0 Shares 29 Views

မိုဘိုင်းလ်ဖုန်းများမပါပဲ Microsoft ၏ Window 10 ကိုသုံးစွဲသူ သန်း၂၇၀ ရှိလာ

Microsoft ရဲ့ နောက်ဆုံးထွက် Window ဗားရှင်းစနစ် Window 10 ဟာထွက်ရှိပြီး ရှစ်လအကြာမှာ သုံးစွဲသူဦးရေဟာ သန်း၂၇၀ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲတဲ့ အင်္ဂါနေ့က ဆန်ဖရန်စစ္စကိုမှာပြုလုပ်ခဲ့တဲ့ ပွဲမှာ အကြီးအကဲဖြစ်သူ Terry Myerson ကအခုလိုပဲ ပြောခဲ့တာဖြစ်ပါတယ်။

Myerson က Window 10 ကို ပစ္စည်းအမျိုးကွဲပေါင်း ၅၀၀ ခန့်မှာ သုံးစွဲနိုင်အောင်စီစဉ်ထားတာဖြစ်ပြီး သန်း၂၇၀ ထဲမှာ မိုဘိုင်းလ်တွေကနေတစ်ဆင့် သုံးစွဲသူဦးရေမပါဝင်ကြောင်းပြောခဲ့ပါတယ်။ အဲ့ဒီအပြင် Window နှစ်ပတ်လည်အထိမ်းအမှတ် အနေနဲ့ Window 10 ကိုလာမယ့်နွေအမှီ Free ရယူနိုင်အောင် အကြီးစားပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းလောကမှာ ကောင်းမွန်စွာအောင်မြင်မှုမရရှိသေးတဲ့ Window ဟာ တစ်ကမ္ဘာလုံးသုံးစွဲသူပမာဏ ၁.၆ရာခိုင်နှုန်းသာရရှိထားတာဖြစ်ပြီး Google ရဲ့ Android စနစ်ရဲ့ သုံးစွဲသူပမာဏ ၈၃ရာခိုင်နှုန်း နဲ့ Apple ရဲ့ iOS စနစ်ရဲ့ သုံးစွဲသူ ၁၅ရာခိုင်နှုန်း တို့နဲ့နှိုင်းယှဉ်နိုင်ပါတယ်။

Ref: Reuters

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares11 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
783 shares503 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category