949 Shares 188 Views

Xiaomi ရဲ႕ စီအီးအို Lei Jun ဟာ ေနာက္ထြက္မယ့္ Mi Band 3 ကို ၀တ္ဆင္ထားသလား ?

Apr 15, 2018
949 188

Xiaomi ရဲ႕ မၾကာခင္က ျပဳလုပ္ခဲ့တဲ့ Black Shark Gaming Smartphone မိတ္ဆက္ပြဲမွာ စီအီးအို ျဖစ္သူ လီဂြ်န္လည္း တက္ေရာက္ခဲ့ပါတယ္။ စိတ္၀င္စားစရာေကာင္းတာက လီဂြ်န္ရဲ႕ လက္မွာ ၀တ္ဆင္ထားတဲ့ လက္ပတ္ေလး ျဖစ္ပါတယ္။ အဲဒီ လက္ပတ္ဟာ Mi Band 2 လည္း မဟုတ္ပါဘူး။ သူ႔ရဲ႕ မ်ိဳးဆက္ Mi Band 3 ျဖစ္ႏုိင္ပါတယ္။

Huami Technology ရဲ႕ စီအီးအို ျဖစ္သူက ဒီႏွစ္ထဲမွာ Mi Band 3 ကို ေရာင္းခ်မယ္လို႔ အတည္ျပဳဖူးပါတယ္။ လီဂြ်န္ ၀တ္ဆင္ထားတဲ့ လက္ပတ္ရဲ႕ ဓါတ္ပံုမ်ားအရ Mi Band 3 ဟာ ေနာင္ေတာ္ Mi Band 2 နဲ႔ ပံုသ႑ာန္ တူညီေပမယ့္ ဒီဇိုင္းအပိုင္းမွာ အနည္းငယ္ ေျပာင္းလဲထားပါတယ္။ ဥပမာအားျဖင့္ ဖန္မ်က္ႏွာျပင္ကို လက္ပတ္ရဲ႕ ေဘးဘက္ျခမ္းမ်ားအထိ တိုးခ်ဲ႕ထားပါတယ္။ ေအာက္ေျခနားမွာ လံုး၀န္းတဲ့ ခလုတ္တစ္ခုကိုလည္း ျမင္ေတြ႕ေနရပါတယ္။

Mi Band 3 ရဲ႕ မ်က္ႏွာျပင္ဟာ ယခင္မ်ိဳးဆက္ထက္ အနည္းငယ္ ႀကီးမားတဲ့ပံုေပၚတဲ့အတြက္ အရြယ္အစားအပိုင္းမွာလည္း အနည္းငယ္ ႀကီးမားႏုိင္ပါတယ္။ Mi Band 2 လုိပဲ Mi Band 3 မွာ အလြန္ေသးငယ္ၿပီး စြမ္းအင္ စားသံုးမႈ နည္းပါးတဲ့ OLED Display တပ္ဆင္ထားႏုိင္ပါတယ္။

Mi Band 3 ရဲ႕ Specifications မ်ားဟာ ေပါက္ၾကားထြက္ေပၚျခင္း မရွိေသးတဲ့အတြက္ လာမယ့္ လအနည္းငယ္က်မွသာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ပိုမို သိလာရႏုိင္ပါတယ္။ သူ႔မွာ Accelerometer, Vibration Engine, Optical Heart Rate Sensor , Bluetooth 4.2 LE Connectivity မ်ား ပါလာႏုိင္ပါတယ္။ ဒါ့အျပင္ IP67 သို႔မဟုတ္ ေရစိုခံ စံႏႈန္းတစ္ခု ထည့္ေပးထားႏုိင္ပါတယ္။

Ref : gsmarena

unicode

Xiaomi ရဲ့ စီအီးအို Lei Jun ဟာ နောက်ထွက်မယ့် Mi Band 3 ကို ဝတ်ဆင်ထားသလား ?

Xiaomi ရဲ့ မကြာခင်က ပြုလုပ်ခဲ့တဲ့ Black Shark Gaming Smartphone မိတ်ဆက်ပွဲမှာ စီအီးအို ဖြစ်သူ လီဂျွန်လည်း တက်ရောက်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက လီဂျွန်ရဲ့ လက်မှာ ဝတ်ဆင်ထားတဲ့ လက်ပတ်လေး ဖြစ်ပါတယ်။ အဲဒီ လက်ပတ်ဟာ Mi Band 2 လည်း မဟုတ်ပါဘူး။ သူ့ရဲ့ မျိုးဆက် Mi Band 3 ဖြစ်နိုင်ပါတယ်။

Huami Technology ရဲ့ စီအီးအို ဖြစ်သူက ဒီနှစ်ထဲမှာ Mi Band 3 ကို ရောင်းချမယ်လို့ အတည်ပြုဖူးပါတယ်။ လီဂျွန် ဝတ်ဆင်ထားတဲ့ လက်ပတ်ရဲ့ ဓါတ်ပုံများအရ Mi Band 3 ဟာ နောင်တော် Mi Band 2 နဲ့ ပုံသဏ္ဍာန် တူညီပေမယ့် ဒီဇိုင်းအပိုင်းမှာ အနည်းငယ် ပြောင်းလဲထားပါတယ်။ ဥပမာအားဖြင့် ဖန်မျက်နှာပြင်ကို လက်ပတ်ရဲ့ ဘေးဘက်ခြမ်းများအထိ တိုးချဲ့ထားပါတယ်။ အောက်ခြေနားမှာ လုံးဝန်းတဲ့ ခလုတ်တစ်ခုကိုလည်း မြင်တွေ့နေရပါတယ်။

Mi Band 3 ရဲ့ မျက်နှာပြင်ဟာ ယခင်မျိုးဆက်ထက် အနည်းငယ် ကြီးမားတဲ့ပုံပေါ်တဲ့အတွက် အရွယ်အစားအပိုင်းမှာလည်း အနည်းငယ် ကြီးမားနိုင်ပါတယ်။ Mi Band 2 လိုပဲ Mi Band 3 မှာ အလွန်သေးငယ်ပြီး စွမ်းအင် စားသုံးမှု နည်းပါးတဲ့ OLED Display တပ်ဆင်ထားနိုင်ပါတယ်။

Mi Band 3 ရဲ့ Specifications များဟာ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးတဲ့အတွက် လာမယ့် လအနည်းငယ်ကျမှသာ သူ့ရဲ့ သတင်းအချက်အလက်များကို ပိုမို သိလာရနိုင်ပါတယ်။ သူ့မှာ Accelerometer, Vibration Engine, Optical Heart Rate Sensor , Bluetooth 4.2 LE Connectivity များ ပါလာနိုင်ပါတယ်။ ဒါ့အပြင် IP67 သို့မဟုတ် ရေစိုခံ စံနှုန်းတစ်ခု ထည့်ပေးထားနိုင်ပါတယ်။

Ref : gsmarena

You may be interested

တလ ၃ ေဒၚလာသာ က်သင့္မယ့္ Netflix မိုဘိုင္းသီးသန္႔ အစီအစဥ္ကို အိႏၵိယမွာ စမ္းသပ္
NEWS, Softwares & Application
0 shares0 views

တလ ၃ ေဒၚလာသာ က်သင့္မယ့္ Netflix မိုဘိုင္းသီးသန္႔ အစီအစဥ္ကို အိႏၵိယမွာ စမ္းသပ္

Nigma - Mar 23, 2019

Netflix က အိႏၵိယ အပါအဝင္ ႏိုင္ငံအခ်ိဳ႕မွာ မိုဘိုင္းသီးသန္႔ လစဥ္ေၾကးအစီအစဥ္အသစ္တခုကို စမ္းသပ္လ်က္ ရွိပါတယ္။ ပုံမွန္အားျဖင့္ Netflix ကို အိႏၵိယက ဝယ္မယ္ဆိုရင္ အနည္းဆုံး တလ ၇.၂၇ ေဒၚလာ ေပးရပါတယ္။ ျမန္မာႏိုင္ငံကေနဆို အနည္းဆုံး ၇.၉၉ ေဒၚလာ…

စံုတြဲမ်ား အိပ္ယာထက္မွာ သာယာမႈ ပိုရေအာင္ ကူညီေပးမယ့္ Sex Toy
Gadgets, NEWS
0 shares0 views

စံုတြဲမ်ား အိပ္ယာထက္မွာ သာယာမႈ ပိုရေအာင္ ကူညီေပးမယ့္ Sex Toy

Ko Thuya - Mar 23, 2019

ခ်စ္တင္းေႏွာမႈကို ကူညီေပးမယ့္ ကိရိယာ ေပၚလာပါၿပီ။ Lovely အမည္ရ ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာငယ္ေလးက Tracker ျဖစ္သလို တစ္စိတ္တစ္ပိုင္းအားျဖင့္ Sex Toy လည္း ျဖစ္ပါတယ္။ ေဒၚလာ ၁၆၉ တန္ေၾကးရွိၿပီး အမ်ိဳးသားလိင္တံရဲ႕ အရင္းမွာ ၀တ္ဆင္ထားရမွာပါ။ ဆီလီကြန္ျဖင့္ ျပဳလုပ္ထားၿပီး…

Evernote မွာ စာရုိက္စရာ မလိုဘဲ Notes မ်ား ဘယ္လို မွတ္သားမလဲ ?
FEATURES, Softwares & Application
23 shares18 views

Evernote မွာ စာရုိက္စရာ မလိုဘဲ Notes မ်ား ဘယ္လို မွတ္သားမလဲ ?

Ko Thuya - Mar 23, 2019

နာမည္ေက်ာ္ မွတ္စု မွတ္သားတဲ့ Evernote App မွာ စာသားမ်ား အျပင္ အသံမွတ္စုမ်ား၊ ဗီဒီယို မွတ္စုမ်ားကိုလည္း မွတ္သားႏုိင္ပါတယ္။ အင္တာနက္မွ သတင္း၊ ေဆာင္းပါးမ်ား၊ နည္းလမ္းမ်ား အပါအ၀င္ အရာအားလံုးကို မွတ္သားႏုိင္ပါတယ္။ သူ႔မွာ မွတ္စုမ်ားကို လွ်င္ျမန္လြယ္ကူစြာ မွတ္သားႏုိင္တဲ့…

Leave a Comment

Most from this category