0 Shares 197 Views

Iron Man ရုပ်ရှင်ထဲက Jarvis လို AI ကိုထုတ်လုပ်မယ့် Microsoft

Mar 31, 2016
0 197

Microsoft ဟာ အနာဂါတ်မှာ စက်ရုပ်တွေနဲ့အတူ ကုမ္ပဏီကို လည်ပတ်တော့မလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်လာပါတယ်။ Microsoft အနေနဲ့ email ပို့တာ၊ စကားပြောတာတွေကို ဘာသာစကားအမျိုးမျိုးနဲ့ ဘာသာပြန်တာ၊ ဟိုတယ်မှာ ဘွတ်ကင်လုပ်တာ၊ စတဲ့ အချက်အလက်အသေးစားတွေကအစ လုပ်နိုင်မှာဖြစ်ပါတယ်။ Iron Man ရုပ်ရှင်ထဲက Tony Stark ရဲ့ ဒစ်ဂျစ်တယ်အစေခံ Jarvis လိုသဘောမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ Microsoft ဟာ သူတို့ရဲ့ နည်းပညာလောကကို အမျိုးအစားကွဲပြားတဲ့ Jarvises တွေနဲ့ ဖွဲ့စည်းလိုနေတာလည်းဖြစ်ပါတယ်။

tony stark & jarvis

“ကျွန်တော်တို့အနေနဲ့ အခွင့်အလမ်းအသစ်ကိုဦးဆောင်တဲ့သူတွေဖြစ်လာနိုင်ဖို့ တကယ်စိတ်လှုပ်ရှားနေပါပြီ၊” လို့ Microsoft ရဲ့ CEO ဖြစ်သူ Satya Nadella က ဆန်ဖရန်စ္စကိုမှာပြုလုပ်တဲ့ ပွဲမှာပြောကြားခဲ့တာ ဖြစ်ပါတယ်။ Microsoft ရဲ့ ယခုလုပ်ဆောင်တဲ့ Program အသစ်ဟာ နောက်ပိုင်းမှာလူတွေနဲ့ AI တွေအကြားမှာ ပိုမိုတဲ့ဆက်ဆံရေးအခြေအနေတွေ ဖြစ်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သင့်ကို သူတို့ရဲ့ထုတ်ကုန်တွေကို အွန်လိုင်းဝန်ဆောင်မှုတွေကတစ်ဆင့် သက်ဆိုင်ရာကဏ္ဍကိုခေါ်သွားမယ့် Google နဲ့ Apple တို့ရဲ့ပုံစံနဲ့တော့တူမှာမဟုတ်ပါဘူး။

တစ်နည်းကတော့ Microsoft ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ Google ရဲ့ Android လိုမျိုး ဖုန်းတွေကနေတစ်ဆင့် Virtual Assist တွေ ထောက်ပံ့နိုင်ပေးမှာဖြစ်ပြီး သင့်အနေနဲ့ ဘာလုပ်မယ်ဆိုတာ ကြည့်ရှုပေးမှာပါ။ ပြက္ခဒိန်ထဲမှာ သွားရမယ့် Appoinment တွေထည့်သွင်းတာ၊ email လက်ခံတာ စတာတွေကိုလည်း ပြုလုပ်ပေးနိုင်မှာပါ။

ဒါပေမယ့် Developer တွေကတော့ သူတို့ရဲ့ AI စနစ်နဲ့ပတ်သက်လို့ စိတ်လှုပ်ရှားနေကြတာလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ AI နယ်ပယ်မှာဆိုရင် Microsoft ဟာ အောင်မြင်မှု သိပ်မရှိတာကြောင့်လည်း ဖြစ်ပါတယ်။ အရင်အပတ်ကလည်း Microsoft ဟာရှက်ဖွယ်ကောင်းတဲ့ အမှားတစ်ခုဖြစ်ပေါ်ခဲ့ပါသေးတယ်။ ကုမ္ပဏီကထုတ်လုပ်မိတ်ဆက်ထားတဲ့ “Tay” လို့အမည်ရတဲ့ AI ဟာ Twitter မှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ ညစ်ညမ်းဖွယ်စကားရပ်တွေ ပြောဆိုတတ်လာမှုကြောင့် Microsoft ကဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

Ref: CNet, CBS News

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category