အူရီဒူးမြန်မာနှင့် Nokia တို့မှ မြန်မာနိုင်ငံတွင် ကွန်ရက်အရည်အသွေးနှင့် သုံးစွဲသူအတွေ့အကြုံ ပိုမိုပြည့်စုံကောင်းမွန်လာအောင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုး

ယခု ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍတစ်ရပ်အနေဖြင့် Nokia မှ ကွန်ရက်လွှမ်းခြုံမှုနှင့် အရည်အသွေးကို လေ့လာဆန်းစစ်ရန်အတွက် အူရီဒူး၏ကွန်ရက်ကို အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်ပေးရန်သွားမည်ဖြစ်သည့်အပြင်၊ ၎င်း၏ နည်းပညာမြင့်လေ့လာဆန်းစစ်မှု နှင့်အတူ 3D Geolocation ကိရိယာများအား အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအဆင့်မြင့် ပြည့်စုံကောင်းမွန်သည့် အစီအစဉ် ဆောင်ရွက်ခြင်း၏ ရလဒ်ကြောင့် အရည်အသွေးမြင့် ကွန်ရက်ဖြင့် အူရီဒူးသုံးစွဲသူများအား အကောင်းဆုံးသော စံညွှန်းနှင့်အညီ bandwidth မြင့်သော အက်ပလီကေးရှင်းများကို အသုံးပြုထားသော ဗီဒီယိုများတိုက်ရိုက်ကြည့်ရှုခြင်းနှင့် အွန်လိုင်းဂိမ်းများကစားခြင်း အစရှိသဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။

Nokiaမှ ကွန်ရက်အစီအစဉ် တစ်ခုလုံးကို အချိတ်အဆက်မိမိ ပြည့်စုံကောင်းမွန်သည့် ကွန်ရက်ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ် ကို ၎င်း၏ ကွန်ရက်နှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များက အဆင့်မြင့်ကိရိယာများ၊ အစီအစဉ်များနှင့် နည်းပညာများအားလုံးကို ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအစီအစဉ်သည် ဆိုရှယ်မီဒီယာ၊ ဂိမ်းကစားခြင်းနှင့် ဗီဒီယို အက်ပလီကေးရှင်းများကို အသုံးပြုနေသည့် အူရီဒူးသုံးစွဲသူလူငယ်များကို အဓိကဦးတည်၍ အထူးပြု ဆောင်ရွက်သွားမည်ဖြစ်သည်။

ပိုမိုကောင်းမွန်လာမည့် အရည်အသွေးမြင့်ဝန်ဆောင်မှုများကြောင့် လက်ရှိအူရီဒူးသုံးစွဲသူများ အနေဖြင့် ဝန်ဆောင်မှုအပေါ် ပိုမိုနှစ်ခြိုက်သဘောကျမှာဖြစ်ပြီး သုံးစွဲသူသစ်များကိုလည်း အူရီဒူးကွန်ရက် အသုံးပြုချင်လာအောင် အူရီဒူးအနေဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အဆောက်အဦး အတွင်းပိုင်းကျသည့် နေရာများအထိ ကွန်ရက်အရည်အသွေး ကောင်းမွန်စေရန်အတွက် Nokia မှ မူပိုင်ခွင့်မှတ်ပုံတင်ထားသော အယ်လဂိုရီသမ် လုပ်နည်းစနစ်များနှင့်အတူ 3D Geolocation စီမံခြင်းနှင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်သည့် ကိရိယာများကို အသုံးပြုမည် ဖြစ်သည်။ အဆင့်မြင့် လေ့လာဆန်းစစ်ချက်များကို အသုံးပြုထားသည့် အကောင်းဆုံးကြိုတင်ခန့်မှန်း ဆောင်ရွက်ချက်များမှ အရေးအကြီးဆုံး အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများအတွက် သုံးစွဲသူအတွေ့အကြုံ အရည်အသွေး (Quality of Experience – QoE) ကို အက်ပလီကေးရှင်းနှင့် ဝန်ဆောင်မှုများအတွက် အဓိကထား ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief Executive Officer ဖြစ်သူ Mr. Vikram Sinha က “ကျွန်တော်တို့အနေဖြင့် သုံးစွဲသူတွေအတွက် ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့်ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ဟာ တကယ်ကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကတိပြုထားတဲ့အတိုင်း အူရီဒူးအသုံးပြုသူတွေဟာ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အင်တာနက်ရဲ့စွမ်းအားကို ပျော်ရွှင်စာနဲ့ခံစားနိုင်ဖို့ အတွက် ကူညီလုပ်ဆောင်ပေးလိုပါတယ်။ Nokia နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်တော်တို့အနေနဲ့ နည်းပညာရှင်များကို အထူးကျေးဇူးတင်ရှိသလို ယုံကြည်မှုအပြည့်အဝလည်း ရှိပါတယ်။ ထိုမှတစ်ဆင့် အူရီဒူးအနေနဲ့ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ်ဖျော်ဖြေရေးတွေနဲ့ တချို့သော ဗီဒီယိုတိုက်ရိုက်ကြည့်ရှုခြင်းနှင့် ဂိမ်းကစားခြင်း အစရှိတဲ့ အတွေ့အကြုံကောင်းတွေကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်မှုအပြည့်အဝရှိပါတယ်။” ဟုပြောကြားလိုက်ပါသည်။

Nokia မှ Head of Asia Pacific and Japan ဖြစ်သူ Mr. Sandeep Girotra က “အူရီဒူးမြန်မာလို ဆက်သွယ်ရေးဝန်ဆောင်မှု ပေးအပ်တဲ့လုပ်ငန်းတွေက သုံးစွဲသူအတွေ့အကြုံကို ပြည့်စုံကောင်းမွန်အောင် အဓိကဦးစားပေး ဆောင်ရွက်ပေးခြင်းကနေ အကျိုးရလာဒ်များစွာ ရရှိအောင်ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးအပ်ဖို့အတွက် ကွန်ရက်ဆန်းစစ်ချက်တွေကို အသုံးချအကောင်အထည်ဖော် ဆောင်ခြင်းရဲ့ အားသာချက်တွေကို လက်ရှိမှာနားလည်ထားပြီလို့ ယုံကြည်ပါတယ်။ ၎င်းသည် အချိန်တိုတိုနှင့် အကျိုးရှိမှုအသစ်များ (သို့) အကျိုးအမြတ်ရလမ်းသစ်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက်ကိုလည်း ကူညီပေး နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် အူရီဒူးမြန်မာနှင့် ကာလရှည် ဆက်ဆံရေးရှိခဲ့ပြီး ယခုလည်း အူရီဒူးမြန်မာ၏ လုပ်ဆောင်ချက်ကောင်းများအတွက် လိုအပ်တဲ့အရာတွေရရှိအောင် လေ့လာဆန်းစစ်မှုတွေရဲ့တန်ဖိုးအားလုံး အသုံးချနိုင်အောင် ကူညီပေးဖို့အတွက် စိတ်အားထက်သန်လျှက်ရှိနေပါတယ်။” ဟု ပြောကြားလိုက်သည်။

ပေးအပ်သွားမည့်ဝန်ဆောင်မှုများ

  • Nokia 3D Geolocation သည် မူပိုင်ခွင့်မှတ်ပုံတင်ထားသော အယ်လဂိုရီသမ် လုပ်နည်းစနစ်များကို အသုံးပြုထားပြီး အဆောက်အဦးအမြင့်များ၏ အတွင်းနှင့်အပြင်နှစ်မျိုးစလုံးတို့တွင် ကွန်ရက်လွှမ်းခြုံမှု လစ်လပ်နေသည့်နေရာများနှင့် ဝန်ဆောင်မှု အရည်အသွေး ကျဆင်းခြင်းတို့အတွက် ခွဲခြမ်းစိတ်ဖြာပေး နိုင်မည်ဖြစ်သည်။
  • Predictive Optimization က အရည်အသွေးမြင့် လေ့လာဆန်းစစ်ချက်များကို အသုံးပြုပြီး စံပြကွန်ရက်လုပ်ဆောင်ချက်ကို ရရှိနိုင်မည်ဖြစ်ပြီး၊ ကွန်ရက်လွှမ်းခြုံမှု ပြဿနာများ၊ လိုင်းကြပ်ခြင်းနှင့် သုံးစွဲသူအတွေ့အကြုံအရည်အသွေးအပေါ် အနှောက်အယှက်ဖြစ်မှုတွေရဲ့ သက်ရောက်မှုကို လေ့လာဆန်းစစ်နိုင်မည်ဖြစ်သည်။ သုံးစွဲသူအတွေ့အကြုံအရည်အသွေး(QoE) ကို parameterization၊ ဆော့ဖ်ဝဲလ် feature သစ်များကို စတင်သက်ဝင်လုပ်ဆောင်စေခြင်း (သို့) နေရာဒေသအလိုက်ကွက်၍ဖြစ်ပွားသော ကိစ္စအတွက် ဆဲလ်အသေးတစ်ခုဖြင့် ထိထိရောက်ရောက်သုံးချဖြေရှင်းနိုင်စေခခြင်း (the deployment of a small cell to address a localized issue) အပါအဝင် ပိုမိုကောင်းမွန်လာအောင်  နည်းလမ်းများစွာကို သုံးပြီး အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည်။
  • လက်တွေ့အသုံးချ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ပံ့ပိုးပေးရန်အတွက် ကွန်ရက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် သုံးစွဲသူဝန်ဆောင်မှုအပါအဝင် ပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများစွာ ပါရှိပါသည်။
  • Nokia ၏ ကွန်ရက်အစီအစဉ်နှင့် အကောင်းဆုံးဖြစ်ဆောင်လုပ်ဆောင်ခြင်းတို့ကို ၂ဝ၁၆ ခုနှစ် ကတည်းက ဆန်းစစ်မှုများကိုပြုလုပ်နေသည့် အဖွဲ့အစည်း Global Data မှ လုပ်ငန်းထိပ်တန်းဦးဆောင်သူအဖြစ် သတ်မှတ်ပေးခဲ့ပြီး ၎င်းသည် မြန်မာနိုင်ငံရှိအူရီဒူးသုံးစွဲသူများ အတွက် အကောင်းဆုံး သုံးစွဲသူအတွေ့အကြုံအရည်အသွေး (QoE) ကို ပေးအပ်နိုင်စေမည်ဖြစ်သည်။
  • အချိန်နှင့်တပြေးညီ ကွန်ရက် ပိုင်းခြားစိတ်ဖြာပေးသည့် ဆော့ဖ်ဝဲလ် Nokia Traffica  မှ ပြစ်ချက်များကို ရှာဖွေ ကြီးကြပ်စီမံပေးသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး၊ ကွန်ရက်လိုင်း၊ ကွန်ရက်၊ နေရာများ၊ ဆက်စပ်ပစ္စည်းများနှင့် သုံးစွဲသူများအား လိုအပ်သည့်နေရာများစွာတွင် ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး အူရီဒူးမှ အဆင့်မြင့်သုံးစွဲသူအတွေ့အကြုံ ပေးအပ်နိုင်ရန် ကူညီပေးမည်ဖြစ်သည်။

#Ooredoo

%d bloggers like this: