ဒီတစ်ပတ် TGIF အတွက်ဆော့လို့ကောင်းတဲ့ PUBG MOBILE

Screenshot Image

အရင်တုန်းက PC တွေမှာပဲဆော့လို့ရခဲ့တဲ့ PUBG (PlayerUnknown’s BattleGround) ဂိမ်းလေးက ဧပြီလ ၁၇ရက်နေ့ကစပြီး မိုဘိုင်းလ်မှာဆော့ကစားလို့ရနိုင်ခဲ့တာဖြစ်ပါတယ်။

Screenshot Image

Player တွေအနေနဲ့ 8×8 km ကျွန်းပေါ်မှာလေထီးခုန်ပြီး ကိုယ့်ရဲ့လက်နက်တွေ ယာဉ်တွေ supplies တွေကိုရှာဖွေစုဆောင်းရမှာဖြစ်ပြီး တိုက်ခိုက်ရမှာဖြစ်ပါတယ်။ နေရာယူ အိမ်တွေထဲဖောက်ထွင်း လက်နက်တွေရှာ နောက်ဆုံးတစ်ယောက်ထဲအသက်ရှင်ကျန်ရစ်ဖို့အတွက် ဘာမဆိုလုပ်ရမှာပါ။

Screenshot Image

ဂိမ်းရဲ့ graphic ပိုင်းမှာ အသေးစိတ်ကျဖို့ တကယ့်လောကလိုဖြစ်ဖို့ စစ်မြေပြင်ကိုလည်း HD Map တွေဖြစ်ဖို့ ဂိမ်း developer တွေသုံးကြတဲ့ Unreal Engine 4 ကိုသုံးထားပါတယ်။ ဒါ့ကြောင့် ဆော့တဲ့အချိန်မှာတော့ အရည်အသွေးမြင့်တဲ့အသံ 3D sound effect တွေနဲ့ တော်တော်မိုက်မှာပါ။

Screenshot Image

လက်နက်ခဲယမ်းတွေ ဒုံးကျည်တွေ တကယ့်လောကမှာသုံးနေတဲ့လက်နက်တွေအတိုင်း ထည့်သွင်းပေးထားပြီး သွားတဲ့လမ်းကြောင်းမှာလည်း ပစ်ခတ်၊ ရိုက်နှက်ပြီး ရန်သူကိုမီးရှို့တာ ဒါတွေပါပါမယ်။ ရန်သူတွေကိုလိုက်ဖို့ဖြစ်ဖြစ် ထွက်ပြေးဖို့ဖြစ်ဖြစ် ကား၊ ကုန်တင်ကား၊ မော်တော်ဆိုင်ကယ်နဲ့ လှေတွေကိုသုံးနိုင်ပါတယ်။

Screenshot Image

စစ်မြေပြင်မှာအသက်ရှင်ကျန်ရစ်အောင် ကိုယ့်ရဲ့သူငယ်ချင်းတွေကို invite လုပ် အဖွဲ့ဖွဲ့၊ အစီအစဉ်ချ၊ အသံနဲ့ chat လို့ရပါတယ်။ cheat engine တွေနဲ့မရတဲ့အတွက် PUBG Mobile ဆော့တဲ့သူတွေအားလုံးအတွက်တော့ မျှမျှတတဖြစ်မယ့်ဂိမ်းလေးပါ။

ငြိမ်တဲ့အင်တာနက်လိုင်းတော့လိုပါတယ်။ PUBG MOBILE ကိုဆော့မယ်ဆိုရင် Android 5.1.1 နဲ့အထက် RAM 2GB အနည်းဆုံးရှိရပါမယ်။ ခုလက်ရှိဗားရှင်းကတော့ Android ဖုန်းပေါင်း ၅၀၀ ကျော်လောက်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒေါင်းလုပ်ကတော့ 781MB  လောက်တောင်ရှိပါတယ်။ ဒီတစ်ပတ် TGIF မှာတော့ PUBG MOBILE လေးနဲ့ နှစ်ပါးသွားနိုင်ကြပါစေ။

ဒေါင်းလုပ်ရယူရန် —> Google Play

%d bloggers like this: