0 Shares 83 Views

စမတ်ဖုန်းနဲ့ထိန်းချုပ်နိုင်မယ့် ထမင်းပေါင်းအိုးကို Xiaomi မိတ်ဆက်ပြသ

Mar 31, 2016
0 83

Xiaomi ကတော့ စမတ်ဖုန်းဈေးကွက်အပြင်၊ စမတ်အိမ်တွင်းပစ္စည်းဈေးကွက်ကိုပါ ‘Mi Ecosystem’ ဆိုတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ခွဲနဲ့ စတင်ဝင်ရောက်လာပါပြီ။

‘Mi Ecoystem’ ရဲ့ ပထမဦးဆုံး စမတ်အိမ်တွင်းသုံးပစ္စည်းကတော့ စမတ်ထမင်းပေါင်းအိုးဖြစ်ပြီး၊ ဆန်စားသုံးမှု များတဲ့ အာရှနိုင်ငံကမိသားစုတွေ အကြိုက်တွေ့မယ့် ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။

‘Mi လျှပ်စစ်ထမင်းပေါင်းအိုး’ ဟာ Mi စမတ်ထမင်းပေါင်းအိုးမှာ Wi-Fi ချိတ်ဆက်နိုင်မှုလည်းပါဝင်ပြီး၊ Mi Home ဆိုတဲ့ စမတ်ဖုန်း app ကနေတဆင့်၊ ထည့်ထားတဲ့ ဆန်ကို စကင်ဖတ်ကာ၊ ဆန်အမျိုးအစား၊ ကုမ္ပဏီတံဆိပ်နဲ့ ထွက်ရှိရာဒေသတို့ကို ပြောပြနိုင်ပါတယ်။

Mi ပေါင်းအိုးဟာ ဒီအချက်အလက်တွေအပေါ်မူတည်ပြီး ထည့်ထားတဲ့ဆန်အမျိုးအစားအလိုက် အပူပေးစနစ်ကို အလိုအလျောက်ထိန်းချုပ် ချက်ပြုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

Mi ထမင်းပေါင်းအိုးဟာ ထမင်းချက်တာအပြင်၊ ကိတ်မုန့်ဖုတ်တာ၊ဟင်းချက်တာတို့ပါ ပြုလုပ်နိုင်ပြီး၊ Mi ပေါင်းအိုးနဲ့ ချက်နိုင်တဲ့ ဟင်းအမည်တွေကို Mi Home app ထဲမှာ ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။

ဒီပေါင်းအိုးကို တရုတ်နိုင်ငံတွင်းမှာ ဒေါ်လာ ၁၅၀ ဈေးနှုန်းနဲ့ ဧပြီလ ၆ ရက်နေ့က စတင်ရောင်းချသွားမှာ ဖြစ်ပြီး၊ နိုင်ငံတကာဈေးကွက်ကို ဘယ်တော့ဝင်ရောက်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: Tech Crunch, Gadgets360

 

 

 

 

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category