တစ်ကိုယ်ရည်သုံး သယ်ပို့စက်ရုပ်လေး Loomo

ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အကောင်းဆုံး robot တွေထဲကတစ်ခုဖြစ်တဲ့ Loomo ဆိုတဲ့ scooter လေးအကြောင်းပါ။ ခုနောက်ပိုင်း တစ်ယောက်သုံးသယ်ပို့ရွေ့လျားယာဉ်တွေက တဖြည်းဖြည်းမိုက်လာ၊ သေးငယ်လာပြီး အရင်တုန်းကထက် ပိုပိုချစ်ဖို့ကောင်းလာကြပါပြီ။

ဒါဆို  ဒီ Loomo လေးအကြောင်းစပြောရအောင်…

ဒီ ဘီးနှစ်လုံးပါ Loomo scooter လေးကတော့ Segway Robotics ကနေ ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ စီးရတာလွယ်ကူတဲ့အပြင် သူကိုယ်တိုင်ချိန်သားကိုက်အောင် ချိန်ညှိပေးနိုင်ပါတယ်။

blank

ကွန်ပျူတာအမြင်ကို အထူးပြုလုပ်ထားတဲ့အတွက် ကိုယ့်နောက်ကို အော်တိုတောက်လျှောက်လိုက်ပြီး ဗီဒီယိုတွေကို ငြိမ်ငြိမ်သက်သက်ရိုက်ကူးပေးနိုင်ပါတယ်။

blank

ချစ်စရာကောင်းတဲ့ပုံစံ အမူအရာတွေက ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ပျော်ရွှင်စေမှာပါ။

blank

Loomo app နဲ့ ကိုယ်ကိုယ်တိုင် Loomo လိုလုပ်ပြီး သူနဲ့ စကားပြောနိုင် စာရိုက်အပြန်အလှန်ပြောနိုင်ပါတယ်။

blank

(OTA) Loomo ကတော့ သူ့ရဲ့ဆော့ဖ်ဝဲလ်ကို အမြဲတောက်လျှောက် update လုပ်နေမှာဖြစ်လို့ feature အသစ်အသစ်တွေက အဆန်းတွေဖြစ်နေမှာပါ။

blank

နည်းပညာစိတ်ဝင်စားသူတွေ ဖန်တီးသူတွေနဲ့ Segway fan တွေကတော့ စီးလည်းစီးနိုင်၊ အပြန်အလှန်ဆက်သွယ်နိုင် စီစဉ်နိုင်တဲ့ Loomo robot လေးကို သဘောကျပါလိမ့်မယ်။

blank

Specification လေးတွေကတော့

blank

သူ့ရဲ့စွမ်းဆောင်ရည်တွေကတော့

3-axis ဖြစ်တဲ့အတွက် သူ့ရဲ့ HD ကင်မရာကို ငြိမ်အောင်ထိန်းပေးနိုင်ပါတယ်။ ငြိမ်သက်အောင် smooth ဖြစ်အောင် ထိန်းပေးနိုင်တဲ့အတွက် အရည်အသွေးမြင့်တဲ့ဗီဒီယိုတွေကို ကောင်းကောင်းရိုက်ကူးနိုင်ရုံတင်မက ပတ်ဝန်းကျင်မှာရှိနေသမျှကိုလည်း ကွန်ပျူတာ vision မှာလာပြပေးနိုင်ပါတယ်။

blank

ကွန်ပျူတာအမြင်နဲ့ အထူးသင်ယူနိုင်တဲ့ deep learning နည်းပညာကြောင့် အရာဝတ္ထုအတားအဆီးတွေကို ရှောင်ကွင်းသွားနိုင်တဲ့ object Detection and Tracking စနစ်၊ လူတွေကိုနားလည်နိုင်တဲ့စနစ် Human Understanding System (HUS) တို့ကို သုံးထားပါတယ်။

blank

အတားအဆီးတွေကိုရှောင်ကွင်းသွားနိုင်တဲ့နည်းပညာကတော့ တော်တော်လည်း တိတိကျကျလုပ်ဆောင်နိုင်ပြီး သူ့ရဲ့ DTS က သူသွားလေရာလမ်းကြောင်းမှာရှိတဲ့ လှုပ်ရှားနေတဲ့အရာဝတ္ထုမှန်သမျှကိုလည်း တပြိုင်နက်ဖမ်းယူနိုင်ပါတယ်။ အဆင့်မြင့်အတည်ပြုစနစ်ကိုသုံးထားတာကြောင့် အသုံးပြုသူရဲ့မျက်နှာကိုအတည်ပြုပြီးသုံးရမယ့် facial recognition၊ သူတို့တွေရဲ့အမူအရာတွေကိုကောင်းကောင်းနားလည်နိုင်ဖို့ လက်ဟန်အမူအရာတွေကို analyze လုပ်နိုင်တာအပြင် လက်ဟန်အမူအရာကိုအခြေခံပြီး ခိုင်းစေတာတွေလည်း လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။

blank

အကြမ်းခံတဲ့ရွေ့လျားစနစ်ကြောင့် ဘယ်လိုမြေအခြေအနေမျိုးမှာမစို ဥပမာ ရွှံ့၊ မြက်ခင်း၊ ဆင်ခြေလျှောနဲ့ မညီညာတဲ့မျက်နှာပြင်တွေမှာတောင် ကောင်းကောင်းချောချောမွေ့မွေ့စီးနိုင်ပါတယ်။

blank

ပတ်ဝန်းကျင်မှာရှိနေတဲ့အခြေအနေမြေပုံကိုချက်ချင်းဖန်တီးနိုင်ပြီး သူ့ရဲ့ရွေ့လျားမှု ပတ်ဝန်းကျင်ရဲ့လှုပ်ရှားမှုတွေကို ချက်ချင်းတုန့်ပြန်နိုင်ပါတယ်။ မြေပုံမှာတွေ့မိတဲ့အတားအဆီးမှန်သမျှကိုရှောင်တိမ်းပြီး သူ့ target user နောက်ကို တောက်လျှောက်လိုက်နိုင်တဲ့အတွက် စိတ်ချရတဲ့ Scooter robot လေးတစ်ခုပါပဲ။

အောက်မှာတော့ ဒီ Loomo လေး ဘယ်လိုအလုပ်လုပ်နိုင်သလဲဆိုတာကို ဗီဒီယိုလေးနဲ့ဖော်ပြပေးလိုက်ပါတယ်။

%d bloggers like this: