iPhone SE 2 ကို လာမယ့်လမှာ မိတ်ဆက်နိုင်

ဂျပန် ဝက်ဆိုက် Macotakara က Case Maker Source ထံကနေ ရရှိထားတဲ့ iPhone SE 2 ရဲ့ သတင်းအချက်အလက်များကို ဖော်ပြထားပါတယ်။ Apple က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် အိုင်ဖုန်းအသစ်များကို ယခုနှစ် နှောင်းပိုင်းမှာ မိတ်ဆက်မှာ ဖြစ်ပေမယ့် iPhone SE 2 ကိုတော့ လာမယ့်လမှာ မိတ်ဆက်မယ်လို့ သတင်းထွက်လာပါတယ်။ Apple ဟာ ဇွန်လမှာ ကျင်းပမယ့် World Wide Developer Conference ထက် စောစီးစွာ iPhone SE 2 ကို မိတ်ဆက်မယ်လို့ ဂျပန် ဝက်ဆိုက်က ဖော်ပြထားပါတယ်။

iPhone SE 2 ဟာ မူလမော်ဒယ်မှာလိုပဲ ၄ လက်မမျက်နှာပြင်ပါလာနိုင်ပါတယ်။ သူဟာ မူလ မော်ဒယ်နဲ့ ပုံသဏ္ဍာန် တူညီပြီး Touch ID လည်းပါလာဦးမှာပါ။ iPhone 7 , iPhone 7 Plus တို့မှာလိုပဲ iPhone SE 2 မှာ Apple ရဲ့ နောက်ဆုံးထုတ် A10 Fusion Chip ပါလာမှာပါ။ သူဟာ လက်ရှိ iPhone SE ရဲ့ A9 Processor ထက် ၄၀ ရာခိုင်နှုန်း ပိုမို လျှင်မြန်ပါတယ်။ A10 Fusion Chip ဟာ HIEF Image Format နဲ့ HEVC Video Compression Standard များကိုလည်း ထောက်ပံ့နိုင်ပါတယ်။ သူ့မှာ 2GB RAM ပါလာပြီး 32GB or 128GB Storage များ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

ကြိုးမဲ့ အားသွင်း စနစ်ကို ထောက်ပံ့ဖို့အတွက် iPhone SE 2 မှာ iPhone 8 , iPhone 8 Plus , iPhone X တို့မှာလို အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားနိုင်ပါတယ်။ သူ့မှာ NFC အခြေပြု Apple Pay ပါလာမှာပါ။ နားကြပ်အပေါက်ကိုတော့ ဖယ်ရှားထားမှာပါ။ Apple ဟာ iPhone 7 ကစပြီး အိုင်ဖုန်းများမှာ နားကြပ်ပေါက်ကို ဖယ်ရှားခဲ့ပါတယ်။ သူ့ရဲ့ ဈေးနှုန်းဟာ ၃၄၉ ဒေါ်လာ ဝန်းကျင်ရှိနိုင်ပါတယ်။

Ref : 9to5mac

unicode

iPhone SE 2 ကို လာမယ့်လမှာ မိတ်ဆက်နိုင်

%d bloggers like this: