0 Shares 360 Views

သင့် MacBook ရဲ့ ဒေတာသိုလှောင်နိုင်မှုပမာဏ storage ကို နှစ်ဆ အမြန်ဆုံးမြှင့်တင်နိုင်မယ့်နည်းလမ်း

Jan 09, 2016
0 360

သင့် MacBook မှာ storage ပြည့်နေပြီလား။ သင့်လက်တော့ကြီးကိုဖွင့်ပြီး အထဲက hard drive ကို ထုတ်လဲနေစရာမလိုပါဘူး။ ဒီအစား Tardisk Pear လို့ ခေါ်တဲ့ သေးငယ်တဲ့ ချစ်ပ်လေးတစ်မျိုးကို ကွန်ပြူတာရဲ့ SD ကတ်အပေါက်ထဲထည့်သွင်းလိုက်ရုံနဲ့  256 GB အထိ အမြန်ဆုံးတိုးချဲ့ နိုင်ပါပြီ။

Pear ချစ်ပ်လေးဟာ ကွန်ပြူတာ OS ကနေ အသုံးပြုနိုင်တဲ့ storage အသစ်တစ်ခုကို ဖန်တီးပေးပြီး ဖိုင်တွေသွင်း၊ ဆော့ဖ်ဝဲတွေ install လုပ်တဲ့အခါ ကွန်ပြူတာ hard drive ထဲ သွင်းမလား၊ Pear ထဲ ထည့်သိမ်းမလား ဆိုတာ OSX ကို ရွေးချယ်စေခိုင်းနိုင်ပါတယ်။

Pear ဟာ install လုပ်ရလည်းလွယ်ကူပြီး ကွန်ပြူတာ SD အပေါက်ထဲထည့်လိုက်တာနဲ့  ဖန်သားပြင်ပေါ်မှာပေါ်လာတဲ့အတိုင်း လိုက်နှိပ်ပေးလိုက်ရုံပါပဲ။ ယခု CES 2016 ပွဲမှာ အသစ်ထွက်ရှိလာတဲ့ Pear version 2.0 ဆို install လုပ်ဖို့ အဆင့်တွေ ပိုနည်းသွားတာကို တွေ့ ရပါတယ်။

MacBook Pro ၊ MacBook Pro Retina နဲ့ MacBook Air တို့ မှာ ထည့်သွင်းတပ်ဆင်နိုင်ပါတယ်။ 128 GB ကို ၁၄၉ ဒေါ်လာလောက်ကျသင့်မှာဖြစ်ပြီး 256 GB ဆိုရင်တော့  ၃၉၉ ဒေါ်လာလောက် ကျသင့်ပါလိမ့်မယ်။

Pear ကို အလူမီနီယမ်ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး အကြမ်းခံနိုင်တာကြောင့် ထိခိုက်ပျက်စီးမှုတွေကို သိပ်ကြောက်စရာမလိုပါဘူး။

Ref: cnet.com

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Leave a Comment

Most from this category