0 Shares 43 Views

မိုက်ခရိုဝေ့ဗ်နဲ့ဟင်းချက်သလောက်လွယ်ကူတဲ့ ကမ္ဘာ့ပထမဆုံးဘီယာချက်စက် ပေါ်ထွက်လာ

Jan 07, 2016
0 43

Pico_Kitchen_low-res_4W7A6959

လူတွေကိုယ့်အိမ်မှာကိုယ်ဘီယာချက်သောက်နိုင်တော့မယ်ဆိုတဲ့သတင်းက ဖျော်ရည်ယမကာလုပ်ငန်းတွေအတွက်တော့ သတင်းဆိုးကြီးတစ်ခုပါပဲ။

ဘီယာအလိုအလျောက်ချက်ပေးနိုင်မယ့်စက်ဟာ ဒီနှစ် Las Vegas မှာကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးနည်းပညာပြပွဲ Consumer Electronics Show (CES) မှာ ပြသခဲ့တဲ့ ထုတ်ကုန်အသစ်တွေထဲက တစ်ခုဖြစ်ပါတယ်။

PicoBrew လို့ အမည်ပေးထားတဲ့ ဒီစက်ကို သုံးစွဲသူအနေနဲ့ မိမိစိတ်ကြိုက်ဘီယာအရသာကို ကစော်ဖောက်၊စပ်ကာ သောက်သုံးနိုင်မှာဖြစ်ပါတယ်။ PicoBrew ဟာ ကောက်ပဲသီးနှံနဲ့ တဆေးသီးအဖူးအခြောက်ကို မိမိစိတ်ကြိုက်ရွေးချယ်ထည့်သွင်းရောစပ်ကာ၊ ဘီယာချက်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားလုံးက ဘီယာ ထုတ်လုပ်ရောင်းချသူတွေရဲ့ ဘီယာစပ်နည်းတွေကိုလည်း ကုမ္ပဏီရဲ့ အွန်လိုင်းအရောင်းအ၀ယ်ဈေးကွက်ကနေ ၀ယ်ယူကာ မိမိစိတ်ကြိုက်အရသာကို အိမ်မှာတင် စပ်၊သောက် နိုင်မှာဖြစ်ပါတယ်။

ဘီယာချက်တဲ့အချိန်ကနေ သောက်လို့ ရတဲ့အချိန်ထိ အချိန်နှစ်နာရီခန့် သာကြာမြင့်မှာဖြစ်ပြီး အရသာကလည်း စိတ်ကျေနပ်မှုရစေမှာဖြစ်တယ်လို့  ဆိုပါတယ်။

PicoBrew စက်ကို မေလထဲမှာ တင်ပို့ ရောင်းချသွားဖို့ ရှိပြီး ကြိုတင်မှာယူချင်တယ်ဆိုရင်တော့ ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုဒ် www.picobrew.com ကနေ ၅၉၉ ဒေါ်လာနဲ့  ကြိုတင်မှာယူထားနိုင်ပါတယ်။ လိုအပ်တဲ့ပါဝင်ပစ္စည်းထုပ်တွေကိုလည်း ၀က်ဘ်ဆိုဒ်ကနေ ၀ယ်ယူရရှိနိုင်ပါတယ်။

 

Ref: Mirror

You may be interested

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်

Ko Thuya - Dec 14, 2017

ရှောင်မီရဲ့ စီအီးအိုက Mi 7 ဟာ Qualcomm Snapdragon 845 Chipset ကို ရရှိမယ့် အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Mi 7 နဲ့ Mi 7 Plus…

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း
Android, Apple, FEATURES
0 shares0 views

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း

Ko Thuya - Dec 14, 2017

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ
NEWS, Pc & Laptops
176 shares359 views

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ

Nwe Oo - Dec 14, 2017

Samsung ကတော့ အရမ်းကို ပါးလွှာတဲ့ Ultrabook ပိုင်းကိုသွားနေပါပြီ။ 13.3” version နဲပ Samsung Notebook 9 (2018) က 995g (2.19lbs) လေးပြီး သူ့ထက်ပိုကြီးတဲ့ 15” မော်ဒယ်လ်ကတော့ 1,250g (2.76lbs) ပဲ…

Leave a Comment

Most from this category