111 Shares 92 Views

Facebook Mobile App မွာ Links မ်ားကို ႏွစ္သက္ရာ Browser နဲ႔ ဖြင့္နည္း

Apr 17, 2018
111 92

Facebook Mobile App ကို အသံုးျပဳသူမ်ားအေနနဲ႔ Newsfeed မွ Link တစ္ခုကို ႏွိပ္လိုက္ရင္ သင္ႏွစ္သက္တဲ့ ဘေရာက္စာကေန ဖြင့္ေပးျခင္းမရွိဘဲ Facebook ရဲ႕ ကိုယ္ပိုင္ ဘေရာက္စာကေန ဖြင့္ေပးတာ ျဖစ္ပါတယ္။

Facebook ကေတာ့ သူ႔ရဲ႕ ဘေရာက္စာဟာ Links မ်ားကို ပိုမိုျမန္ဆန္စြာ ဖြင့္ေပးႏုိင္တယ္လို႔ ေျပာေပမယ့္ တကယ္ေတာ့ ေႏွးေကြးပါတယ္။ စြမ္းေဆာင္ရည္နိမ့္ဖုန္းမ်ားမွာေတာ့ Facebook App ကေန အျခား Browser App တစ္ခုကို ေျပာင္းစရာမလိုဘဲ ဖြင့္ေပးႏုိင္တဲ့အတြက္ ျမန္ဆန္ေကာင္းျမန္ဆန္ႏုိင္ပါတယ္။ ဒါေပမယ့္ ေလးလံတဲ့ Webpage ေတြ၊ ဓါတ္ပံုေတြနဲ႔ ေၾကာ္ညာမ်ားစြာ ပါတဲ့ Webpage ေတြကို ဖြင့္ရာမွာေတာ့ Facebook ရဲ႕ ဘေရာက္စာဟာ Chrome ေလာက္ မျမန္ပါဘူး။ အဲဒီအတြက္ Facebook မွ Link ေတြကို Chrome လို ဘေရာက္စာကေန ဖြင့္ေပးႏုိင္ေအာင္ ျပဳလုပ္ရတဲ့ နည္းလမ္းကို ေဖာ္ျပေပးလိုက္ပါတယ္။

Chrome နဲ႔ ေျပာင္းဖြင့္ျခင္း

Facebook မွာ လင့္တစ္ခုကို ႏွိပ္ရင္ သူ႔ရဲ႕ ကိုယ္ပိုင္ ဘေရာက္စာနဲ႔ ဖြင့္ေပးမွာပါ။ Chrome နဲ႔ ေျပာင္းဖြင့္ခ်င္ရင္ Facebook Browser ရဲ႕ ညာဘက္အေပၚေထာင့္မွ ေဒါင္လိုက္ အစက္သံုးစက္ကို ႏွိပ္ၿပီး Open in Chrome သို႔မဟုတ္ Open with ကို ႏွိပ္ရမွာပါ။

ဒီနည္းက သိပ္ေတာ့ အဆင္မေျပလွပါဘူး။ ဘာလို႔လည္းဆိုေတာ့ အဆင့္တစ္ဆင့္ ၾကားမွာခံေနလို႔ ျဖစ္ပါတယ္။ လင့္ကို ႏွိပ္လိုက္တာနဲ႔ Facebook Browser အစား Chrome မွာ တိုက္ရိုက္ဖြင့္ေပးေအာင္ ျပဳလုပ္မွသာ အဆင္ေျပမွာပါ။

ဒီလိုလုပ္ဖို႔အတြက္ Facebook Browser ကို ပိတ္ထားရမွာပါ။ Facebook App ရဲ႕ ညာဘက္အေပၚေထာင့္မွ Navigation Button ကို ႏွိပ္ပါ။ ေအာက္ကို Scroll လုပ္ၿပီး Help & Settings က႑ေအာက္မွ App Settings ကို ႏွိပ္ပါ။

“ Always open links with external browser “ Or “ Links open externally “ မွာ အမွန္ျခစ္ေပးၿပီး On ျဖစ္ေအာင္ လုပ္ပါ။ Back Button ကိုႏွိပ္ၿပီး Settings ထဲက ထြက္ႏုိင္ပါၿပီ။

ဒါဆိုရင္ Facebook မွ လင့္တစ္ခုကို ႏွိပ္ရင္ Chrome သို႔မဟုတ္ သင့္ရဲ႕ Default Browser နဲ႔ ဖြင့္ေပးမွာ ျဖစ္ပါတယ္။

Ref : howtogeek

unicode

Facebook Mobile App မှာ Links များကို နှစ်သက်ရာ Browser နဲ့ ဖွင့်နည်း
Facebook Mobile App ကို အသုံးပြုသူများအနေနဲ့ Newsfeed မှ Link တစ်ခုကို နှိပ်လိုက်ရင် သင်နှစ်သက်တဲ့ ဘရောက်စာကနေ ဖွင့်ပေးခြင်းမရှိဘဲ Facebook ရဲ့ ကိုယ်ပိုင် ဘရောက်စာကနေ ဖွင့်ပေးတာ ဖြစ်ပါတယ်။

Facebook ကတော့ သူ့ရဲ့ ဘရောက်စာဟာ Links များကို ပိုမိုမြန်ဆန်စွာ ဖွင့်ပေးနိုင်တယ်လို့ ပြောပေမယ့် တကယ်တော့ နှေးကွေးပါတယ်။ စွမ်းဆောင်ရည်နိမ့်ဖုန်းများမှာတော့ Facebook App ကနေ အခြား Browser App တစ်ခုကို ပြောင်းစရာမလိုဘဲ ဖွင့်ပေးနိုင်တဲ့အတွက် မြန်ဆန်ကောင်းမြန်ဆန်နိုင်ပါတယ်။ ဒါပေမယ့် လေးလံတဲ့ Webpage တွေ၊ ဓါတ်ပုံတွေနဲ့ ကြော်ညာများစွာ ပါတဲ့ Webpage တွေကို ဖွင့်ရာမှာတော့ Facebook ရဲ့ ဘရောက်စာဟာ Chrome လောက် မမြန်ပါဘူး။ အဲဒီအတွက် Facebook မှ Link တွေကို Chrome လို ဘရောက်စာကနေ ဖွင့်ပေးနိုင်အောင် ပြုလုပ်ရတဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။

Chrome နဲ့ ပြောင်းဖွင့်ခြင်း

Facebook မှာ လင့်တစ်ခုကို နှိပ်ရင် သူ့ရဲ့ ကိုယ်ပိုင် ဘရောက်စာနဲ့ ဖွင့်ပေးမှာပါ။ Chrome နဲ့ ပြောင်းဖွင့်ချင်ရင် Facebook Browser ရဲ့ ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Open in Chrome သို့မဟုတ် Open with ကို နှိပ်ရမှာပါ။

1

ဒီနည်းက သိပ်တော့ အဆင်မပြေလှပါဘူး။ ဘာလို့လည်းဆိုတော့ အဆင့်တစ်ဆင့် ကြားမှာခံနေလို့ ဖြစ်ပါတယ်။ လင့်ကို နှိပ်လိုက်တာနဲ့ Facebook Browser အစား Chrome မှာ တိုက်ရိုက်ဖွင့်ပေးအောင် ပြုလုပ်မှသာ အဆင်ပြေမှာပါ။

ဒီလိုလုပ်ဖို့အတွက် Facebook Browser ကို ပိတ်ထားရမှာပါ။ Facebook App ရဲ့ ညာဘက်အပေါ်ထောင့်မှ Navigation Button ကို နှိပ်ပါ။ အောက်ကို Scroll လုပ်ပြီး Help & Settings ကဏ္ဍအောက်မှ App Settings ကို နှိပ်ပါ။

2

“ Always open links with external browser “ Or “ Links open externally “ မှာ အမှန်ခြစ်ပေးပြီး On ဖြစ်အောင် လုပ်ပါ။ Back Button ကိုနှိပ်ပြီး Settings ထဲက ထွက်နိုင်ပါပြီ။
3

ဒါဆိုရင် Facebook မှ လင့်တစ်ခုကို နှိပ်ရင် Chrome သို့မဟုတ် သင့်ရဲ့ Default Browser နဲ့ ဖွင့်ပေးမှာ ဖြစ်ပါတယ်။

Ref : howtogeek

You may be interested

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ
NEWS
0 shares0 views

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ ျမန္မာႏိုင္ငံအေၾကာင္း ခ်ီးက်ဴးေျပာဆိုမွဳေၾကာင့္ ေဝဖန္ခံေနရပါတယ္။ လူ႕အခြင့္အေရးခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ထြက္ေနတဲ့ ျမန္မာႏိုင္ငံကို လည္ပတ္ဖို႕ အေကာင္းဆုံးေနရာတခု ျဖစ္ေၾကာင္း Jack Dorsey က တနဂၤေႏြေန႕မွာ ေရးသားခဲ့အျပီးမွာ ေဝဖန္ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ
HUBS, Mobiles & Tablets, NEWS
124 shares41 views

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ

Ko Thuya - Dec 10, 2018

ZTE က မၾကာခင္ကပဲ မ်က္ႏွာျပင္ ႏွစ္ခု ပါတဲ့ Nubia X ကို ေၾကညာခဲ့ပါတယ္။ သူ႕အတြက္ 64 or 256GB မ်ား ထုတ္လုပ္ေပးထားပါတယ္။ အခုေတာ့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro
Android, HUBS, Mobiles & Tablets
176 shares31 views

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ေခါင္းစဥ္နဲ႔အတူ မိတ္ဆက္ေပးလာတဲ့ high-end R series အသစ္ OPPO R17 Pro ကိုေတာ့ (၈၉၉,၉၀၀) က်ပ္ျဖင့္ ဒီဇင္ဘာ (၁၀) ရက္ေန႕ ကစၿပီး…

Leave a Comment

Most from this category