ရောင်းအားအရမ်းသွက်လွန်းနေတဲ့ “TicPods Free” Android နားကြပ်များ

android airpods

၂၀၁၆ တုန်းက Apple ကနေ ကြိုးမဲ့နားကြပ်စစ်စစ်ဖြစ်တဲ့ AirPods ေတွကိုမိတ်ဆက်ခဲ့ပါတယ်။ Bluetooth နားကြပ်တွေဖြစ်လို့ Android ဖုန်းတွေနဲ့လည်း ပြဿနာမရှိအဆင်ပြေပြေသုံးနိုင်တဲ့နားကြပ်တွေပါ။

ဒါပေမယ့် ကွာသွားတာက iPhone user တွေသာရနိုင်တဲ့ feature တွေဖြစ်တဲ့ AirPods တွေရဲ့ဘက်ထရီအားကိုကြည့်တာတွေ၊ Virtual assistant ကိုမြန်မြန်ဖွင့်လို့ရနိုင်တာတွေ ဒါတွေကတော့ Android user တွေအတွက်ရနိုင်မှာမဟုတ်ပါဘူး။ ဒီအတွက်ကံကောင်းစွာနဲ့ iPhone တွေအတွက် AirPods တွေကအဆင်ပြေသလိုမျိုး Mobvoi ကနေ Android ဖုန်းတွေအတွက်အဆင်အပြေဆုံးကြိုးမဲ့နားကြပ်တွေဖြစ်တဲ့ TicPods Free နားကြပ်တွေကို မိတ်ဆက်လိုက်ပါပြီ။

Android AirPods

ဆလင်ဒါပုံရှည်ရှည် stem လည်တံလေးပါတဲ့အတွက် ကြည့်လိုက်ရင် AirPod တွေနဲ့ဒီဇိုင်းဆင်တူနေသလိုပါပဲ။ ဒါပေမယ့် သူကတော့ အရောင်တော်တော်များများရွေးလို့ရပါတယ်။ အရွယ်အစားသေးပေမယ့်လည်း swipe,tap feature တွေက ဖုန်းကို TicPods နဲ့ထိန်းချုပ်နိုင်အောင်လုပ်ပေးထားပါတယ။် ဥပမာ နားကြပ်ရဲ့ တစ်ဖက်ဖစ်ကို ၂ချက်ထိလိုက်ရင် ဖုန်းဖြေတာ ဖုန်းချတာတွေလုပ်လို့ရနိုင်ပါတယ်။ ဖုန်းခေါ်နေတဲ့အချိန်မဟုတ်ရင်တော့ ဒီ ၂ချက်တောက်တဲ့ feature လေးက လက်ရှိနားထောင်နေတဲ့သီချင်းကနေ နောက်ထပ်တစ်ပုဒ်ကျော်လိုက်တဲ့ feature အနေနဲ့အလုပ်လုပ်ပါမယ်။

နားကြပ်ရဲ့လည်တံရှည်လေးကို အထက်အောက်ဆွဲတာကတော့ အသံအတိုးအလျှော့အတွက်ပါ။ ကြာကြာဖိထားရင်တော့ ဖုန်းအဝင် call ကို reject လုပ်တာ၊ ဖုန်းရဲ့ virtual assistant (Google Assistant, Amazon Alexa) ကိုဖွင့်တာတွေလုပ်လို့ရပါတယ်။

AirPods တွေမှာလို နောက်ထပ်ကောင်းတဲ့ feature တစ်ခုက in-ear detection ကိုအလိုအလျောက်လုပ်ပေးနိုင်တာပါ။ ဥပမာ ကိုယ်သီချင်းနားထောင်နေချိန် တစ်ယောက်ယောက်ကစကားလာပြောလို့ နားကြပ်ရဲ့တစ်ဖက်ဖက်ကိုဖြုတ်လိုက်တာနဲ့ သီချင်းကို အော်တို ခဏရပ်ပေးထားမှာပါ။ စကားပြောပြီး နားထဲကိုနားကြပ်ပြန်ထည့်လိုက်တာနဲ့ နားထောင်လက်စသီချင်းကို ဆက်ဖွင့်ပေးသွားမှာပါ။

Mobvoi ရဲ့ TicPods Free နားကြပ်တွေကတော့ တစ်ခါအားသွင်းထားရင် ၄နာရီပဲခံလို့ မကြာဘူးလို့ထင်ရပေမယ့် အားအပြည့်သွင်းဖို့အတွက်က မိနစ် ၄၀လောက်ပဲကြာပါတယ်။ အဖြူ၊ အပြာနဲ့ အနီဆိုပြီး အရောင်၃မျိုးနဲ့လာပါတယ်။ Mobvoi ရဲ့ Indiegogo campaign မှာစောစောကြိုတင်မှာယူသူတွေအတွက်ကတော့ $59 ပဲကျသင့်မှာပါ။ store တွေမှာတင်တဲ့အချိန်ထိစောင့်မယ်ဆိုရင်တော့ $129 လောက်ပေးရမှာဖြစ်ပြီး ဒီနှစ်ဇူလိုင်လမှာ တင်ပို့ရောင်းချသွားမှာပါ။

အရောင်းသွက်တဲ့အတွက် ခုချိန်ဆိုရင်တော့ $59 နဲ့ဝယ်ယူနိုင်မယ့်အရေအတွက်ကုန်သွားပါပြီ။ အနည်းဆုံး $79 နဲ့ရွေးဝယ်ဖို့ကတော့ တစ်ဝက်လောက်ကျန်ပါသေးတယ်။ သူပါကုန်သွားရင်တော့ TicPods Free တွေကို $99 နဲ့ကြိုတင်ရောင်းချပေးသွားမှာဖြစ်ပြီး $99 ပြီးရင်တော့ ဘယ်လောက်နဲ့ရောင်းချမယ်မသိရသေးပါဘူး။

Apple အတွက် AirPods တွေက ပြီးပြည့်စုံသလိုမျိုး Android အတွက် TicPods Free တွေကလည်း စိတ်ကြိုက်ဖြစ်မယ်ဆိုရင် အခုပဲ Indiegogo page ကိုသွားပြီး မကုန်ခင်ဝယ်ယူလိုက်ပါ။

PRE-ORDER TICPODS FREE

Ref: AndroidAuthority

%d bloggers like this: