405 Shares 272 Views


Apr 15, 2018
405 272




Ref : gsmarena

unicode

၆.၄ လက်မ မျက်နှာပြင်နဲ့ အရွယ်ကြီး ဘက်ထရီပါလာမယ့် Samsung Galaxy Note 9

Samsung Galaxy Note 9 ရဲ့ သတင်းအချက်အလက်များ ယခင်ကလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ Samsung က Galaxy Note 9 ကို ၂၀၁၈ ခုနှစ် ဒုတိယ နှစ်ဝက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အခုလည်း တရုတ် လူမှုကွန်ရက် ဝီဘိုကနေ သူ့ရဲ့ မျက်နှာပြင်နဲ့ ဘက်ထရီ အရွယ်အစားများ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Note 9 မှာ Note 8 ရဲ့ မျက်နှာပြင် အရွယ်အစားထက် အနည်းငယ် ပိုမို ကြီးမားတဲ့ ၆.၄ လက်မ အရွယ် မျက်နှာပြင်ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ Aspect Ratio ကတော့ တူညီမယ်လို့ သိရပါတယ်။ မျက်နှာပြင် အရွယ်အစား အပိုင်းမှာ Note 9 နဲ့ S9+ တို့ဟာ မတိမ်းမယိမ်း ဖြစ်လာပါတယ်။ Note 9 မှာ Note 8 ရဲ့ 3850mAh Battery ထက် ပိုမိုကြီးမားတဲ့ 3850mAh or 4000mAh Battery များ ပါလာနိုင်ပါတယ်။

Note 9 မှာ S9, S9+ တို့ရဲ့ Snapdragon 845 Chipset ပဲ ပါလာမှာပါ။ Apple က နည်းပညာအခက်အခဲကြောင့် iPhone X မှာ လက်လျှော့ခဲ့ရတဲ့ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံတဲ့ နည်းပညာကို Samsung Galaxy Note 9 မှာ ပါမယ်လို့ KGI Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ယခင်က တွက်ဆထားပါတယ်။ အဲဒီအတွက် Galaxy Note 9 ပိုင်ရှင်များဟာ လက်ဗွေရာကို မျက်နှာပြင်ပေါ်တင်လိုက်တာနဲ့ စမတ်ဖုန်းကို Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category