ကျောဘက်ဖန်ကိုယ်ထည်နဲ့ iPhone SE 2 ရဲ့ဗီဒီယိုထွက်ရှိလာ

တရုတ်ဆိုရှယ်ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Weibo မှာတင်ထားတဲ့ဗီဒီယိုတစ်ခုအရဆိုရင် iPhone SE ရဲ့ဒုတိယမျိုးဆက်ဗားရှင်းလို့ယူဆရတဲ့ဖုန်းတစ်လုံးကို တွေ့မြင်ရမှာပါ။

ဒီဗီဒီယိုအတိုင်းဆိုရင်တော့ ထွက်မလာသေးတဲ့ 2 nd-gen iPhone SE လေးက ကြိုးမဲ့အားသွင်းစနစ်ကိုထောက်ပံ့ပေးနိုင်တဲ့ ဖန်ကိုယ်ထည်ကိုသုံးထားမယ့်ပုံပါ။ ပထမဆုံး iPhone SE တုန်းကတော့ အလူမီနီယမ်ကိုယ်ထည်ပဲဖြစ်ပြီး ထိပ်ဖက်နဲ့အောက်ဘက်တင် မှန်နဲ့လုပ်ထားတာပါ။

ဒီ 2 nd gen iPhone SE မှာတော့ ဖန်ကိုယ်ထည်ကလွဲလို့ ကျန်တာက လက်ရှိ iPhone SE နဲ့တူပြီး ရှေ့ဘက်ကင်မရာ၊ earpiece နဲ့ TouchID တွေပါဦးမှာပါ။ အရင်တစ်ပတ်ကသတင်းကတော့ နားကြပ်ပေါက်ဖြုတ်မယ်လို့ဆိုခဲ့ပေမယ့် ဒီဗီဒီယိုထဲမှာတော့ 3.5mm နားကြပ်ပေါက်ပါနေပါသေးတယ်။ အရင်သတင်းတွေအတိုင်းပဲ အခု iPhone SE ကလည်း မူလ iPhone SE မော်ဒယ်လ်နဲ့ ဒီဇိုင်းရော အထူပါအတူတူပါပဲ။ ဒါပေမယ့် ဒီတစ်ခေါက် SE2 ကတော့ ရေစိုပါခံလာတော့မယ်ထင်ပါတယ်။

ဒါပေမယ့် ဗီဒီယိုထဲကဖုန်းရဲ့ကျောဘက်မှာ iPhone ဆိုတဲ့တစ်လုံးကလွဲရင် ကျန်တဲ့စာတန်းတွေဘာညာ ဘာမှမပါတဲ့အတွက် ဖြစ်နိုင်တာကတော့ supply chain ကထွက်လာတဲ့အချက်တစ်ချို့ကိုအခြေခံပြီးထုတ်ထားတဲ့ dummy (replica) ဖုန်းပဲဖြစ်နိုင်ပါတယ်။ ဒီတော့ တကယ့် iPhone SE2 ရဲ့ပုံစံဖြစ်မလားဆိုတာ အရမ်းကြီးတော့မသေချာသေးပါဘူး။

အရင်ကာလတွေကိုပြန်ကြည့်လိုက်ရင် Apple အနေနဲ့ မေလမှာ ပစ္စည်း၂မျိုး၂မျိုး မိတ်ဆက်တတ်ပါတယ်။ ဒါကြောင့် အခုလည်း မေလမှာထွက်ဖို့အတွက် သေချာသလောက်ရှိနေပါတယ်။ ဒီတစ်ခေါက် SE2 မှာတော့ Apple ရဲ့ A10 Fusion chip ကိုသုံးထားပြီး အရင် iPhone SE တုန်းကသုံးခဲ့တဲ့ A9 Fusion chip ထက် ၄၀%လောက်ပိုမြန်ပါတယ်။ ခန့်မှန်းဈေးနှုန်းကလည်း $349 လောက်ပဲဖြစ်လို့ iPhone Xလို Face ID မျိုးသုံးစရာအကြောင်းမရှိပါဘူး။

ပထမဆုံး iPhone SE တွေတုန်းက ၂၀၁၆ မတ်လမှာမိတ်ဆက်ခဲ့တာဖြစ်ပြီး ၂၀၁၇ မှာတော့ အသစ်ထပ်မထုတ်ဘဲ storage ပမာဏကိုသာ 64GB နဲ့ 128GB ဆိုပြီး ထပ်တိုးခဲ့တာပါ။ ပြီးခဲ့တဲ့စက်တင်ဘာမှာတော့ iPhone SE တွေရဲ့ဈေးနှုန်းက $349 လောက်ပဲရှိပါတော့တယ်။

%d bloggers like this: