482 Shares 167 Views
Apr 17, 2018
482 167
Ref : theverge
unicode
4K Display နဲ့ Dual Rear Camera များပါတဲ့ Sony Xperia XZ2 Premium
Sony က ဖေဖော်ဝါရီလမှာ Xperia XZ2 ကို ကြေညာခဲ့ပါတယ်။ အခုတော့ XZ2 Premium ကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ XZ2 ထက် မျက်နှာပြင်၊ ကင်မရာ၊ ဘက်ထရီနဲ့ အခြား အစိတ်အပိုင်းများဟာ ပိုမို ကောင်းမွန်လာပေမယ့် ဒီဇိုင်းက တူညီပါတယ်။ ဈေးနှုန်းကို မသိရသေးပေမယ့် နွေရာသီမှာ ဒေါ်လာ ၁၀၀၀ နီးပါးဖြင့် ရောင်းနိုင်ပါတယ်။
သူ့မှာ ၅.၈ လက်မ 4K Display တပ်ဆင်ထားပြီး HDR Video များကို ထောက်ပံ့ပါတယ်။ သူဟာ အနောက်ကင်မရာ နှစ်လုံးတပ်ဆင်ထားတဲ့ ဆိုနီရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ 19MP Color Sensor နဲ့ 12MP Monochrome Sensor များဖြစ်ပါတယ်။ အလင်းရောင် အလွန်နည်းပါးတဲ့ အခြေအနေများမှာ ရိုက်ကူးတဲ့ ဓါတ်ပုံများရဲ့ အရည်အသွေးဟာ Lens ပြောင်းတပ်နိုင်တဲ့ ကင်မရာများကို မှီတယ်လို့ ဆိုနီက ပြောပါတယ်။ နောက်ခံမှုန်ဝါးတဲ့ Bokeh Mode လည်း ပါပါတယ်။ 4K HDR Video များကို ရိုက်ကူးနိုင်ပါတယ်။ 1080p Resolution ဖြင့် 960fps Slow-Mo Video များ ဖမ်းယူပေးနိုင်ပါတယ်။။ အရှေ့ဘက်မှာ 13MP Camera တစ်လုံး ပါပါတယ်။
XZ2 Premium မှာ RAM နဲ့ ဘက်ထရီများကိုလည်း XZ2 ထက် အဆင့်မြှင့်ထားပါတယ်။ RAM အပိုင်းမှာ 2GB ပိုများလာပြီး 6GB ဖြစ်လာပါတယ်။ ဘက်ထရီ အပိုင်းမှာ 3180mAh အစား 3540mAh ကို သုံးထားပါတယ်။ XZ2 မှာ အနောက် ကင်မရာ တစ်လုံးသာ ပါပါတယ်။ Snapdragon 845 Chipset , Android 8.0 Oreo တို့ ထည့်သွင်းထားပါတယ်။
Ref : theverge
You may be interested
ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views
ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
Ko Thuya - Sep 22, 2018
Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…
Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views
Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Ko Thuya - Sep 22, 2018
Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…
Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views
Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Ko Thuya - Sep 22, 2018
ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…
Leave a Comment
Most from this category