204 Shares 141 Views
သင့် နှလုံးခုန်နှုန်းကို တိုင်းတာပေးမယ့် Instant Heart Rate (Android App)
Apr 17, 2018
204 141
Download
Ref : androidpit
unicode
သင့် နှလုံးခုန်နှုန်းကို တိုင်းတာပေးမယ့် Instant Heart Rate
စမတ်ဖုန်းများဟာ ဖုန်းပြောဖို့ သက်သက် မဟုတ်တော့ပါဘူး။ စမတ်ဖုန်းတွေက သင့့် ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု Apps များထဲက လူကြိုက်များတဲ့ တစ်ခုက Instant Heart Rate ဖြစ်ပါတယ်။ အခြား နှလုံးခုန်နှုန်းတိုင်းတာတဲ့ ကိရိယာများကို သင့်ဖုန်းနဲ့ ချိတ်ဆက်စရာမလိုဘဲ App က သင့် နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပါတယ်။ သူက စမတ်ဖုန်းကင်မရာကနေ သင့်လက်ချောင်းမှ သွေးခုန်နှုန်းများကို တိုင်းတာပေးတာ ဖြစ်ပါတယ်။ သင့်နှလုံး ကျန်းမာရေးကို ဂရုစိုက်ချင်သူများအတွက် အလွန် ကောင်းမွန်ပါတယ်။ Instant Heart Rate ဟာ နာမည်ကြီး App ဖြစ်ပြီး သုံုးစွဲသူ ၂၅ သန်းကျော်ရှိနေပါပြီ။ အလွန်တိကျပြီး ကိုယ်လက်ကြံ့ခိုင်ရေး နည်းပြများ၊ အားကစားသမားများက အမြဲ စမ်းသပ်နေကြပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ App ကို ဖွင့်ပြီး လက်ချောင်းကို စမတ်ဖုန်း ကင်မရာအပေါ်တင်ထားလိုက်ရုံပါပဲ။ စက္ကန့်ပိုင်းအတွင်းမှာ သင့်နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပါတယ်။ အကောင့်တစ်ခု ဖန်တီး သို့မဟုတ် Facebook အကောင့်နဲ့ ချိတ်ဆက်ထားမယ်ဆိုရင်တော့ သင့်နှလုံုးခုန်နှုန်းများကို သိမ်းဆည်းပေးထားမှာ ဖြစ်ပြီး အခြား Device များကနေ ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ အခမဲ့ အသုံးပြုရင်တော့ နောက်ဆုံး တိုင်းတာထားတဲ့ နှလုံးခုန်နှုန်း ငါးခုကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခပေး အသုံးပြုရင်တော့ အကန့်အသတ်မရှိ သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။
Instant Heart Rate ကို ပထမဆုံး အကြိမ်ဖွင့်ရင် အသုံးပြုနည်းကို ပြသပေးမှာ ဖြစ်ပါတယ်။ အောက်ခြေမှ Get Started ခလုတ်ကို နှိပ်ပါ။
နောက်အဆင့်မှာ သင့်လက်ချောင်းတစ်ခုကို ဖုန်းကင်မရာအပေါ်ကို တင်ပါ။ ၁၀ စက္ကန့်လောက် ငြိမ်ငြိမ်လေးထားပေးပါ။ သင့်ဖုန်းမှာ LED Flash မပါရင်တော့ အလင်းရောင် ကောင်းစွာ ရရှိတဲ့ နေရာမှာ တိုင်းတာပါ။
ပုံ ၄
ပြီးရင်တော့ သင့်နှလုံးခုန်နှုန်းကို ပြသပေးမှာ ဖြစ်ပါတယ်။ စာရေးသူစမ်းသပ်ချက်အရ တစ်မိနစ်လျှင် နှလုံးခုန်တဲ့ အရေအတွက်ကို 87bpm ( Beats per minute) ဖြင့် တွက်ချက်ပြသပေးပါတယ်။ 60 နဲ့ 90 ကြားမှာ ရှိရင်တော့ သာမာန်နှလုံးခုန်နှုန်း ဖြစ်ပါတယ်။ OK ကို နှိပ်ပါ။
ပုံ ၅
နောက်အဆင့်မှာ သင့်နှလုံးခုန်နှုန်းများကို သိမ်းဆည်းထားဖို့အတွက် အကောင့်တစ်ခု ပြုလုပ်ခိုင်းပါတယ်။ သင့် အီးမေးနဲ့ အကောင့်လုပ်နိုင်သလို Facebook အကောင့်နဲ့ Signin လုပ်နိုင်ပါတယ်။
Settings ထဲမှာ Google Fit နဲ့ Instant Heart Rate ကို ချိတ်ဆက်နိုင်ပါတယ်။ Google Fit ဟာ သင့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဒေတာများကို သိမ်းဆည်းပေးထားတာ ဖြစ်ပြီး အခြား ကျန်းမာရေး စောင့်ရှောက်မှု App များက အဲဒီဒေတာများကို ရယူအသုံးပြုနိုင်ပါတယ်။ Instant Heart Rate ရဲ့ ဖိုင်အရွယ်အစားဟာ 4MB ရှိပြီး အောက်ပါ လင့်မှာ ရယူပါ။
Download
Ref : androidpit
You may be interested
OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
0 shares0 views
OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Ko Thuya - Jul 18, 2018
OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…
လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
134 shares31 views
လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
Nwe Oo - Jul 18, 2018
[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…
မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
201 shares47 views
မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Tha Ra - Jul 18, 2018
[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…
Leave a Comment
Most from this category