iPhone X ရောင်းချမှုကို ရပ်နားတော့မယ့် Apple

Apple ဟာ iPhone X ထုတ်လုပ်မှုကို ရပ်နားတော့မယ့်ပုံပေါ်တယ်လို့ Mirabaud ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Neil Campling က ပြောပါတယ်။ အကြောင်းရင်းကတော့ Chips များစွာ ပိုလျှံနေမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကမ္ဘာ့ အကြီးဆုံး Semiconductor ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်တဲ့ Taiwan Semiconductor Manufacturing or TSMC က Chips များကို ပိုလျှံစွာ ထုတ်လုပ်ထားတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး သောကြာနေ့မှာ ကုမ္ပဏီရဲ့ စတော့ ဈေးနှုန်းဟာ ၆.၃ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

Campling ရဲ့ ကုမ္ပဏီဟာ ၁၀ နှစ်ကျော်ကြာ TSMC ရဲ့ ထုတ်လုပ်မှု ဒေတာများကို မှတ်တမ်းကောက်ယူထားပါတယ်။ စမတ်ဖုန်းကို မျက်နှာဖြင့် Unlock လုပ်ပေးတဲ့ iPhone X ရဲ့ Face ID စွမ်းရည်ကို ထောက်ပ့ံ့ပေးတဲ့ Apple ရဲ့ အဓိက ပံ့ပိုးသူ AMS မှာလည်း ပြဿနာများ ရှိနေပါတယ်။

TSMC ရဲ့ ထုတ်လုပ်မှု မှတ်တမ်းများအရ Apple ဟာ လာမယ့်နှစ် မှာ iPhone X Models များကို ထုတ်လုပ်မှာ မဟုတ်ဘူးလို့ ခွဲခြမ်းစိတ်ဖြာသူက ပြောပါတယ်။ iPhone X အမှာစာများ ကျဆင်းလာပြီး TSMC ရဲ့ ထုတ်လုပ်မှု ပြဿနာများဟာ iPhone X ထုတ်လုပ်မှုကို ရပ်နားရမယ့် အဓိက အချက် ဖြစ်တယ်လို့ Campling က ရေးသားထားပါတယ်။ သူက iPhone X ဟာ သေသွားပြီလို့တောင် ပြောပါတယ်။

သူက “ iPhone X ရဲ့ အခြေခံ ပြဿနာက ဈေးနှုန်း အလွန်ကြီးမားနေခြင်းပါ။ စားသုံးသူများဟာ ဈေးနှုန်းကြီးမားတဲ့ စမတ်ဖုန်းများကို မကိုင်ချင်တော့ပါဘူး။ “ လို့ ပြောပါတယ်။

Ref : rt.com

unicode

iPhone X ရောင်းချမှုကို ရပ်နားတော့မယ့် Apple

%d bloggers like this: