386 Shares 181 Views

OnePlus 6 ဟာ ေရစိုခံႏိုင္မည္

Apr 17, 2018
386 181

OnePlus 6 ရဲ႕ သတင္းအခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚခဲ့ၿပီးပါၿပီ။ အခုေတာ့ OnePlus ရဲ႕ တရား၀င္ တြစ္တာ အေကာင့္ကေန အဲဒီဖုန္းမွာ ေရစုိခံ စြမ္းရည္ပါလာမယ္လို႔ အရိပ္အျမြက္ သတင္းေပးလိုက္ပါတယ္။ OnePlus က “ မိုးရြာတဲ့အခါမွာ ဖုန္း သံုးေနတာ ရပ္လိုက္ရတာကို မုန္းတယ္ မဟုတ္လား။ ကြ်န္ေတာ္တို႔လည္း ဒီလိုပါပဲ။ “ လို႔ ေရးသားထားၿပီး ၃ စကၠန္႔ၾကာ ဗီဒီယိုမွာ မိုးေရစက္မ်ားကို ျပသထားပါတယ္။

ယေန႔ေခတ္ စြမ္းေဆာင္ရည္ျမင့္ ဖုန္းတိုင္းနီးပါးမွာ IP67 နဲ႔ သူ႔အထက္ ေရစိုခံ စြမ္းရည္မ်ား ထည့္သြင္းထားၾကပါတယ္။ OnePlus ရဲ႕ ဖုန္းမ်ားကေတာ့ အဲဒီအပိုင္းမွာ ေနာက္က်ေနပါတယ္။ OnePlus 6 မွာေတာ့ ေရစိုခံ စြမ္းရည္ပါလာမွာ ေသခ်ာသေလာက္ရွိေနၿပီး သူ႔ကို ေမလ ၅ ရက္ေန႔မွာ ေၾကညာမွာပါ။

OnePlus 6 မွာ 6.2” Display, Snapdragon 845 Processor, 8GB RAM , 64GB/ 128GB/256GB Storage ဗားရွင္းေတြန႔ဲလာမယ္လို႔ သတင္းထြက္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာႏွစ္လံုးပါၿပီး 12MP+20MP ျဖစ္ႏုိင္ပါတယ္။ ကုမၸဏီရဲ႕အားသြင္းအျမန္နည္းပညာျဖစ္တဲ့ Dash Charge အားသြင္းစနစ္လည္းပါဦးမွာပါ။

မေသခ်ာတာကေတာ့ ေစ်းႏႈန္းပါ။ အနည္းဆံုးေတာ့ iPhone X တို႔ Samsung Galaxy S9 Plus တို႔ရဲ႕ေစ်းႏႈန္းထက္နည္းနည္းပဲနည္းမွာပါပဲ။ OnePlus ရဲ႕ေစ်းႏႈန္းေတြက တျဖည္းျဖည္းတက္လာေနေပမယ့္လည္း သူ႔ရဲ႕ စြမ္းရည္ျမင့္ ဖုန္းေတြကိုတျခားစမတ္ဖုန္းကုမၸဏီေတြထက္ ေစ်းေလ်ာ့ျပီးေရာင္းခ်ႏုိင္တဲ့အတြက္ နာမည္ရိွေနဆဲပါ။

ဒီလအေစာပိုင္းေလာက္ကထြက္ခဲ့တဲ့ပံုမွာေတာ့ Full View Edge-To-Edge Display ျဖစ္ျပီး ထိပ္ဖက္မွာ Notch ပါေနပါတယ္။ မွန္းထားသေလာက္ကေတာ့ Oppo R15 နဲ႔ေတာ္ေတာ္ဆင္မယ့္ပံုပါ။ OnePlus နဲ႔ Oppo က ကုမၸဏီတစ္ခုတည္းရဲ႕ေအာက္မွာတူတူရိွေနတ့ဲအတြက္ ျဖစ္ႏုိင္ေျခရွိပါတယ္။

Ref : tnw

unicode

OnePlus 6 ဟာ ရေစိုခံနိုင်မည်

OnePlus 6 ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ OnePlus ရဲ့ တရားဝင် တွစ်တာ အကောင့်ကနေ အဲဒီဖုန်းမှာ ရေစိုခံ စွမ်းရည်ပါလာမယ်လို့ အရိပ်အမြွက် သတင်းပေးလိုက်ပါတယ်။ OnePlus က “ မိုးရွာတဲ့အခါမှာ ဖုန်း သုံးနေတာ ရပ်လိုက်ရတာကို မုန်းတယ် မဟုတ်လား။ ကျွန်တော်တို့လည်း ဒီလိုပါပဲ။ “ လို့ ရေးသားထားပြီး ၃ စက္ကန့်ကြာ ဗီဒီယိုမှာ မိုးရေစက်များကို ပြသထားပါတယ်။

ယနေ့ခေတ် စွမ်းဆောင်ရည်မြင့် ဖုန်းတိုင်းနီးပါးမှာ IP67 နဲ့ သူ့အထက် ရေစိုခံ စွမ်းရည်များ ထည့်သွင်းထားကြပါတယ်။ OnePlus ရဲ့ ဖုန်းများကတော့ အဲဒီအပိုင်းမှာ နောက်ကျနေပါတယ်။ OnePlus 6 မှာတော့ ရေစိုခံ စွမ်းရည်ပါလာမှာ သေချာသလောက်ရှိနေပြီး သူ့ကို မေလ ၅ ရက်နေ့မှာ ကြေညာမှာပါ။

OnePlus 6 မှာ 6.2” Display, Snapdragon 845 Processor, 8GB RAM , 64GB/ 128GB/256GB Storage ဗားရှင်းတွေနဲ့လာမယ်လို့ သတင်းထွက်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာနှစ်လုံးပါပြီး 12MP+20MP ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီရဲ့အားသွင်းအမြန်နည်းပညာဖြစ်တဲ့ Dash Charge အားသွင်းစနစ်လည်းပါဦးမှာပါ။

မသေချာတာကတော့ ဈေးနှုန်းပါ။ အနည်းဆုံးတော့ iPhone X တို့ Samsung Galaxy S9 Plus တို့ရဲ့ဈေးနှုန်းထက်နည်းနည်းပဲနည်းမှာပါပဲ။ OnePlus ရဲ့ဈေးနှုန်းတွေက တဖြည်းဖြည်းတက်လာနေပေမယ့်လည်း သူ့ရဲ့ စွမ်းရည်မြင့် ဖုန်းတွေကိုတခြားစမတ်ဖုန်းကုမ္ပဏီတွေထက် ဈေးလျော့ပြီးရောင်းချနိုင်တဲ့အတွက် နာမည်ရှိနေဆဲပါ။

ဒီလအစောပိုင်းလောက်ကထွက်ခဲ့တဲ့ပုံမှာတော့ Full View Edge-To-Edge Display ဖြစ်ပြီး ထိပ်ဖက်မှာ Notch ပါနေပါတယ်။ မှန်းထားသလောက်ကတော့ Oppo R15 နဲ့တော်တော်ဆင်မယ့်ပုံပါ။ OnePlus နဲ့ Oppo က ကုမ္ပဏီတစ်ခုတည်းရဲ့အောက်မှာတူတူရှိနေတဲ့အတွက် ဖြစ်နိုင်ခြေရှိပါတယ်။

Ref : tnw

You may be interested

ဒီတစ္ပတ္ Game for You အတြက္ ေရြးေပးခ်င္တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ္ပတ္ Game for You အတြက္ ေရြးေပးခ်င္တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series မ်ားကို ဖန္တီးထားတဲ့ King ရဲ႕ လက္ရာ အသစ္တစ္ခု ျဖစ္ပါတယ္။ RPG Game ျဖစ္ၿပီး တိုက္ခိုက္ေရး ဂိမ္း ျဖစ္ပါတယ္။ ဇာတ္ေကာင္မ်ားကို စုေဆာင္းၿပီး သူတို႔ရဲ႕…

Android မွာ Mobile Data သက္သာခ်င္ရင္ ေဆာင္ထားရမယ့္ App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မွာ Mobile Data သက္သာခ်င္ရင္ ေဆာင္ထားရမယ့္ App (၄) ခု

Ko Thuya - Sep 22, 2018

Android မွာ Facebook လို လူမႈကြန္ရက္မ်ား အသံုးျပဳျခင္း၊ ၀က္ဆိုက္မ်ားၾကည့္ျခင္း အပါအ၀င္ အင္တာနက္ အသံုးျပဳတဲ့ လူမ်ားအတြက္ မိုဘိုင္းေဒတာကို သက္သာေစတဲ့ Apps မ်ား ရွိပါတယ္။ အဲဒီ Apps မ်ားထဲမွ သင္နဲ႔ သင့္ေတာ္တဲ့ တစ္ခုကို ေရြးခ်ယ္…

Xiaomi Redmi Y2 အတြက္ အျပာနဲ႔ အနက္ေရာင္မ်ား ထြက္ၿပီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတြက္ အျပာနဲ႔ အနက္ေရာင္မ်ား ထြက္ၿပီ

Ko Thuya - Sep 22, 2018

ေရွာင္မီက ေမလမွာ Redmi S2 ကုိ ေၾကညာခဲ့ပါတယ္။ သူ႔ကို အိႏၵိယမွာ Redmi Y2 အမည္နဲ႔ ေရာင္းခ်ေပးခဲ့ၿပီး ေရႊ၊ ႏွင္းဆီေရႊနဲ႔ အညိဳေရာင္မ်ား ထုတ္လုပ္ေပးခဲ့ပါတယ္။ အခုေတာ့ Xiaomi India က Redmi Y2 အတြက္…

Leave a Comment

Most from this category