733 Shares 325 Views


Apr 17, 2018
733 325




Ref : macrumors

unicode

Samsung က မေလမှာ iPhone X Plus အတွက် Display များကို စတင် ထုတ်လုပ်ပေးမည်

Apple ဟာ ယခင်နှစ် စက်တင်ဘာလမှာ iPhone သုံးမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ iPhone 8 , iPhone 8 Plus များကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပြုခဲ့ပေမယ့် iPhone X အတွက် ကြိုတင်မှာယူခွင့်ကိုတော့ တစ်လခွဲနီးပါးအကြာ အောက်တိုဘာလ ၂၇ ရက်နေ့ကျမှသာ ခွင့်ပြုနိုင်ခဲ့ပါတယ်။ iPhone X ကို ရောင်းချဖို့ ဒီလို အချိန်ကြာမြင့်သွားတာဟာ Face ID ကို ထောက်ပံ့တဲ့ TrueDepth Camera System ကို ထုတ်လုပ်ရာမှာ ပြဿနာများ ကြုံတွေ့ခဲ့ရလို့ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ Apple က ဒီလို မဖြစ်အောင် ပြုလုပ်ပေးမယ့်ပုံပေါ်ပါတယ်။ Samsung က မေလမှာ iPhone X Plus အတွက် မျက်နှာပြင်များကို စတင် ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ဇွန်လမှာ ထုတ်လုပ်မှုကို နှစ်ဆ တိုးမြှင့်မယ်လို့ သတင်းထွက်လာပါတယ်။ ဒီနှစ်မှာတော့ Apple က အိုင်ဖုန်း မော်ဒယ် သုံးမျိုးကို တစ်ပြိုင်နက် ရောင်းချနိုင်ဖို့ ပြင်ဆင်နေပ ါတယ်။

အဲဒီ ဖုန်းများကတော့ iPhone X အသစ်၊ အရွယ်ကြီး iPhone X Plus နဲ့ တန်ဖိုးသင့် LCD Model ( Face ID ပါသော) တို့ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများကို ယခုနှစ် စက်တင်ဘာလမှာ မိတ်ဆက်နိုင်ပြီး အဲဒီလကုန်မှာ တစ်ပြိုင်နက် ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် အစောပိုင်း ကြိုတင်မှာယူခွင့်ပြုမှုကိုတော့ ကန့်သတ်ထားနိုင်ပါတယ်။

Ref : macrumors

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category