ့ Nintendo ရဲ့ မြူးမြူးကြွကြွတေးသွားတွေ ပါဝင်တာကလည်း စိတ်ကြည်နူးစရာပါပဲ။ ဒါပေမယ့် Nintendo ဟာ သူတို့ရဲ့ထုံးစံ ဖျော်ဖြေမှုအားကောင်းကောင်းနဲ့ Action ဆန်တဲ့ ဂိမ်းမျိုးထုတ်ထားတာတော့မဟုတ်ပါဘူး။ သင့်အနေနဲ့ Social ဆန်ပြီး ဖျော်ဖြေနိုင်တဲ့ ဂိမ်းမျိုးကိုဆော့ချင်တယ်ဆိုရင်တော့ ဒီဂိမ်းကသင့်တော်ပါတယ်။

Ref: Independent

You may be interested

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X
Apple, HUBS, Mobiles & Tablets
0 shares0 views

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X

Ko Thuya - Nov 21, 2017

Caviar က စမတ်ဖုန်းများကို ကျောက်သံပတ္တမြားများဖြင့် အလှဆင် ရောင်းချတဲ့ ရုရှား ကုမ္ပဏီ ဖြစ်ပါတယ်။ မကြာမီကလည်း ကုမ္ပဏီက နေရောင်ခြည် စွမ်းအင်ဖြင့် အားသွင်းနိုင်တဲ့ iPhone X နဲ့ ရွှေဖြင့် အလှဆင်ထားတဲ့ Nokia 3310 တို့ကို ရောင်းချပေးခဲ့ပါတယ်။…

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
60 shares11 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
49 shares30 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

Leave a Comment

Most from this category