122 Shares 79 Views


Apr 16, 2018
122 79




Ref : theverge

unicode

Apple Watch မှာ Third-Party Watch Faces များ သုံးနိုင်တော့မည်

Apple က စမတ်နာရီကို စတင် ရောင်းချစဉ်ကတည်းက Watch Faces များကို ဖန်တီးဖို့ Third-Party Developers များအား ခွင့်ပြုထားခြင်း မရှိပါဘူး။ 9to5Mac က watchOS ရဲ့ နောက်ဆုံးထုတ် Developer Build မှာ တွေ့ရှိခဲ့တဲ့ ကုဒ်များအရ Third-Party Watch Faces များကို Apple Watch မှာ ခွင့်ပြုပေးမယ်လို့ ယူဆရပါတယ်။

9to5Mac က Developer များအတွက် ဖြန့်ချီပေးထားတဲ့ watchOS 4.3.1 မှာ အဲဒီ ကုဒ်များကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Apple က ဒီသတင်းကို တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ ကုမ္ပဏီက ယခင်နှစ်မှာ ကျင်းပခဲ့တဲ့ Worldwide Developer’s Conference မှာ လက်ရှိ watchOS ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် WWDC ပွဲမှာ watchOS 5 ကို ချပြမှာ ဖြစ်ပါတယ်။

အဲဒီပွဲမှာပဲ Apple Watch မှာ Third-Party Watch Faces များကို ထောက်ပံ့တဲ့ သတင်းကို ကြေညာနိုင်ပါတယ်။ လက်ရှိမှာ Apple Watch တွင် Apple က ဖန်တီးထားတဲ့ Watch Faces များကိုသာ သုံးနိုင်ပါသေးတယ်။ Third-Party Watch Faces များကို အသုံးပြုခွင့်ပေးမယ်ဆိုရင်တော့ စားသုံးသူများအတွက် ရွေးချယ်စရာ များပြားလာမှာ ဖြစ်ပါတယ်။

Ref : theverge

You may be interested

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
147 shares46 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)
Apple, FEATURES, HOW TO
141 shares52 views

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ့ iPhone XS Max တို့မှာ ယခင်နှစ် iPhone X ထက် ပြောင်းလဲတိုးတက်လာမှုများ ပါဝင်လာပါတယ်။ ပြောင်းလဲသွားတဲ့ Tips & Tricks များလည်း ပါလာပါတယ်။ အိုင်ဖုန်း အဟောင်း ကိုင်ထားသူများအတွက်လည်း နည်းလမ်းအချို့ဟာ…

Leave a Comment

Most from this category