157 Shares 147 Views


Apr 15, 2018
157 147




Ref : recode

unicode

Facebook က ဖုန်းရဲ့ မိုက်ကရိုဖုန်းကနေ User များကို ထောက်လှမ်းခြင်း မရှိလို့ ပြော

Facebook Mobile App များဟာ ဖုန်းရဲ့ မိုက်ကရိုဖုန်းကနေ User များကို ထောက်လှမ်းနေတယ်ဆိုတဲ့ စွပ်စွဲမှုများဟာ ယခင်ကတည်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။ ကုမ္ပဏီရဲ့ စီအီးအို မတ်ဇူကာဘတ်ဟာ User Data များ ပေါက်ကြားမှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အမေရိကန် လွှတ်တော်ရဲ့ မေးမြန်းစစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ လွှတ်တော် အမတ် နှစ်ဦးက Facebook ဟာ ဖုန်းရဲ့ မိုက်ကရိုဖုန်းများကနေ User များကို ထောက်လှမ်းနေသလားလို့ တစ်ကြိမ်စီ မေးမြန်းခဲ့ပါတယ်။

ဇူကာဘတ်ကလည်း ဒီစွပ်စွဲချက်ဟာ မဟုတ်ပါဘူးလို့ နှစ်ကြိမ်တိုင် ဖြေဆိုခဲ့ပါတယ်။ Facebook ဟာ ၂၀၁၆ ခုနှစ်ကတည်း ဒီလို မပြုလုပ်ဘူးလို့ ဘလော့ဆောင်းပါးတစ်ပုဒ်မှာ ရှင်းပြခဲ့ဖူးပါတယ်။ Facebook ဟာ ဖုန်းများရဲ့ မိုက်ကရိုဖုန်းကနေ Users များရဲ့ နှစ်သက်မှုများကို လေ့လာပြီး Newsfeed မှာ သင့်တော်တဲ့ ကြော်ညာများကို ပြသပေးနေတယ်လို့ စွပ်စွဲခဲ့ကြတဲ့အတွက် ယခုလို ဖြေရှင်းချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Facebook က ဒီလိုထောက်လှမ်းနေတယ်ဆိုတာကို YouTuber တစ်ဦးက ဗီဒီယိုဖြင့် သရုပ်ပြသခဲ့ဖူးပါတယ်။ ဗီဒီယိုမှာ သူက ဖုန်းကို ဘေးနားမှာထားပြီး ကြောင်အစားအစာ ဆိုတဲ့ စကားလုံးပါတဲ့ ဝါကျအနည်းငယ်ကို ပြောဆိုနေပါတယ်။ ကြောင်အစားအစာကို သူက Facebook မှာ စိတ်ဝင်စားခြင်း၊ ရှာဖွေခြင်း စတဲ့ အပြုအမူများကိုလည်း မပြုလုပ်ခဲ့ဖူးဘူးလို့ ပြောပါတယ်။ ပြီးနောက်မှာ Facebook App ကို ဖွင့်ကြည့်တဲ့အခါမှာ ကြောင်အစားအစာပါတဲ့ ကြော်ညာကို အရင်ဆုံး ပြသပေးတာကိုတွေ့မြင်ရပါတယ်။

Ref : recode

You may be interested

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
0 shares0 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
134 shares30 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
201 shares32 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Leave a Comment

Most from this category