စမတ်ဖုန်းတွေရဲ့ရေစိုခံနှုန်း IP rating တွေအကြောင်း

null         ဖုန်းတွေ စမတ်နာရီတွေနဲ့ တခြားတခြားသော Device တွေရဲ့ထုတ်လုပ်သူတွေက သူတို့ပစ္စည်းတွေရေစိုခံနိုင်တဲ့အကြောင်းပြောကြပါလိမ့်မယ်။ ဒါပေမယ့် Apple တို့ Sony တို့ Samsung တို့ရဲ့ တကယ့်ရေစိုခံနိုင်နှုန်းတွေဆိုတာနဲ့ကတော့ ကွာပါတယ်။

“IP rating” လို့ကြားဖူးနေကြစကားလုံးလေးကတော့ ဖုန်းတစ်လုံး ဒါမှမဟုတ် device တစ်ခုခုရဲ့ ရေစိုဒဏ်၊ ဖုန်ဒဏ်နဲ့ အစိုင်အခဲအရာဝတ္ထုတွေကို ဘယ်လောက်ပမာဏထိ ကာကွယ်ပေးနိုင်လဲဆိုတာသတ်မှတ်ထားတဲ့ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ပါ။

iPhone X, iPhone 8, Samsung Galaxy S8, Sony Xperia XZ1, Apple Watch 3 ဒါတွေအားလုံးကရေစိုခံနိုင်ပါတယ်။ ဒါပေမယ့် သူတို့အားလုံးမှာတော့ IP rating ပမာဏချင်းမတူနိုင်ပါဘူး။ Samsung Galaxy S8, Note 8, Sony Xperia XZ Premium တို့ဆိုရင်တော့ IP68 ထိရှိပေမယ့် iPhone X တို့ iPhone 8 တို့ကတော့ IP 67 ထိပဲရှိပါသေးတယ်။

IP ဆိုတဲ့အဓိပ်ပာယျက??

“IP” ဆိုတဲ့စကားလုံးရဲ့အရှည်က “ingress protection” ပါ။ အဓိပ္ပာယ်ကတော့ ဖုန်တွေရေတွေက ကိုယ့်ဖုန်း device ရဲ့အတွင်းထဲကို ဘယ်လိုအလွယ်တကူဝင်နိုင်လဲဆိုတာ သတ်မှတ်တိုင်းတာတာပါ။ IP ကတော့ ဒီတိုင်းပါပဲ နောက်က ဂဏန်းတွေကသာ ဖုန်းကဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာ သတ်မှတ်ပေးသွာတာပါ။

IP နောက်က ဂဏန်း ၂လုံးမှာ (ဥပမာ IP 67) ရှေ့တစ်လုံးက ဖုန်ဒဏ် အစိုင်အခဲဒဏ် (ဥပမာ- ကမ်းခြေသွားရင်သဲတွေဖုန်တွေဝင်တဲ့ဒဏ်) ကိုကာကွယ်ပေးနိုင်တဲ့အတိုင်းအတာဖြစ်ပါတယ်။ သူ့ရဲ့ဂဏန်းတွေကတော့ နံပါတ် တို့ တို့ဖြစ်နိုင်ပါတယ်။ နံပါတ် ဆိုရင်တာ့ ဖုန်းရဲ့အတွင်းပိုင်းထဲထိဝင်တာကို အပြည့်အဝကြီးကာကွယ်မပေးနိုင်ပေမယ့် အတွင်းပိုင်းလုပ်ဆောင်ချက်တွေကို  ထိခိုက်စေတဲ့အတိုင်းအတာလောက်ထိ မဝင်အောင်တော့ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမယ့် နံပါတ် ဆိုရင်တော့ သဲမကလို့ ဖုန်တောင်မဝင်ပဲ ဖုန်ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။ တစ်ခါတစ်လေကျရင်တော့ ဖုန်းကုမ္ပဏီတွေကသူတို့ဖုန်းတွေကို IPX8 လို့ဖော်ပြထားတာကိုတွေ့ရင်တွေ့ဖူးမှာပါ။ ဒါကတော့ သူတို့ပစ္စည်းတွေရဲ့ဖုန်ဒဏ်ခံနိုင်စွမ်းကိုမဖော်ပြဘဲ “X” နဲ့ပဲအစားထိုးဖော်ပြထားတာပါ။

IP rating မှာ ဒုတိယ ဂဏန်းတစ်လုံးကတော့ ဒီပစ္စည်းက ဘယ်လောက်ရေစိုခံနိုင်တယ်ဆိုတဲ့ ရေစိုခံနိုင်နှုန်းပါပဲ။ သူကတော့ နည်းနည်းပိုရှုပ်ပါတယ်။

မိုဘိုင်းလ်ဖုန်းတိုင်းလိုလိုမှာ IP rating တွေက 3,4 ကစပြီး ရှိပါတယ်။ 3,4 တို့လောက်ကတော့ ရေစင်တာ ရေပက်မိသွားတာမျိုးတွေလောက်ကို ကာကွယ်ပေးနိုင်ပြီး မိုးရေထဲသွားလို့ရေစိုသွားရင်တောင် ချက်ချင်းတော့ပျက်မသွားနိုင်တဲ့နှုန်းပါ။

နံပါတ် 5 ကတော့ 6.3mm လောက်ကလာတဲ့ရေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ နံပါတ် 6 ဆိုရင်တော့ 12.5mm လောက်ကလာတဲ့ရေတွေကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါတွေက ရေစင်ရေမှောက်တာလောက်ပဲရှိပါသေးတယ်။ တကယ့်ရေစိုခံနိုင်တာက 7 က စတာပါ။ 7 ဆိုရင်တော့ ရေအောက်၁မီတာလောက်ကိုကျသွားခဲ့ရင်တောင် ကာကွယ်ပေးနိုင်ပါပြီ။ ဒါပေမယ့် ၁မီတာအကျော်ဆိုရင်တော့ နောက်ဆုံး IP 68 မှ စိတ်ချရပါမယ်။ ဒါပေမယ့်ဘယ်ဖုန်းကမှ လုံးဝရေစိုခံဆိုတာတော့မရှိသေးပါဘူး။ ရေစိုခံနှုန်း နံပါတ် 9 ကိုရောက်လာရင်တော့ ရေထဲကျရင်တောင် ဘယ်နှစ်နာရီလောက်ထိခံနိုင်တယ်ဆိုတာမျိုးလာပါပြီ။ ဒီလိုဖုန်းမျိုးကတော့ လုံးဝကိုသေချာကာကွယ်ထား အုပ်ထားနိုင်တဲ့ဖုန်းမျိုးပဲဖြစ်မှာပါ။

တစ်ချို့ဖုန်းတွေကတော့ ရေဝင်ခဲ့ရင်တောင် ခဏလောက်ပဲဆို ဆိုးဆိုးဝါးဝါးပျက်သွားတာမျိုးတွေမရှိပါဘူး။

ဘယ်ဖုန်းတွေမှာ IP rating ဘယ်လောက်တွေရှိကြသလဲ??

၁၀၀% ရေစိုခံတဲ့ဖုန်းတော့ ခုထိမရှိသေးပါဘူး။ ဒါပေမယ့် မတော်တဆများ ရေမှောက်သွားတာဖြစ်ဖြစ် ရေနက်နက်ထဲကျသွားတာဖြစ်ဖြစ် ဖြစ်လာခဲ့ရင်တော့ IP rating ကောင်းရင် ခံသာသေးတာပေါ့။

တုန်ခါနှုန်း ရေဒဏ် ဖုန်ဒဏ် ဒါတွေကိုကာကွယ်နိုင်တဲ့ အကြမ်းခံနိုင်ဆုံးဖုန်းတွေကတော့ AGM X2, Doogee S60 နဲ့ Ulefone Armor 2 ဒါတွေပါပါတယ်။ ရေစိုခံနိုင်တဲ့ IP rating မြင့်မြင့်ဖုန်းတွေဝယ်ထားရင်တော့ ရေချိုးခန်းထဲ ရေကူးကန်နားတွေယူသွားတဲ့အခါ စိတ်ပူစရာမလိုပါဘူး။

   IP 67 ဆိုရင် iPhone X, Huawei Mate 10 Pro, Google Pixel 2, Pixel 2 XL, HTC U11, iPhone 8, iPhone 7 ဒါတွေရှိပါတယ်။ IP 68 ဆိုရင်တော့ Samsung Galaxy Note 8, Galaxy S8, Galaxy S8 Plus, LG V30, LG G6, Sony Xperia XZ1, Sony Xperia XZ premium နဲ့ Samsung Galaxy S7 ဖုန်းတွေရှိပါတယ်။

Ref: TechRadar

%d bloggers like this: