297 Shares 227 Views

အင္တာနက္ မပါတဲ့ Samsung Galaxy J2 Pro

Apr 14, 2018
297 227

Samsung က ေတာင္ကိုရီးယားမွာ အင္တာနက္ မပါတဲ့ Galaxy J2 Pro Version တစ္မ်ိဳးကို ေရာင္းခ်ေပးလိုက္ပါတယ္။ သူ႔မွာ ဖုန္းေျပာျခင္း၊ SMS ပို႔ျခင္းမ်ားကို သံုးႏိုင္ေပမယ့္ 2G, 3G, 4G LTE, or Wi-Fi မ်ားေတာ့ မပါရွိပါဘူး။ စာသင္ၾကားျခင္းကိုသာ အာရံုစိုက္ႏိုင္ေအာင္ ေက်ာင္းသားမ်ားအတြက္ ဒီဖုန္းကို ထုတ္လုပ္ေပးထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အင္တာနက္ မသံုးခ်င္ဘဲ ဖုန္းေျပာျခင္း၊ စာပို႔ျခင္းမ်ားသာ သံုးခ်င္သူမ်ားအတြက္လည္း အဆင္ေျပပါတယ္။

ဘတ္ဂ်တ္ဖုန္းျဖစ္တဲ့အေလ်ာက္ clock speed 1.4 GHz ရိွတဲ့ quad-core CPU, RAM 1.5 GB, storage 16 GB ရိွပါမယ္။ ထပ္တိုးသံုးခ်င္ရင္ေတာ့ microSD ကဒ္ကို 256GB ထိထည့္သံုးလို႔ရမွာျဖစ္ျပီး SIM ကဒ္ ၂ကဒ္ထိုးပါ။ SD ကဒ္သံုးရင္ SIM ၁ကဒ္ျဖဳတ္ရမယ့္ hybrid microSD/SIM ကဒ္ေပါက္မဟုတ္တဲ့အတြက္ SIM ၂ကဒ္လံုးသံုးလို႔ရတဲ့အျပင္ SD ကဒ္ေရာ တျပဳိင္နက္သံုးလို႔ရမွာပါ။

Display ကေတာ့ 5 inch Super AMOLED display ျဖစ္ျပီး 960×540 resolution ရိွပါတယ္။ display ရဲ႕အေပၚနားမွာပဲ 5MP ကင္မရာရိွျပီး ေက်ာဘက္မွာေတာ့ 1080p ဗီဒီယိုေတြကို ရုိက္ကူးႏုိင္တဲ့ 8MP ကင္မရာတပ္ဆင္ထားပါတယ္။ က်န္တဲ့ Samsung ဖုန္းေတြလိုပဲ နားၾကပ္ေပါက္ပါေနေသးေပမယ့္ flagship ဖုန္းေတြနဲ႔မတူတာက အားသြင္းေပါက္က microUSB ပဲျဖစ္ေနေသးတာပါ။

ဘက္ထရီက2600 mAh ပဲျဖစ္ေပမယ့္ သီခ်င္းနားေထာင္ရင္ နာရီ ၆၀ထိခံတယ္လို႔ ဆုိထားပါတယ္။ ဘက္ထရီနည္းေပမယ့္ resolution နိမ့္တဲ့ AMOLED display ကိုပဲသံုးထားတဲ့အတြက္ ဘက္ထရီသက္တမ္းက နည္းနည္းပိုၾကာၾကာခံမွာပါ။ အနက္နဲ႔ေရႊေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ ဆမ္ေဆာင္းက အသက္ ၁၈ ႏွစ္နဲ႔ ၂၁ ႏွစ္ အၾကားမွ ေက်ာင္းသားမ်ားအတြက္ အထူး ပရိုမိုးရွင္းမ်ား ျပဳလုပ္ေပးေနပါတယ္။ တကၠသိုလ္၀င္တန္း စာေမးပြဲၿပီးရင္ေတာ့ အဲဒီဖုန္းကို အျခား ဆမ္ေဆာင္း ဖုန္းမ်ားနဲ႔ လဲလွယ္ႏုိင္ပါတယ္။

Ref : digitaltrends

unicode

အင်တာနက် မပါတဲ့ Samsung Galaxy J2 Pro

Samsung က တောင်ကိုရီးယားမှာ အင်တာနက် မပါတဲ့ Galaxy J2 Pro Version တစ်မျိုးကို ရောင်းချပေးလိုက်ပါတယ်။ သူ့မှာ ဖုန်းပြောခြင်း၊ SMS ပို့ခြင်းများကို သုံးနိုင်ပေမယ့် 2G, 3G, 4G LTE, or Wi-Fi များတော့ မပါရှိပါဘူး။ စာသင်ကြားခြင်းကိုသာ အာရုံစိုက်နိုင်အောင် ကျောင်းသားများအတွက် ဒီဖုန်းကို ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက် မသုံးချင်ဘဲ ဖုန်းပြောခြင်း၊ စာပို့ခြင်းများသာ သုံးချင်သူများအတွက်လည်း အဆင်ပြေပါတယ်။

ဘတ်ဂျတ်ဖုန်းဖြစ်တဲ့အလျောက် clock speed 1.4 GHz ရှိတဲ့ quad-core CPU, RAM 1.5 GB, storage 16 GB ရှိပါမယ်။ ထပ်တိုးသုံးချင်ရင်တော့ microSD ကဒ်ကို 256GB ထိထည့်သုံးလို့ရမှာဖြစ်ပြီး SIM ကဒ် ၂ကဒ်ထိုးပါ။ SD ကဒ်သုံးရင် SIM ၁ကဒ်ဖြုတ်ရမယ့် hybrid microSD/SIM ကဒ်ပေါက်မဟုတ်တဲ့အတွက် SIM ၂ကဒ်လုံးသုံးလို့ရတဲ့အပြင် SD ကဒ်ရော တပြိုင်နက်သုံးလို့ရမှာပါ။

Display ကတော့ 5 inch Super AMOLED display ဖြစ်ပြီး 960×540 resolution ရှိပါတယ်။ display ရဲ့အပေါ်နားမှာပဲ 5MP ကင်မရာရှိပြီး ကျောဘက်မှာတော့ 1080p ဗီဒီယိုတွေကို ရိုက်ကူးနိုင်တဲ့ 8MP ကင်မရာတပ်ဆင်ထားပါတယ်။ ကျန်တဲ့ Samsung ဖုန်းတွေလိုပဲ နားကြပ်ပေါက်ပါနေသေးပေမယ့် flagship ဖုန်းတွေနဲ့မတူတာက အားသွင်းပေါက်က microUSB ပဲဖြစ်နေသေးတာပါ။

ဘက်ထရီက2600 mAh ပဲဖြစ်ပေမယ့် သီချင်းနားထောင်ရင် နာရီ ၆၀ထိခံတယ်လို့ ဆိုထားပါတယ်။ ဘက်ထရီနည်းပေမယ့် resolution နိမ့်တဲ့ AMOLED display ကိုပဲသုံးထားတဲ့အတွက် ဘက်ထရီသက်တမ်းက နည်းနည်းပိုကြာကြာခံမှာပါ။ အနက်နဲ့ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ဆမ်ဆောင်းက အသက် ၁၈ နှစ်နဲ့ ၂၁ နှစ် အကြားမှ ကျောင်းသားများအတွက် အထူး ပရိုမိုးရှင်းများ ပြုလုပ်ပေးနေပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးရင်တော့ အဲဒီဖုန်းကို အခြား ဆမ်ဆောင်း ဖုန်းများနဲ့ လဲလှယ်နိုင်ပါတယ်။

Ref : digitaltrends

You may be interested

မ်က္ႏွာျပင္ ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ေၾကညာၿပီ
Android, HUBS, Mobiles & Tablets
117 shares19 views

မ်က္ႏွာျပင္ ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ေၾကညာၿပီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ ထူးျခားခ်က္က အေရွ႕နဲ႕ အေနာက္မွာ မ်က္ႏွာျပင္တစ္ခုစီ ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္မွ မ်က္ႏွာျပင္ဟာ ေဘာင္ေပ်ာက္ ဒီဇိုင္းျဖစ္ၿပီး ၆.၃၉ လက္မ ျဖစ္ပါတယ္။ သူဟာ Super…

Vivo V11 ရဲ႕ Supernova Red ကို ေၾကညာၿပီ
Android, HUBS, Mobiles & Tablets
135 shares34 views

Vivo V11 ရဲ႕ Supernova Red ကို ေၾကညာၿပီ

Ko Thuya - Dec 11, 2018

လြန္ခဲ့တဲ့ ၂ ပတ္ေလာက္က Vivo V11 ရဲ႕ အနီေရာင္ေမာ္ဒယ္ကို ေရာင္းခ်မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ Supernova Red ကို Amazon India မွာ ေရာင္းခ်ေပးလိုက္ပါတယ္။ တရုတ္မွာေတာ့ Vivo V11 Pro အမည္ျဖင့္ ေရာင္းခ်တာ…

အသုံးျပဳသူ ၅၂.၅ သန္းရဲ႕ ေဒတာေတြ ထပ္မံေပါက္ၾကားခဲ့တာေၾကာင့္ Google+ ကို ေစာစီးစြာ ပိတ္သိမ္းမည္
Google, NEWS
250 shares70 views

အသုံးျပဳသူ ၅၂.၅ သန္းရဲ႕ ေဒတာေတြ ထပ္မံေပါက္ၾကားခဲ့တာေၾကာင့္ Google+ ကို ေစာစီးစြာ ပိတ္သိမ္းမည္

Nigma - Dec 11, 2018

(Zawgyi) ျပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက Google+ ဟာ Security Bug တခုေၾကာင့္ အသုံးျပဳသူ သန္းတဝက္ရဲ႕ ေဒတာေတြ ေပါက္ၾကားခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။ အဆိုပါျဖစ္ရပ္ျပီးေနာက္ Google+ Consumer Version ကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လအတြင္း ပိတ္သိမ္းေတာ့မွာ ျဖစ္ေၾကာင္း…

Leave a Comment

Most from this category