134 Shares 74 Views


Apr 16, 2018
134 74




Ref : gsmarena

unicode

18:9 Screen , Dual Rear Camera များပါလာနိုင်တဲ့ Motorola G6 Plus

Motorola က ဘရာဇီးမှာ ဧပြီလ ၁၉ ရက်နေ့တွင် Moto G6 Series များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီအထဲမှ Moto G6 , Moto G6 Play တို့ရဲ့ သတင်းအချက်အလက်များဟာ ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ Geekbench ဝက်ဆိုက်မှာ ထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ G6 Plus ဟာ Geekbench ကို ရောက်လာပါပြီ။

သူ့မှာ ၅.၉၃ လက်မ Full HD+ Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ ခေတ်စားနေတဲ့ 18:9 ဖြစ်ပါတယ်။ Snapdragon 630 အစား 2.21GHz Snapdragon 660 Chipset ကို ထည့်သွင်းထားပါတယ်။ 4GB RAM / 32GB Storage နဲ့ 6GB RAM/ 64GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ စမ်းသပ်မှုမှာတော့ 4GB RAM Model ကို အသုံးပြုထားပါတယ်။

အနောက်ဘက်မှာ 12MP+5MP Camera နှစ်လုံး တပ်ဆင်ထားပါတယ်။ 3200mAh Battery ပါလာမှာပါ။ Dual-SIM Model ကိုလည်း ထုတ်လုပ်ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဝက်ဆိုက်က Benchmark ရမှတ်များကိုတော့ ပြသထားခြင်း မရှိပေမယ့် အဲဒီ Chipset နဲ့ ဆိုရင် Multi-Core စမ်းသပ်မှုမှာ ရမှတ်ဟာ ၅၀၀၀ နဲ့ အထက်မှာ ရှိနိုင်ပါတယ်။

Ref : gsmarena

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category