86 Shares 35 Views

AI နဲ႔ ေရစိုခံ စြမ္းရည္ပါတ့ဲ လံုျခံဳေရး ကင္မရာ

Apr 17, 2018
86 35

EverCam လို႔ အမည္ေပးထားတဲ့ လံုျခံဳေရး ကင္မရာဟာ ေရစိုခံၿပီး HD Video မ်ားကို ဖမ္းယူေပးႏိုင္ပါတယ္။ အိမ္တြင္း၊ အိမ္ျပင္မွာ သံုးႏုိင္ပါတယ္။ သူ႔ကို မီးပလက္ေပါက္မ်ားနဲ႔ သြယ္တန္းစရာ မလိုသလို ၀က္အူမ်ားျဖင့္ နံရံမွာ တြယ္ဆက္ထားစရာလည္း မလိုအပ္ပါဘူး။ သူ႔မွာ ပါတဲ့ သံလိုက္ျဖင့္ သတၱဳမ်က္ႏွာျပင္မွာ ကပ္ထားလိုက္ရံုပါပဲ။ နံရံမွာ ၀က္အူနဲ႔ တြယ္ဆက္ထားခ်င္ရင္လည္း အေပါက္တစ္ခုကို ထည့္သြင္းေပးထားပါတယ္။ သူ႔ရဲ႕ အေကာင္းဆံုး စြမ္းရည္ကေတာ့ တစ္ခါအားသြင္းထားရင္ ၃၆၅ ရက္ အသံုးခံျခင္း ျဖစ္ပါတယ္။

သူဟာ Wireless အမ်ိဳးအစား ျဖစ္ၿပီး 13400mAh Lithium –ion Battery ပါပါတယ္။ သူဟာ လႈပ္ရွားမႈမ်ားကို မေတြ႕ရရင္ Standby Mode ကို ေျပာင္းေပးပါတယ္။ လႈပ္ရွားမႈကို ေတြ႕ရင္ေတာ့ သူက ဗီဒီယို ရိုက္ကူးၿပီး သူ႔မွာ ထည့္သြင္းထားတဲ့ 16GB microSD Card မွာ သိမ္းေပးထားႏုိင္ပါတယ္။ သူဟာ ၀ိုင္ဖိုင္ဆက္သြယ္မႈကေန Base Station နဲ႔ ခ်ိတ္ဆက္ အလုပ္လုပ္ပါတယ္။ Base Station ကို ေနအိမ္ထဲမွာ ထားရွိရပါတယ္။

ကဒ္မွာ သိမ္းထားတဲ့ ဗီဒီယိုမ်ားကို ၾကည့္ဖို႔အတြက္ ကဒ္ကို Base Station မွာ ထည့္သြင္းရပါတယ္။ Base Station ကို သင့္ ကြန္ျပဴတာ၊ စမတ္ဖုန္းမ်ားနဲ႔ ခ်ိတ္ဆက္၍ ဗီဒီယိုမ်ားကို ၾကည့္ရႈႏုိင္ပါတယ္။ Cloud ကို သံုးထားျခင္း မရွိတဲ့အတြက္ အေ၀းကေန ဗီဒီယိုမ်ားကို တိုက္ရိုက္ ၾကည့္လို႔ေတာ့ မရပါဘူး။ ဗီဒီယိုအေဟာင္းမ်ားကို အလိုအေလွ်ာက္ ဖ်က္ဆီးေပးတဲ့အတြက္ ကဒ္မွာ ေနရာျပည့္သြားမွာ စိတ္ပူစရာ မလိုပါဘူး။ တစ္လလွ်င္ ၂.၉၉ ေဒၚလာျဖင့္ Cloud Storage ကို ၀ယ္ယူသံုးရင္ေတာ့ ဗီဒီယိုမ်ားကို သင့္ အိမ္ျပင္ပကေနေတာင္ တိုက္ရုိက္ ေစာင့္ၾကည့္ႏုိင္ပါတယ္။

သူ႔ရဲ႕ ဥာဏ္ရည္တု နည္းပညာက အိမ္သားမ်ားကို မွတ္မိပါတယ္။ လူစိမ္း၀င္လာရင္လည္း သူက သိရွိၿပီး ဗီဒီယို မွတ္တမ္းတင္ျခင္း၊ သင့္ထံ Notification ေပးပို႔ျခင္းမ်ားကို ျပဳလုပ္ေပးႏုိင္ပါတယ္။ သူ႔ကို ၂၉၉ ေဒၚလာျဖင့္ ေရာင္းခ်မွာပါ။

Ref : pocket-lint

unicode

AI နဲ့ ရေစိုခံ စွမ်းရည်ပါတဲ့ လုံခြုံရေး ကင်မရာ

EverCam လို့ အမည်ပေးထားတဲ့ လုံခြုံရေး ကင်မရာဟာ ရေစိုခံပြီး HD Video များကို ဖမ်းယူပေးနိုင်ပါတယ်။ အိမ်တွင်း၊ အိမ်ပြင်မှာ သုံးနိုင်ပါတယ်။ သူ့ကို မီးပလက်ပေါက်များနဲ့ သွယ်တန်းစရာ မလိုသလို ဝက်အူများဖြင့် နံရံမှာ တွယ်ဆက်ထားစရာလည်း မလိုအပ်ပါဘူး။ သူ့မှာ ပါတဲ့ သံလိုက်ဖြင့် သတ္တုမျက်နှာပြင်မှာ ကပ်ထားလိုက်ရုံပါပဲ။ နံရံမှာ ဝက်အူနဲ့ တွယ်ဆက်ထားချင်ရင်လည်း အပေါက်တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ သူ့ရဲ့ အကောင်းဆုံး စွမ်းရည်ကတော့ တစ်ခါအားသွင်းထားရင် ၃၆၅ ရက် အသုံးခံခြင်း ဖြစ်ပါတယ်။

သူဟာ Wireless အမျိုးအစား ဖြစ်ပြီး 13400mAh Lithium –ion Battery ပါပါတယ်။ သူဟာ လှုပ်ရှားမှုများကို မတွေ့ရရင် Standby Mode ကို ပြောင်းပေးပါတယ်။ လှုပ်ရှားမှုကို တွေ့ရင်တော့ သူက ဗီဒီယို ရိုက်ကူးပြီး သူ့မှာ ထည့်သွင်းထားတဲ့ 16GB microSD Card မှာ သိမ်းပေးထားနိုင်ပါတယ်။ သူဟာ ဝိုင်ဖိုင်ဆက်သွယ်မှုကနေ Base Station နဲ့ ချိတ်ဆက် အလုပ်လုပ်ပါတယ်။ Base Station ကို နေအိမ်ထဲမှာ ထားရှိရပါတယ်။

ကဒ်မှာ သိမ်းထားတဲ့ ဗီဒီယိုများကို ကြည့်ဖို့အတွက် ကဒ်ကို Base Station မှာ ထည့်သွင်းရပါတယ်။ Base Station ကို သင့် ကွန်ပြူတာ၊ စမတ်ဖုန်းများနဲ့ ချိတ်ဆက်၍ ဗီဒီယိုများကို ကြည့်ရှုနိုင်ပါတယ်။ Cloud ကို သုံးထားခြင်း မရှိတဲ့အတွက် အဝေးကနေ ဗီဒီယိုများကို တိုက်ရိုက် ကြည့်လို့တော့ မရပါဘူး။ ဗီဒီယိုအဟောင်းများကို အလိုအလျှောက် ဖျက်ဆီးပေးတဲ့အတွက် ကဒ်မှာ နေရာပြည့်သွားမှာ စိတ်ပူစရာ မလိုပါဘူး။ တစ်လလျှင် ၂.၉၉ ဒေါ်လာဖြင့် Cloud Storage ကို ဝယ်ယူသုံးရင်တော့ ဗီဒီယိုများကို သင့် အိမ်ပြင်ပကနေတောင် တိုက်ရိုက် စောင့်ကြည့်နိုင်ပါတယ်။

သူ့ရဲ့ ဉာဏ်ရည်တု နည်းပညာက အိမ်သားများကို မှတ်မိပါတယ်။ လူစိမ်းဝင်လာရင်လည်း သူက သိရှိပြီး ဗီဒီယို မှတ်တမ်းတင်ခြင်း၊ သင့်ထံ Notification ပေးပို့ခြင်းများကို ပြုလုပ်ပေးနိုင်ပါတယ်။ သူ့ကို ၂၉၉ ဒေါ်လာဖြင့် ရောင်းချမှာပါ။

Ref : pocket-lint

You may be interested

တရားဝင္ မိတ္မဆက္ရေသးခင္ ေပါက္ၾကားထြက္ေပၚလာတဲ့ Mi Max 3 ရဲ႕ ပုံရိပ္မ်ား
Xiaomi
435 shares53 views

တရားဝင္ မိတ္မဆက္ရေသးခင္ ေပါက္ၾကားထြက္ေပၚလာတဲ့ Mi Max 3 ရဲ႕ ပုံရိပ္မ်ား

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ႕ Mi Max 3 စမတ္ဖုန္းႀကီးကို ျမင္ေတြ႕ရဖို႔ ၃ရက္သာ လိုပါေတာ့တယ္။ Mi Max 2 ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္တဲ့ Mi Max 3 ကို လာမယ့္ ဇူလိုင္လ…

OnePlus 6 ရဲ႕ အားနည္းခ်က္ (၄) ခု
FEATURES, Mobile & Tablets
357 shares62 views

OnePlus 6 ရဲ႕ အားနည္းခ်က္ (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလြန္ေကာင္းတဲ့ စမတ္ဖုန္းပါ။ လွ်င္ျမန္စြာ အားသြင္းတဲ့ နည္းပညာဟာလည္း အံ့မခန္းပါ။ ဒါေပမယ့္ သူ႔မွာ အားနည္းခ်က္မ်ားလည္း ပါရွိပါတယ္။ ေစ်းႏႈန္း ၂၀၁၄ ခုႏွစ္ ဇြန္လမွာ OnePlus One ကို ၂၉၉ ေဒၚလာနဲ႔ ေရာင္းခဲ့တာပါ။…

ဖုန္မဝင္ေအာင္ ကီးဘုတ္ဒီဇုိင္းေျပာင္းလဲလိုက္တဲ့ MacBook Pro အသစ္ေတြ
Apple, NEWS
127 shares49 views

ဖုန္မဝင္ေအာင္ ကီးဘုတ္ဒီဇုိင္းေျပာင္းလဲလိုက္တဲ့ MacBook Pro အသစ္ေတြ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ္ရဲ႕ကီးဘုတ္ေတြကေတာ့ အရင္တုန္းက လပ္ေတာ့ပ္ေတြေလာက္ အသံသိပ္မျမည္ေတာ့ပါဘူး။ အရင္တစ္လတုန္က ကီးဘုတ္ျပင္ဆင္တ့ဲအစီအစဥ္ေၾကာင့္ ကီးဘုတ္ျပႆနာေတြေျဖရွင္းႏုိင္ခဲ့လို႔အဆင္ေျပေပမယ့္ အရမ္းၾကီးေျပာင္းလဲမသြားတဲ့ ကီးဘုတ္ဒီဇုိင္းေၾကာင့္ ထပ္ျပီးဖုန္ဝင္ျပႆနာေတြျဖစ္ဦးမလား ေတာ္ေတာ္မ်ားမ်ားစိတ္ပူေနၾကပါတယ္။ ဒါေတြသိရေအာင္ iFixit ကေန ကီးဘုတ္ရဲ႕ ကီးေတြကိုလွန္စစ္ေဆးၾကည့္တဲ့အခါမွာ ဒီတစ္ေခါက္ MacBook Pro…

Leave a Comment

Most from this category