အူရီဒူး၏ ဒေတာလိုက်ပွဲအစီအစဉ်ကို ကာလတိုးမြှင့်

အူရီဒူးမြန်မာမှ  မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် အားလပ်ရက်ကာလအပြီးတွင် သုံးစွဲသူများအတွက် သတင်းကောင်းတစ်ခုမျှဝေပေးလိုက်ပါသည်။ အူရီဒူးမှ သုံးစွဲသူများကို အစဉ်အမြဲဂရုစိုက်အလေးထားသည့်အတွက် ယခုအခါ သုံးစွဲသူများအအကြား အကြိုက်တွေ့ ရေပန်းစားနေသည့် ဒေတာလည်းသုံး ဖုန်းလည်းပြော ဒေတာလိုက်ပွဲအစီအစဉ်ကို ကာလတိုးမြှင့်ပေးလိုက်ပါသည်။

အူရီဒူးသုံးစွဲသူများ ဒေတာလည်းသုံးဖုန်းလည်းပြောဒေတာလိုက်ပွဲအစီအစဉ်ကို စာရင်းသွင်း ဝယ်ယူလိုက်သည့်အခါ ဒေတာအပိုလက်ဆောင်သာမက အူရီဒူးအချင်းချင်းအခမဲ့ ဖုန်းခေါ်ဆိုခွင့် ကိုပါ ရရှိသဖြင့် အူရီဒူး၏ အမြန်ဆန်ဆုံးအင်တာနက်နှင့် ကြည်လည်ပြတ်သားသည့် အသံဝန်ဆောင်မှုကို နှစ်ခြိုက်စွာအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ရွေးချယ်ဝယ်ယူစရာ အစီအစဉ် (၈) မျိုးရှိမည်ဖြစ်ပြီး ဥပမာအားဖြင့် အူရီဒူးသုံးစွဲသူများအနေဖြင့် ၉၉၉ ကျပ်တည်းဖြင့် ဒေတာ ၆၅ဝ မီဂါဗိုက်နှင့် အူရီဒူးအချင်းချင်းအခမဲ့ ဖုန်းခေါ်ဆိုနိုင်ဖို့ အပိုလက်ဆောင် ၁၅ မိနစ်တို့ကို ရရှိမည်ဖြစ်ပါသည်။ ဒေတာအစီအစဉ် ပမာဏများများ ပိုဝယ်လေလေ ပိုများသည့် ဒေတာလက်ဆောင်နှင့် အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုဖို့ မိနစ်များများ ပိုရလေဖြစ်ပါသည်။ *140# ကို ဖုန်းခေါ်ဆိုပြီး မိမိတို့နှစ်သက်ရာ အစီအစဉ်ကို ရွေးချယ်ဝယ်ယူ၍ မိမိ၏ ဒေတာအပိုလက်ဆောင်နှင့် မိနစ်အပိုလက်ဆောင်များ ရယူလိုက်ပါ။

%d bloggers like this: